ATM မဲလ်ဝဲလ် ဂဲင့်အား ဗြိတိသျှ ရဲများမှ တဖြည်းဖြည်းချင်း ဖော်ထုတ်လာခြင်း


လန်ဒန်ရဲများဟာ ATM မဲလ်ဝဲလ်ဂဲင် စစ်ဆင်ရေးကို ရိုးမေးနီးယားကနေ စတင်လာပြီး တဖြည်းဖြည်းဖော်ထုတ်လာနေခဲ့ပါတယ်။ဗြိတိသျှမှ ပြောရေးဆိုခွင့်ရှိသူကတော့ "'ဒါဟာ ယူကေ ငွေထုတ်ယူတဲ့ စက်တွေက ခိုးယူသွားတဲ့ ယူရိုဒေါ်လာ ၁.၆ မီလီယံ(အမေရိကန်ဒေါ်လာ ၂ မီလီယံ) ဖြစ်ရပ်ရဲ့ တုန့်ပြန်မှုပဲ ဖြစ်ပါတယ်"လို့ပြောသွားပါတယ်။

ဂဲင့်ဟာ ကြီးမားတဲ့ လုယက်မှုတစ်ခုပါပဲ။ဒီဂဲင့်ဟာ ယူကေမှ လုပ်ပိုင့်ခွင့်ရှိတဲ့ သူတွေကို အထူးသတိပြုစေခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလ ဘဏ်ပိတ်ရက်မှာ ယူရိုဒေါ်လာ ၁.၃ မီလီယံ(အမေရိကန်ဒေါ်လာ ၁.၆၅ မီလီယံ) ဂဲင့်ဖြင့် လိမ်လည်ခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီ ခိုးယူသူအဖွဲ့ ဟာ Bognor Regid,Brighton,liverpool,London and Portsmouth မြို့တို့မှ ATMစက် ၅၁ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။
သူခိုးအဖွဲ့ ဟာ ငွေထုတ်ယူတဲ့စက်တွေကို မဲလ်ဝဲလ်တွေ ကူးစက်စေပြီး များပြားတဲ့ ငွေပမာဏကို ထုတ်ယူခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။အဲ့ဒီ မဲလ်ဝဲလ်ဟာ ကိုယ်တိုင် မိမိကိုယ်ကို ဖျက်ထုတ်ပြီး လမ်းကြောင်းကိုလည်း ဖျောက်ထားနိုင်တဲ့ ပုံမှန်လုပ်ဆောင်မှု ပါ ပါတယ်။
ဒီသူခိုးအဖွဲ့ဟာ လုံခြုံမှုအားနည်းတဲ့ ငွေထုတ်စက်တွေကို ကင်းထောက်လှမ်း ၀င်ရောက်ဖျက်စီးပြီး မဲလ်ဝဲလ်တွေကို ကူးစက်စေခြင်းကို ပြုလုပ်ပါတယ်။
ရဲတပ်ဖွဲ့ အတွက် ကံကောင်းစေခဲ့တာ တခုကတော့ သူခိုးအဖွဲ့ မှ တယောက်ကို ATMစက်မှ  လျှိုဝှက်စောင့်ကြည့်ရေး ကင်မရာက မှတ်တမ်းရိုက်ကူးထားလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။

ဒီမသင်္ကာမှုကို စုံစမ်းဖော်ထုတ်ပြီး ၂၀၁၄ နှစ်ကုန်ခါနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။တရားခံကတော့ ရိုးမေးနီးယားနိုင်ငံသားဖြစ်သူ ဂရီဂိုရီ ပလာဒီ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သူ့ ကို တရားရုံးမှ ထောင်ငါးနှစ်ချခဲ့ပါတယ်။
ပလာဒီ ပြစ်ဒဏ်ကျခံပြီးနောက်မှာတော့ အသက် ၃၆ နှစ်ရှိတဲ့ ရိုးမေးနီးယားမှ တီရိုဖေး ဘိုးတော့ ကို ဖမ်းဆီးရမိခဲ့ပါတယ်။ဘိုးတော့ကိုတော့ ၂၀၁၅ ခုနှစ် ဇူလှိုင်လမှာ လန်ဒန် လူတွန် လေဆိပ်မှာ ရဲများက ဖမ်းမိခဲ့ပါတယ်။

ဘိုးတော့ဟာ ဒီဇင်ဘာ ၂၀၁၅  ခုနှစ်မှာ ထောင်၇နှစ် ကျခံခဲ့ရပါတယ်။ဘိုးတော့ဟာ သူခိုးအဖွဲ့ မှ အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး လုံခြုံမှုအားနည်းတဲ့ ATM စက်တွေကို ရှာဖွေတိုက်ခိုက်ရတာပဲဖြစ်ပါတယ်။
၂၀၁၄ခုနှစ် ATM စက်တွေမှ ခိုးယူမှုပြီးတဲ့နောက်မှာ ထပ်ဖြစ်လာခဲ့တာကတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ  ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ခိုးယူမှုပဲဖြစ်ပါတယ်။ဒီအမှုကို ရိုးမေးနီးယားရဲတွေဟာ ထိန်းချုပ်နိုင်ခဲ့ပြီး အသက်၃၀အရွယ် အီမားနျူရယ် လက်ဟူးဆိုသူကို ရိုးမေးနီးယား အရှေ့ ပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။
နိုင်ငံအတွင်းမှ အလိုရှိနေသူဟာ ယူကေမှ အလိုရှိနေတဲ့ သူနဲ့ တထပ်တည်းကျနေပါတယ်။ဒီတရားခံကို နောက်အပတ်ထဲမှာ ယူကေကို လွဲပေးသွားမှာပါ။

သူခိုးတွေဟာ ၅ယောက်ဖြစ်ပြီး ၂နှစ်ယောက်ကတော့ ရိုးမေနီယားနိုင်ငံအတွင်းမှာ ရှိနေဆဲပါပဲ။ဥရောပနိုင်ငံရဲအဖွဲ့ တွေမှာတော့ ထိုသူနှစ်ယောက်အမည်ပါတဲ့ ၀ရမ်းရှိနေပါတယ်။

စီစဉ်တင်ဆက်သူ :: D3@D$ “I”@R ( MEHN Team )
ATM မဲလ်ဝဲလ် ဂဲင့်အား ဗြိတိသျှ ရဲများမှ တဖြည်းဖြည်းချင်း ဖော်ထုတ်လာခြင်း ATM မဲလ်ဝဲလ် ဂဲင့်အား ဗြိတိသျှ ရဲများမှ တဖြည်းဖြည်းချင်း ဖော်ထုတ်လာခြင်း Reviewed by Mr.Thein on 11:26 AM Rating: 5

No comments:

MEHN Team. Powered by Blogger.