ဖေ့ဘုတ်ပေါ်မှာ မဖုံးနိုင်လိုက်နိုင်တဲ့ လူလိမ်
လွန်ခဲ့တဲ့ လေးနှစ်တုန်းက လုံခြုံရေးသုတေသီတစ်ယောက်ဖြစ်တဲ့
ခရစ်ရှန် ဟက်(စ)ချက် (Christian Haschek) ဟာ လုံခြုံရေးဆိုင်ရာ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရပါတယ်။
ဆုအနေနဲ့ အက်ပဲ(လ)လက်ဆောင်ကတ် (၂) ခု ရပါတယ်။ စုစုပေါင်း ဒေါ်လာ (၅၀၀) လောက်တန်တဲ့ ကတ်တွေပေါ့။
ပြီးတော့ ကာတွန်းစာအုပ်တွေလည်း ရာသက်ပန်ဖတ်ခွင့် ရပါတယ်။
ပြဿနာရှိတာက ဟက်(စ)ချက် အခြေစိုက်တဲ့နိုင်ငံဟာ
ဩစတေးလျဖြစ်နေတာပါပဲ။ ကတ်တွေက ယူအက်အတွက်ပဲ အသုံးဝင်တာပါ။ ပြီ:တော့ အက်ပဲ(လ)က ဝယ်ပြီးတဲ့ကတ်အတွက်
ငွေလည်း အစားမပေးပါဘူး။ ဝယ်တာတွေကိုလည်း တခြားနိုင်ငံကိုလည်း မပို့ပေးဘူးတဲ့။
ဒီတော့ အွန်လိုင်းကနေ အဲဒီ့ကတ်တွေကိုရောင်းဖို့
ကြိုးစားပါတယ်။ ဝယ်မဲ့သူတချို့ရှိပေမဲ့ စိတ်မချရလို့ မရောင်းချင်ပြန်ပါဘူး။ နောက်ဆုံးတော့
Reddit ပေါ်ကနေ သူ့အခက်အခဲကိုပြောပြီး လျှော့ဈေးနဲ့ရောင်းဖို့ ကြံပါတယ်။
အစပိုင်းတော့ အဆမတန် ဈေးလျှော့ခိုင်းတာတွေ
တွေ့ပါသေးတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ဝယ်လက်တစ်ယောက်ကို တွေ့လာပါတယ်။ သဘောတူတာတွေ လုပ်အပြီးမှာ
ဝယ်တဲ့သူက သူ့အိုင်ဒီကို အီးဘေးအကောင့်ကနေ ပေးပါတယ်။ အဲဒီ့အကောင့်ကလည်း စိတ်ချရကြောင်းမှတ်ချက်တွေ
ရထားတာပါ။ ကတ်တွေကလည်း ရထားတာကြာပြီ။ ထောက်ခံတဲ့သူတွေကလည်း ရှိတယ်ဆိုတော့ PIN နံပါတ်တွေကို
အီးမေး(လ)နဲ့ ပို့လိုက်ပါတယ်။ နောက်တော့မှ ကတ်တွေကို ပေးတဲ့လိပ်စာအတိုင်း ပို့ခိုင်းလိုက်ပါတယ်။
ပြီးတော့ ပို့လိုက်ကြောင်းရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း အီးမေး(လ) ထပ်ပို့ပါသေးတယ်။
အားလုံးပြီးတော့ သူရမဲ့ BTC 0.64 ရောက်အလာကို
စောင့်ပါတယ်။ ဘယ်တော့မှ ရောက်မလာတော့တဲ့ ငွေတွေပေါ့။ Reddit မှာသွားကြည့်တော့ အဲဒီ့လူက
အကောင့်တောင် ဖျက်သွားပြီ။
ဟက်(စ)ချက် တစ်ယောက် အလိမ်ခံရပြီမှန်း သိလိုက်တယ်။
ဒါပေမဲ့ လုံခြုံရေးသုတေသီဆိုတော့ သိက္ခာအကျခံလို့တော့ မဖြစ်ဘူးလေ။ ဒီတော့ ရထားတဲ့အီးဘေး
(ebay) အကောင့်ရော ဆက်ရှိ/မရှိ စုံစမ်းလိုက်တယ်။ စကားတော့ပြန်လာပါရဲ့ ... ဒါပေမဲ့ ပြောတာက
"စိတ်မရှိပါနဲ့ဗျာ ... ဒီအကောင့်နဲ့ ပေးပယ်(လ) (Paypal) အကောင့်တွေကို ဟိုအပတ်တုန်းက
သူများယူသွားတယ်။ မနေ့တနေ့ကမှ ပြန်ဆယ် (Recover) လုပ်ထားရတာ။ ခင်ဗျားပြောတာတွေ မသိလိုက်ဘူးဗျ"
ဆိုပဲ။
နာမည်တွေလိုက်စစ်ကြည့်တော့ Reddit မှာရော
အီးဘေး (eBay) မှာရော Steam မှာရော အကုန်တူတူပဲ။ သူများယူသွားတယ်ဆိုတာ မဖြစ်နိုင်မှန်း
သိလိုက်တယ်။ ဒါနဲ့ ဖေ့ဘုတ်ပေါ်ကနေ သူသုံးတဲ့နာမည်ကို လိုက်ရှာကြည့်တော့ tag တွဲထားတဲ့
ပို့(စ်)တစ်ခုကို တွေ့တယ်။ သူကတော့ ပို့(စ်) သိပ်မတင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းကတော့
Public ထားပြီး တစ်နေ့သုံးခါလောက် ပို့(စ်) (Post) တွေ တင်တယ်လေ။ ဒါနဲ့ လိုက်ရှာကြည့်တော့
သူငယ်ချင်းတစ်ခု ဂိမ်းကစားနေတဲ့ ပုံတစ်ခုကို ထပ်တွေ့တယ်။ အဲဒီ့မှာ လူလိမ်ရဲ့မျက်နှာကို
သိလိုက်တယ်။ နာမည်မှန်ကို သိလိုက်တယ်။ ဖေ့ဘုတ်ပေါ်ကနေ ထပ်ရှာတော့ သူ့အမေ၊ သူ့အဖေ၊ အစ်ကိုအပြင်
ဝမ်းကွဲမောင်နှမတွေပါ သိသွားတယ်။
ဖြစ်စဉ်အသေးစိတ်ကိုရေးပြီး အစ်ကိုနဲ့ အမေဆီကို
စာပို့လိုက်တယ်။ သူတို့သားကတော့ တစ်ပတ်ရိုက်သွားတယ်ပေါ့။ အသက်ကလည်း (၂၂) ပဲရှိသေးတော့
တက်လမ်းတွေရှိသေးတာမို့ ရဲကို မတိုင်ချင်ပါဘူးပေါ့။
ဆယ်မိနစ်လောက်လည်းကြာရော Reddit ပေါ်ကနေ
အကောင့်သစ်တစ်ခုက စာရောက်လာရော။ သူ့က ငယ်သူမို့ မသိတာပါ။ သူ့မှာ ဒေါ်လာ ၄၇၇ ရှိတဲ့ အက်ပဲ(လ)
(Apple) လက်ဆောင်ကတ် ရှိပါတယ်၊ အဲဒါကို ပေးပါ့မယ်။ ယူထားတဲ့ ကတ်နှစ်ခုထဲက တစ်ခုကတော့
သုံးလိုက်ပြီ။ မသုံးရသေးတဲ့ကတ်ကို ပြန်ပေးပါ့မယ်၊ လျှောက်မတိုင်ပါနဲ့။ BTC လည်း မရှိပါဘူး။
အတန်းချိန် (၆) ချိန်နဲ့မို့ အလုပ်မရှိတဲ့ ကျောင်းသားပါ၊ တောင်းပန်ပါတယ် .... ဘာညာနဲ့
တောင်းပန်စာတစ်စောင်ပေါ့ဗျာ။
ဟက်(စ) ချက်ကတော့ ငွေလည်းမလိုချင်တော့ဘူး။
ကတ်လည်း မလိုချင်တော့ဘူး။ နဂိုက ဈေးညှိထားတဲ့အတိုင်း BTC နဲ့ပဲ ယူမယ်လို့ ပြောလိုက်တယ်။
ပြီ:တော့ သူ့အမေနဲ့ သူ့အစ်ကိုဆီပို့ထားတဲ့ စာတွေကိုလည်း ဖျက်ပေးလိုက်တယ်။
သူတို့ဇာတ်လမ်းကတော့ ဒီမှာပြီးပါပြီ။ ဒါပေမဲ့
ကျန်နေတာကတော့ သင်ခန်းစာပါ။ ဘယ်လောက်ပဲ သတင်းအချက်အလက်လုံခြုံရေးကို ထိန်းသိမ်းတယ်ပြောပြော၊
မထိန်းသိမ်းတဲ့သူတွေဆီကနေ ပေါက်ကြားသွားနိုင်တာ သဘာဝပါ။ အင်တာနက်ပေါ်က ဒစ်ဂျစ်တယ်ခြေရာတွေကနေ
ကိုယ်ဟာဘယ်သူပါ ဆိုတာကို အလိုလို အဖြေပေးသွားနိုင်ပါတယ်။ Tag လုပ်တာနဲ့ပတ်သက်ပြီး ကန့်သတ်လို့ရတဲ့
Setting တွေ ဖေ့ဘုတ်မှာရှိပါတယ်။ အချိန်နဲနဲလောက်ပေးပြီး Account Setting ကို လေ့လာကြည့်မယ်ဆိုရင်
အကျိုးရှိနိုင်ကြောင်း အကြံပြုလိုက်ရပါတယ်။
28-10-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
ဖေ့ဘုတ်ပေါ်မှာ မဖုံးနိုင်လိုက်နိုင်တဲ့ လူလိမ်
Reviewed by Myanmar Ethical Hacking News
on
7:02 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:02 PM
Rating:

No comments: