လျို့ဝှက် သတင်းအချက်အလက်များ ပေါက်ကြားမှုနှင့် ပက်သတ်ပြီး NSA အဖွဲ့သားတစ်ဦး ထိန်းသိမ်းခံခဲ့ရ



FBI (Federal Bureau of Investigation) မှ သတင်းအချက်အလက်များစွာ ခိုးယူခံရမှုနဲ့ ပက်သတ်ပြီး NSA (National Security Agency) အဖွဲ့ဝင်များကို လျို့ဝှက်စွာ ရှာဖွေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ တရားရုံးမှ ဟရိုဒ် သောမက်စ် မာတင် (Harold Thomas Martin) အသက် ၅၁ နှစ်အား  အစိုးရသတင်းအချက်အလက်များ ၊ NSA မှ အခြားသော အစိုးရအဖွဲ့များကို Hack တိုက်ခိုက်ထားသည့် မှတ်တမ်းဖိုင်များ ၊ လှို့ဝှက် Source Code များကို ခိုးယူမူ့နဲ့ စွဲချက်တင်ထားပါတယ်။

တရားရေးဆိုင်ရာ၏ အကြီးအကဲဖြစ်သော ဂျွန် ကာလင်း (John Carlin) မှ နည်းပညာလုံခြုံရေးဆိုင်ရာ အကြံပေး ကုမ္ပဏီဖြစ်သော Booz Allen Hamilton အရ မာတင် ကို အလုပ်ခန့်ခဲ့ပါတယ်။ ထို ကုမ္ပဏီသည် အက်ဒ်ဝက်ဒ် ဂျိုးဆက် စနိုဒင် (Edward Joseph Snowden) အလုပ်လုပ်ခဲ့သော ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

Martin ၏ အမှူ့ကို FBI မှ အချက်အလက်များ ခိုးယူခံရမှုအပါအဝင် Source Code များစွာ ရယူခံရသည့် အမှူ့များကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ ထို့အပြင် မာတင်သည်  Russia, China, Iran, North Korea နှင့် တခြားသော အမေရိကန်နိုင်ငံအတွင်းရှိ အရေးကြီးသော ကုမ္ပဏီများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ် ရေးသားထားသော တိုက်ခိုက်ခြင်း နှင့် သက်ဆိုင်သော Source Code များထဲမှ အချို့ကိုလည်း ဖွင့်ချခဲ့တယ်လို့ The New York Time သတင်းစာမှာ ဖော်ပြထားပါတယ်။

မာတင် ကို သြဂုတ်လ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ FBI ရဲတပ်ဖွဲ့ဝင်များသည် မာတင် နေထိုင်သည့် အိမ်ရှိ ကားဂိုဒေါင်နှင့်  တခြားနေရာများကိုပါ ရှာဖွေခဲ့တာပါ။ ရှာဖွေမှူ့အပြီးမှာတော့ အထူးရဲတပ်ဖွဲ့ဝင် ဂျေရီမီ ဘာကူလို (Jeremy Bucalo) မှ “ကျွှန်တော်တို့ မာတင်ရဲ့ အိမ်နှင့် အခြားသော နေရာများကို သေချာ နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ပါတယ်။ သူ့အိမ်မှာ Digital ပစ္စည်းအမြောက်အများ ၊ စာရွှက်စာတမ်းများ ၊ ကွန်ပြူတာထဲတွင် မှတ်တမ်းတင် သိမ်းဆည်းထားသော အစိုးရနှင့် သက်ဆိုင်သော တရားမ၀င် အကြောင်းအရာများ မြောက်များစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မာတင်သည် ကျူးလွန်ခဲ့သော ပြစ်မှူ့များအတွက် တရားရင်ဆိုင်နေလျှက်ရှိပြီး အပြစ်ရှိကြောင်း ခိုင်မာစွာ သက်သေပြနိုင်ခဲ့ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

13-10-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
လျို့ဝှက် သတင်းအချက်အလက်များ ပေါက်ကြားမှုနှင့် ပက်သတ်ပြီး NSA အဖွဲ့သားတစ်ဦး ထိန်းသိမ်းခံခဲ့ရ လျို့ဝှက် သတင်းအချက်အလက်များ ပေါက်ကြားမှုနှင့် ပက်သတ်ပြီး NSA အဖွဲ့သားတစ်ဦး ထိန်းသိမ်းခံခဲ့ရ Reviewed by Myanmar Ethical Hacking News on 4:28 PM Rating: 5

No comments:

MEHN Team. Powered by Blogger.