Credit Card အချက်အလက်များ ခိုးယူခံရခြင်း
၃၂၄,၀၀၀ ပမာဏခန့်ရှိသော အသုံးပြုသူများ၏
Credit Card အချက်အလက်များ ခိုးယူခံခဲ့ရပါတယ်။ BlueSnap သို့မဟုတ် Regpack တို့မှ ခိုးယူခံခဲ့ရခြင်းဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီများသည်လည်း အချက်အလက်များ ခိုးယူခံခဲ့ရကြောင်းကို ၀န်ခံခဲ့ပြီးဖြစ်ပါတယ်။
BlueSnap ဆိုသည်မှာ ရောင်းသူနှင့် ၀ယ်သူအကြေား
ဆက်သွယ်ပေးသော ငွေကြေး ဖလှယ်ခြင်းဆိုင်ရာ Payment Gateway တစ်ခုဖြစ်သည်။ RegPack ဆိုသည်မှာ
BlueSnap Payment Gateway ကို အသုံးပြုပြီး ငွေလွှဲခြင်း / ငွေလက်ခံခြင်း စသည့်လုပ်ငန်းများကို
လုပ်ဆောင်ပေးသော ငွေကြေးဝန်ဆောင်မှူ့ဆိုင်ရာ လုပ်ငန်းစဉ် ဖြစ်သည်။
အချက်အလက်များ ပေါက်ကြားကြောင်းကို
Hacker သည် Twitter ပေါ်တွင် ဂျူလိုင်လ ၁၀ ရက်နေ့ မတိုင်ခင် ကတည်းမှ ဖော်ပြခဲ့ပါတယ်။
အသုံးပြုသူပေါင်း ၃၂၄,၀၀၀ ခန့်၏ Credit Card အချက်အလက်များ ရရှိထားပြီဟု Twitter ပေါ်တွင်
ရေးသားထားခဲ့သည်။ ထို အချက်အလက်များကို ၀ဲလ်သမ်မြို့ မန်ဆာချူးဆက် အခြေစိုက် BlueSnap အား ထိုးဖောက် တိုက်ခိုက်ပြီး
ရယူသွားခြင်း ဖြစ်သည်။
တိုက်ခိုက်သူသည် Twitter ပေါ်တွင် တင်ထားခဲ့သော သတင်းစာတိုကို
ဖျက်သွားခဲ့သော်လည်း သြစတြေးလျ လုံခြုံရေး နည်းပညာရှင် တြိုင်ဟန့် မှ မြင်တွေ့သွားခဲ့ပြီး
ပုံတူပွားကာ သိမ်းဆည်းထားခဲ့သည်။ ထို့နောက် အဆိုပါ သတင်းစကားတို မှန် / မမှန်ကို စစ်ဆေးရန်အတွက်
ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေး စမ်းသပ်မှူ့များအပြီးတွင် အချက်အလက်များ
ခိုးယူခံရခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။
ခိုးယူခံရသော အချက်အလက်များတွင် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်
အသေးစိတ်များအပြင် Credit Card အချက်အလက်များ နှင့် Credit Card လှို့ဝှက်ဂဏန်း
CVV တို့ပါဝင်ခဲ့သည်။ ခိုးယူခံခဲ့ရသော အသုံးပြုသူများမှာ မတ်လ ၁၀ ရက် ၂၀၁၄ ခုနှစ်မှ
မေလ ၂၀ ရက်နေ့ ၂၀၁၆ အကြားတွင် မှတ်ပုံတင်ထားသူများ ဖြစ်သည်။
တြိုင်ဟန့် ၏ အစီရင်ခံစာထဲတွင် “Have I Been
Pwned (https://haveibeenpwned.com/) အချက်အလက်များ ပေါက်ကြားခြင်းဆိုင်ရာ သတိပေးသည့်
ဝန်ဆောင်မှူ့ ၀က်ဘ်ဆိုက် (Website) တွင် BlueSnap မှ လာသော အချက်အလက်များကို အခြေခံပြီး
ဖော်ထုတ်ထားချက်များကို တွေ့ရှိရပါတယ်” လို့ ဖော်ပြထားပါတယ်။
RegPack သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး BlueSnap Payment Gateway ကို အသုံးပြုထားသည့်အတွက်
RegPack အသုံးပြုသူများ၏ အချက်အလက်များသည်လည် ပေါက်ကြားသည့် စာရင်းထဲတွင် ပါဝင်နေမည်ကို
ခန့်မှန်းမိကြောင်းလည်း ထပ်လောင်း ပြောဆိုထားပါတယ်။
တိုက်ခိုက်သူများသည် BlueSnap ၏ Database System ကို ထိုးဖောက် တိုက်ခိုက်ပြီး
အချက်အလက်များကို ရယူသွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်သူများထဲတွင် ၀ါရင့် လုံခြုံရေး
နည်းပညာရှင်ပေါင်း မြောက်များစွာ ပါဝင်ပတ်သက်နေကြပါသည်။
အကောင့်များ ကိုယ်ရေးအချက်အလက်များ စသည်တို့သည်
နေ့စဉ်နှင့် အမျှ ဖွင့်ချခံရခြင်း တိုက်ခိုက်ခံရခြင်း စသည့်တို့ဖြင့် အမြဲ ကြုံတွေ့နေရမည်ဖြစ်သည်။
မိမိကိုယ်တိုင် မပြုလုပ်သော်လည်း မှတ်ပုံတင်ထားခဲ့သော ကုမ္ပဏီများ၏ လုံခြုံရေး အားနည်းချက်များကြောင့်လည်း
အချက်အလက်များ ပေါက်ကြားနိုင်ပါသည်။
အချက်အလက်များ ပေါက်ကြားခြင်းကို ကာကွယ်ရန်အတွက်
အောက်ပါအချက်များကို လိုက်နာရမည်ဖြစ်သည်။
·
လုံခြုံရေး ခိုင်မာမှူ့မရှိသော
Websites များတွင် မှတ်ပုံတင် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
·
မသကာင်္သော Websites များတွင်
မှတ်ပုံတင်ပြုလုပ်ရန်အတွက် Email လိပ်စာ သပ်သပ် ပြုလုပ်ထားပါ။
·
လုပ်ငန်းသုံး သို့မဟုတ်
ကိုယ်ရေးကိုယ်တာ နှင့် အရေးကြီးသော အချက်အလက်များအတွက် အသုံးပြုသော Email လိပ်စာအား
နေရာတိုင်း အသုံးမပြုသင့်ပါ။
·
မှတ်ပုံတင်ထားသော ကုမ္ပဏီကို
တိုက်ခိုက်ခံရသည်ဟု သတင်းရပါက ချက်ချင်း လှို့ဝှက်ဂဏန်းများကို ပြောင်းလဲပါ။
အချက်အလက်များ ခိုးယူမခံရစေရန်အတွက် အင်တာနက်အသုံးပြုသည့်အခါ
အင်တာနက်ဆိုင်ရာ လုံခြုံရေး ဗဟုသုတများ ရှာမှီးထားပြီး သေချာစွာ ဂရုတစိုက် အသုံးပြုကြပါစေကြောင်း
အစီရင်ခံ ဖော်ပြလိုက်ရပါတယ်ခင်ဗျာ…
2-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Credit Card အချက်အလက်များ ခိုးယူခံရခြင်း
Reviewed by Myanmar Ethical Hacking News
on
7:12 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:12 PM
Rating:

No comments: