Hacking ၏ နောက်ခံသမိုင်းအကြောင်း တစေ့တစောင်း
၁၉၆၀ ခုနှစ် အစောပိုင်းမှာ MIT's Artificial
Intelligence Lab လို ကွန်ပြူတာကြီးများသည် ဟက်ကာများ၏ ယာယီ အသုံးပြုသော ကွန်ပြူတာ
ဖြစ်လာပါတယ်။ ပထမဆုံး Hacker ဆိုတဲ့ စကားလုံးဟာ ကွန်ပြူတာကို တဖက်ကမ်းခတ် ကျွမ်းကျင်ပြီး
Program များဖြင့် လိုချင်သည့် Design ကို လုပ်နိုင်သူများအတွက် အပြုသဘောဆောင်ပြီး
ပေးထားသော နာမည်ဘဲ ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ် အစောပိုင်း ကာလတွင် John
Draper သည် တိကျရှင်းလင်းသော အသံဖြင့် Long Distance Call စံနစ်တခုကို ဖန်တီးပြီး ထို
စံနစ်ဖြင့်ပင် ဖုန်းလိုင်းများကို ဖွင့်စေရန်အတွက် ခိုင်းစေခဲ့ပါတယ်။ ကယ်လ်လီဖိုးနီးယား
ပြည်နယ်ရှိ Homebrew Computer Club ၏ အဖွဲ့ဝင် နှစ်ဦးမှ ဖုန်းစံနစ်များကို ထိုးဖောက်ရန်အတွက်
Blue Box တခုကို တီထွင်ခဲ့ပါတယ်။ ထို အဖွဲ့ဝင် နှစ်ဦးက အခြားသူတွေ မဟုတ်ပါဘူး နောက်ပိုင်းမှာ
Apple ဆိုတဲ့ တံဆိပ် ကို ထုတ်လုပ်မည့် Berkeley Blue ဘွဲ့ခံ Stave Job နှင့် Oak
Toebreak ဘွဲ့ခံ Stave Wozniak တို့ပင် ဖြစ်ပါတယ်။
၁၉၈၀ ခုနှစ် မှာဆိုရင် စာရေးဆရာ
Willian Gibson က Cyberspace ဆိုတဲ့ ဝေါဟာရ တခုကို တီထွင်ခဲ့ပြီ အဓိပ္ပါယ်ဆင်တူသော ဝေါဟာရကို
သိပ္ပံနယ်ပယ်မှာ Neuromancer လို့ခေါ်ပါတယ်။ ၁၉၈၀ ခုနှစ် နှောင်းပိုင်းမှာ အမေရိကန် ကာကွယ်ရေး
ဌာနမှ Carnegie Mellon တက္ကသိုလ်တွင် Computer Emergency Response Team ကို ဖွဲ့စည်းခဲ့ပါတယ်။
ရည်ချက်မှာ - တစ်စတစ်စ များပြားလာသော Computer Network တိုက်ခိုက်မှုများကို စုံစမ်းရန်ပင်
ဖြစ်ပါတယ်။
Hacker တဦးလို့ ထိုအချိန်တုန်းက ထင်ရှားခဲ့သည့်
Kevin Mitnick ဆိုတဲ့သူဟာ MCI နဲ့ Digital Equipment တို့ရဲ့ တရားဝင် Security E-mail
ကို လျှို့ဝှက်ထောက်လှမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Kevin Mitnick သည် Computer
ပျက်စီးစေမှု Software များ ခိုးယူမှုဖြင့် တရားစွဲခံရပြီး ထောင် တနှစ် ချခံခဲ့ရပါတယ်။
ပထမ ဆုံး Computer ဖြင့် တိုက်ခိုက်ခံရသော ဘဏ် သည် ချီကာဂိုမြို့ ရှိ National
Bank ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၀ မီလီယံကျော် ဆုံးရှုံးခဲ့ရပါတယ်။
၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ Hacker များသည်
U.S Department of Justice, U.S Airforce, CIA, NASA နှင့် အခြားသော အစိုးရဆိုင်ရာ
Websites ပေါင်းများစွာကို တိုက်ခိုက်နိုင်ခဲ့ ကြပါတယ်။ အထွေထွေမှတ်တမ်းများ၏ စာရင်းအရ
၁၉၉၀ ခုနှစ် – ၁၉၉၅ ခုနှစ် အတွင်း Hackers များသည် Computer များအား တိုက်ခိုက်မှု အကြိမ်ပေါင်း
၂၅၀,၀၀၀ ကြိမ် တိုက်ခိုက် ခဲ့ကြပါတယ်။
၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ Hackers များသည်
Microsoft ရဲ့ Windows NT Operation System ကို ထိုးဖောက်ခဲ့ပြီး အားနည်းချက် ဟာကွက်တွေကို
ထုတ်ဖော်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ခရစ္စမတ် ည မှာ Hackers များသည် နာမည်ကြီး Yahoo! ကို
"Logic Bomb" လို့ အခိုင်အမာ ကြော်ငြာလိုက်တယ်။ ဘာကြောင့် "Logic Bomb"
လို့ ပြောတာကို မထုတ်ဖော်ခဲ့ပါဘူး။ ဒါပေမယ့် Yahoo! ရဲ့ ပြောရေးဆိုခွင့်ရှိသူ
Diane Hunt က Yahoo! ဟာ Virus မဟုတ် Yahoo! မှာ Virus မရှိဘူး စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်
လို့ ပြန်တုံ့ပြန်လိုက် ပါတယ်။
18-10-2016
စီစဉ် တင်ဆက်သူ - Zaw_Nyein_Htet
Hacking ၏ နောက်ခံသမိုင်းအကြောင်း တစေ့တစောင်း
Reviewed by Myanmar Ethical Hacking News
on
5:16 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
5:16 PM
Rating:

No comments: