Linux Distros များအတွက် Malware
ခေါင်းစဉ်ကို ကြည့်ပြီး Linux အသုံးပြုသူများအတွက်
အတော်လေးကို ဆန်းကြယ်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားသည်ဟု ထင်မြင်မိလိမ့်မည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အများအားဖြင့် Linux များအတွက် Malwares များ ၊ Virus များသည်
မရှိသလောက် ရှားသည်ဟု အတော်များများ သိထားသောကြောင့် ဖြစ်ပါတယ်။ Linux အတွက်
Malwares တွေ ၊ Virus တွေက လုံးဝ မရှိတာမျိုး မဟုတ်ပါဘူး ရှိပါတယ် ဒါပေမယ့် ရှားနေတာပါ။
ဘာကြောင့်ရှားရတာလဲဆိုတော့ Linux သည် Open Source ဖြစ်သည့် အတွက်ကြောင့် ကမ္ဘာတ၀ှမ်းမှာ
Linux Developer တွေ ရှိပါတယ်။ Linux အတွက် Virus ဒီနေ့ထွက် နောက်နေ့ အဲ့ Virus အတွက်
ဖြေရှင်းပြီးသားပါဘဲ။ ဒါကြောင့် Linux အတွက် Virus ရေးလည်း ရေးသားသူများအတွက် အကျိုးမထူးသည့်အတွက်
မရေးသားတော့ခြင်းကြောင့် Linux အတွက် Malware , Virus စတာတွေ ရှားပါးရခြင်းဖြစ်ပါတယ်။
Windows များအတွက်ကိုတော့ Microsoft မှ ထိန်းချူပ်ထားပါတယ်။ Open Source မဟုတ်သည့်အတွက်
Windows System တစ်ခုခုဖြစ်ပါက အတွင်းပိုင်းထဲအထိ ၀င်ရောက်ပြင်ဆင်ခွင့်မရှိပေ။ ထို့ကြောင့်
Malware ရေးသားသူများသည် အဓိကအားဖြင့် Windows OS များအတွက် ရေးသားကြပါတယ်။
Malware များကို ရေးသားတယ်ဆိုတာ ထို
Malware များမှ တဆင့် တရားမ၀င်သော ငွေကြေးတွေကို ဖန်တီးချင်လို့ပါ။ Malware တစ်ခု အောင်မြင်သွားပြီဆိုတာနှင့်
အမေရိကန် ဒေါ်လာကို ဘီလီယံနဲ့ ချီပြီးတော့ကို ၀င်ငွေရမှာပါ။ ဥပမာ တစ်ခုတွက်ပြပါ့မယ်
- ကြော်ငြာ Adware တစ်ခုဆိုပါစို့ ကြော်ငြာတစ်ခုပေါ်တိုင်း Malware ရေးသားသူက အမေရိကန်ဆင့်
၁၀ (မြန်မာလိုဆို ၁၀ ပြား) ရတယ်ဆိုကြပါစို့။ သူ့ Adware မှာ ကြော်ငြာ ၅ ခုလောက်တက်အောင်
လုပ်ထားမယ်ဆိုရင် တစ်ကြိမ်မှာ အမေရိကန်ဆင့် ၅၀ ရသွားပြီး Adware မိတဲ့လူက Browser တွေ
အများကြီးဖွင့်မယ် တစ်နေကုန်အသုံးပြုမယ်ဆိုရင် ဘယ်လောက်ရသွားမလဲ။ ထားပါတော့ ကွန်ပြူတာ
တစ်လုံးအတွက် တစ်ရက်ကို ၁ ဒေါ်လာဘဲ ၀င်တယ်ဆိုပါစို့ ကွန်ပြူတာ အလုံးပေါင်း ၁၀၀၀ လောက်ဆိုရင်ကိုဘဲ
တစ်ရက်ကို ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ရှိပါတယ်။ ဖြစ်နိုင်ပါ့မလားလို့ ကတ်သီးကတ်သပ်
မေးစရာရှိပါတယ်။ တစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ လောက်ကို မပြောပါနှင့် ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုလ်ကြီးတွေကို သွားကြည့်လိုက်ပါ တစ်စက္ကန့်ဝင်ငွေတင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ အထက်
ဝင်ငွေရှိတဲ့လူတွေ အများကြီးကို ရှိပါတယ်။ ဒါကြောင့် တစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀
ဆိုတာ အများကြီး ဖြစ်နိုင်ချေရှိပါတယ်။
ထူးထူးခြားခြားဖြစ်စဉ်ဖြစ်သည့် Linux အတွက်
Malware ကို MalwareMustDie မှ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ Malware အမည်ကတော့ udp.lua
ဖြစ်ပါတယ်။ အဆိုပါ Malware ကို LUA Language ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
Malware သည် System အတွင်းရှိ DNS Query များကို ရှာဖွေနိုင်ပြီး လိုချင်သည့် နေရာသို့
ရောက်အောင် ပို့လွှတ်ပေးနိုင်ပါသည်။ ထို အချက်အလက်များကို တိုက်ခိုက်သူများက ရရှိပါက
System ကို ထိုးဖောက်သွားနိုင်မည် ဖြစ်သည်။
တိုက်ခိုက်မှူ့များသည် အစဉ်အမြဲ ဖြစ်ပေါ်နေလေ့ရှိသည်။
Malware များဖြင့် တိုက်ခိုက်နိုင်သည့် အခွင့်အရေး အနည်းဆုံး ဖြစ်သည့် Linux အတွက်ပင်
တိုက်ခိုက်သည့် နည်းလမ်းများ နည်းစံနည်းများ မြောက်များစွာရှိသည်။ Malware များဖြင့်
တိုက်ခိုက်နိုင်သည့် အခွင့်အရေးများသော System စံနစ်များဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။
ထို့ကြောင့် အသုံးပြုသည့် System စံနစ်များ ၊ ကွန်ပြူတာများကို သေချာစွာ ကာကွယ်ထားရမည်ဖြစ်ပြီး
သတိရှိရှိဖြင့် အသုံးပြုရမည် ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျာ…
12-10-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Linux Distros များအတွက် Malware
Reviewed by Myanmar Ethical Hacking News
on
8:25 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:25 PM
Rating:

No comments: