Zapya မလိုဘဲနှင့် File Share နည်း



Zapy  တို့ Xender တို့အကူအညီမပါဘဲ ဖုန်းနဲ့ကွန်ပြူတာကို ဘယ်လို  File Sharing လုပ်ကြမလဲ?။ ရိုးရိုးလေးပါပဲ။ ဖုန်းနဲ့ ကွန်ပြူတာ ၂ ခုစလုံးဟာ OS တွေဖြစ်တဲ့အတွက်ကြောင့် OS ၂ ခုကို File Share လုပ်ဖို့အတွက် တဖက်က Server ထောင်မယ်။ တစ်ဖက်ကတော့ Client အနေဖြင့် File တွေကို ဝင်ပြီး Access လုပ်နိုင်ပါတယ်။ အဲတော့ ဘယ်စက်က Server ထောင်ပြီး ဘယ်စက်က Client လုပ်ရမလည်း။ ဒါကလည်း သိပ်ပြီးစဉ်းစားနေစရာမလိုပါဘူး။ OS ၂ မျိုးစလုံးမှာ Server ရော Client ရောအတွက် App တွေအလွယ်ရရှိနိုင်ပါတယ်။ ယခုပို့စ် မှာတော့ Android ဘက်မှာ FTP Server ထောင်ပြီး Computer ဘက်ကနေ Client အနေဖြင့် ဝင်ရောက်သုံးစွဲမှုကို ဖော်ပြပေးသွားပါ့မယ်။

Android အတွက် FTP Server ကို အောက်ပါလင့်မှာရယူနိုင်ပါတယ်။


Filezilla Client ကိုအောက်ပါလင့်မှာရယူနိုင်ပါတယ်။ (For Window)

sourceforge.net/projects/filezilla/files/FileZilla_Client/3.22.1/FileZilla_3.22.1_win32-setup.exe/download

(For Linux Debian)

sudo apt-get install filezilla

Step 1
ပထမအဆင့်အနေနဲ့ ဖုန်းကနေ  Hotspot ထောင်ပြီး ကွန်ပြူတာဘက်ကနေ ချိတ်ပေးရပါ့မယ်။ အဲဒီနောက်မှာ Android FTP Server ကိုဖွင့်ပါ။
ပုံ - ၁




  
Step 2
ဒုတိယအဆင့်အနေနဲ့ ဖွင့်ထားတဲ့ FTP Server ရဲ့ Power အနီရောင် Sign ကိုနှိပ်ပြီး Android FTP Service ကိုဖွင့်ပေးပါ။
ပုံ - ၂





 Step 3
အခုလိုဖွင့်ပေးလိုက်တာနဲ့တပြိုင်နက် Power Sign ဟာ အစိမ်းရောင်အဆင့်ကို ပြောင်းလဲပေးသွားပြီး File Sharing အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
ပုံ - ၃





 Step 4
ကွန်ပြူတာမှာ Filezilla ကို Install လုပ်ပြီး အဆင့် ၃ မှာပါတဲ့ပုံထဲကအတိုင်း IP ၊ Port ၊ Username၊ Password တို့ကိုမှန်မှန်ကန်ကန်ဖြည့်ပေးလိုက်ပြီး Connect လုပ်ပေးလိုက်ပါ။
ပုံ - ၎




Step 5
အခုလိုဆိုရင်တော့ ကျနော်တို့ကွန်ပြူတာကနေ ဖုန်းဆီသို့ File များကို Upload ၊ Download လုပ်ခြင်းဖြင့် Zapya တို့ကဲ့သို့ File Share ပြုလုပ်နိုင်ပါပြီ။ အကယ်၍ Username၊ Password၊ Port၊ File Sharing Location များကို ပြောင်းလဲမှုများပြုလုပ်ပေးချင်ပါကလည်း Android FTP Server ရဲ့ Setting ထဲမှာပြုလုပ်ပေးနိုင်ပါတယ်။
ပုံ - ၅


26-10-2016
စီစဉ် တင်ဆက်သူ - Fr!d@y (MEHN Team)

Zapya မလိုဘဲနှင့် File Share နည်း Zapya မလိုဘဲနှင့် File Share နည်း Reviewed by Myanmar Ethical Hacking News on 7:47 PM Rating: 5

No comments:

MEHN Team. Powered by Blogger.