ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခြင်း



ဒီဆောင်းပါးမှာတော့ အချက်အလက်တွေ မည်သည့် နည်းလမ်းဖြင့် ပေါက်ကြားကြသလဲ ဆိုတာကို ဖော်ထုတ် တင်ပြပေးမှာဘဲ ဖြစ်ပါတယ်။ အချက်အလက်တွေ ပေါက်ကြားခြင်း နည်းလမ်းများကို ခွဲခြမ်း စိတ်ဖြာရမယ်ဆိုရင် မိမိကြောင့် ပေါက်ကြားခြင်းနှင့် System များ၏ အားနည်းချက်ကြောင့် ပေါက်ကြားခြင်းဆိုသည့် အပိုင်းကြီး နှစ်ပိုင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထို အပိုင်းကြီး ၂ ပိုင်းအကြောင်းကို အကျယ်တ၀ံ့ ဆွေးနွေး တင်ပြလိုပါတယ်။

မိမိ၏ အားနည်းချက်ကြောင့် အချက်အလက်များ ပေါက်ကြားခြင်း

မိမိကြောင့် ပေါက်ကြားခြင်းဆိုသည့် အပိုင်းတွင် အသုံးပြုသူများ၏ အားနည်းချက်ကြောင့် ပေါက်ကြားခြင်း ဖြစ်ပါတယ်။ တိုက်ခိုက်သူများသည် နေရာတိုင်းတွင် ရှိပြီး သားကောင်များကို စောင့်ကြည့်နေကြပါတယ်။ အချက်အလက်များကို တိုက်ခိုက်ရယူနိုင်သည့် နည်းလမ်းပေါင်း များစွာရှိပါတယ်။ ထိုနည်းလမ်းပေါင်း များစွာထဲမှာ Phishing ဟုခေါ်သော ဖြားယောင်းပြီး မျှား၍ ထောင်ဖမ်းခြင်း နည်းလမ်းသည် အလွန်ပင် ထင်ရှားကျော်ကြားလှသော နည်းလမ်းတစ်ခုဖြစ်သည်။ အချို့ နေရာများတွင် Username နှင့် Password လောက်သာ ပါသွားနိုင်သော်လည်း တကယ့် Professional Hacker များအနေဖြင့် အချက်အလက်များအားလုံး ရယူသွားနိုင်သည့်အထိ Phishing Website များကို ဖန်တီးထားတတ်ကြပါတယ်။ ဖြားယောင်းပြီး မျှား၍ ထောင်ဖမ်းခြင်း နည်းလမ်းတွင် နည်းပညာအရ မျှားခြင်းသာမဟုတ်ဘဲ Psychological စိတ္တဗေဒနည်းအရ လူတို့၏ လောဘစိတ်များ အပေါ်တွင်လည်း မူတည်လုပ်ဆောင်ကြပါတယ်။ Professional Hackers ကြီးများသည် နည်းပညာများသာမက Psychological စိတ္တဗေဒနည်းလမ်းများကိုလည်း ကျွှမ်းကျင်စွာ တတ်မြောက်ထားကြပါတယ်။ လူတစ်ဦးနှင့် တစ်ဦးမတူကြပါ အချိကြိက်ခြင်း အချဉ်ကြိုက်ခြင်း အစပ်ကြိုက်ခြင်း လောဘကြီးခြင်း ဒေါသကြီးခြင်း မောဟကြီးခြင်း ကြောက်တတ်ခြင်း အားငယ်တတ်ခြင်း မနာလိုတတ်ခြင်း ၀န်တိုတတ်ခြင်း ဆတ်ဆတ်ထိမခံတတ်ခြင်း တုန့်ပြန်တတ်ခြင်း အားနာတတ်ခြင်း သနားတတ်ခြင်း ကြင်နာတတ်ခြင်း အတ္တကြီးခြင်း မာနကြီးခြင်း မာန်ကြီးခြင်း စသည့် စိတ်အမျိုးမျိုးရှိပါသည်။ အခြားသော စိတ်များ ကွဲပြားခြားနားသော်လည်း လူတိုင်းတွင် လောဘစိတ်ရှိသည်ဟူသော အချက်သည် ငြင်းမရသော လောကနိယမ အမြဲမှန်ကန်နေသော အချက်ဖြစ်သည်။ Professional Hackers များသည် ထိုအချက်ကို ကောင်းကောင်းသိကြပါသည်။ တိုက်ခိုက် ခံရသောသူ အများစုသည် လောဘစိတ်ကြောင့် ထောက်ချောက်အတွင်း သက်ဆင်းမိမှန်းမသိ သက်ဆင်းမိရက်သားဖြစ်ရသည့် ဖြစ်ရပ်များကို ကြုံတွေ့ကြရသည်။ Hackers များသည် ထီ သို့မဟုတ် ကံစမ်းမဲ စသည့်များကို မဲဖောက်ပေးမည်ဟုသော Website များကို ပြုလုပ်ပြီး ကံစမ်းချင်ပါက အချက်အလက်များကို ဖြည့်သွင်းရမည့် နေရာများကို ဖန်တီးပေးထားတတ်ပါတယ်။ စာချစ်သူများက Website ကို တကယ့် အစစ်အမှန်လား အတုလား သေချာစွာ ခွဲခြမ်း စိတ်ဖြာခြင်း မပြုဘဲ အချက်အလက်များကို ဖြည့်သွင်းလိုက်မည်ဆိုပါက ထို အချက်အလက်များသည် တိုက်ခိုက်သူများလက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ဖြားယောင်းပြီး မျှား၍ ထောင်ဖမ်းခြင်း နည်းလမ်းတွင် Websites များကို အတုအယောင် ဖန်တီးခြင်းသာမက Email အတုအယေင်များ ဖန်တီးခြင်း နှင့် Software အတုအယောင်များ ဖန်တီးခြင်း စသည်တို့ကို လုပ်ဆောင်ပြီး တိုက်ခိုက်နိုင်ပါသည်။ တိုက်ခိုက်သူများ ဖန်တီးထားသော Websites အတုများကို ၀င်မိခဲ့မယ် Software အတုများကို Installation ပြုလုပ်မိမယ်ဆိုရင် စာချစ်သူများ၏ အချက်အလက်များ တပါးသူလက်ထဲသို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ထိုသို့မဖြစ်အောင် အင်တာနက် အသုံးပြုသည့်အခါ သေချာစွာ သတိထားပြီး အသုံးပြုသင့်ပါတယ်။ ဒါကတော့ မိမိကြောင့် အချက်အလက်များ ပေါက်ကြားရသည့် အကြောင်းရင်းပါ။ နောက်တစ်ချက်ကတော့ System များ၏ အားနည်းချက်ကြောင့် ပေါက်ကြားခြင်း ဆိုသည့် အပိုင်းကို ဆက်လက် ဆွေးနွေး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။




Systems များ၏ အားနည်းချက်ကြောင့် အချက်အလက်များ ပေါက်ကြားခြင်း

တစ်ခါတစ်ရံ မှာ မိမိက ဘယ်လောက်ပင် သတိရှိရှိ ဗဟုသတရှိရှိ လုံခြုံအောင် ထားထား Systems များ၏ အားနည်းချက်များကြောင့်လည်း အချက်အလက်များ ပေါက်ကြားနိုင်ပါတယ်။ Systems များ၏ အားနည်းချက်များဆိုသည်မှာ System များကို ထိန်းချူပ်သော Administrators များ၏ သတိမမူမိသော အချက်များဖြစ်သည်။ ယုံကြည့်စိတ်ချရသည်ဟု ထင်ရသော Websites များဖြစ်သည့် Linkedin , Yahoo , VK , ebay , Amazon စသည့် Websites များ Social Media များတွင် အသုံးပြုသူများသည် ယုံကြည် စိတ်ချစွာ အချက်အလက်များကို ပေးလျှက်ရှိသည်။ တိုက်ခိုက်သူများသည် ထို Websites များ Social Media များကို ထိုးဖောက်နိုင်သောအခါ မိမိ၏ အချက်အလက်များပါ ရယူသွားမည်ဖြစ်သည်။ Systems များ၏ လုံခြုံရေး အားနည်းချက်များကြောင့် အချက်အလက်များကို ရယူနိုင်သွားခဲ့ခြင်းဖြစ်သည်။ Systems များ၏ အားနည်းချက်များမှာ များစွာ ဖြစ်နိုင်ပါသည်။ Administrators များ၏ သတိမမူမိသောအချက်များ၊ အသုံးပြုသော ပစ္စည်းကိရိယာများ၏ ကာကွယ်ပေးနိုင်မှူ့ အရည်အသွေး ၊ ဖွဲ့စည်းတည်ဆောက်ပုံ အားနည်းခြင်း စသည်တို့ကြောင့်ဖြစ်သည်။ Linkedin ကို တိုက်ခိုက်ခြင်းခံရသည့် အခါကဆိုလျှင် Passwords များတွင် ထည့်သွင်းအသုံးပြုသော ၀ှက်စာသွင်းစံနစ် အားနည်းခြင်းကြောင့် တိုက်ခိုက်သူများမှ Linkedin အကောင့်များ၏ Password စကားဝှက်များကို ရရှိသွားခြင်း ဖြစ်သည်။ တိုက်ခိုက်သူများမှ ထိုးဖောက်ခဲ့သော Websites များနှင့် အချက်အလက်များ ရယူနိုင်ခဲ့သော ပမာဏကို အောက်တွင် ဖော်ပြပေးထားပါသည်။

Rambler.ru - 98,167,935 users
Btc-E.com - 568,355 users
BitcoinTalk.org - 499,593 users
Last.fm - 43,570,999 users
Dropbox.com - 68,680,737 users
Cfire.mail.ru - 12,881,787 users
Parapa.mail.ru (Main game) - 5,029,530 users
Parapa.mail.ru (Forum) - 3,986,234 users
Tanks.mail.ru - 3,236,254 users
ExpertLaw.com - 190,938 users
TheSecretWorld.com (FR) - 143,935 users
TheSecretWorld.com (DE) - 144,604 users
TheSecretWorld.com (EN) - 227,956 users
PpcGeeks.com - 490,004 users
LongestJourney.com - 11,951 users
GamesForum.com - 109,135 users
FreeAdvice.com - 487,584 users
Anarchy-Online.com - 75,514 users
AgeOfConan.com - 433,662 users
EpicGames.com - 277,944 users

ဖော်ပြပါ စာရင်းပါ အချက်အလက်များကို ကြည့်မယ်ဆိုရင် အသုံးပြုသူပေါင်း မည်မျှ ပါဝင် နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ မှတ်တမ်းမှတ်ရာ ရက်စွဲအနေဖြင့် အောက်တွင် ဆက်လက် ဖော်ပြပေးထားပါသည်။

September 6th, 2016 - Rambler.ru
September 1st, 2016 - Bitcointalk.org and Btc-E.com
September 1st, 2016 - Last.fm
August 24th, 2016 - Sites hosted by mail.ru
August 16th, 2016 - SocialBlade.com
August 9th, 2016 - Dota2.com (Community)
July 13th, 2016 - Shadi.com
June 14th, 2016 - Verticalscope.com
June 13th, 2016 - iMesh.com
June 5th, 2016 - VK.com
June 2nd, 2016 - Badoo.com
May 27th, 2016 - MySpace.com
May 17th, 2016 - LinkedIn.com
March 30th, 2016 - Mate1.com

အထက်တွင် ဖော်ပြခဲ့သော နေ့အလိုက် ရက်စွဲများမှာ တိုက်ခိုက်သူများမှ တိုက်ခိုက်ခဲ့သည့် နေ့စွဲ မှတ်တမ်းများဖြစ်သည်။


တိုက်ခိုက်ခံရခြင်းဆိုသည်မှာ မိမိ မလုပ်လည်း အခြားသော အချက်အလက်များကြောင့် ပေါက်ကြားနိုင်ပါသည်။ ဒီလိုဆို ကိုယ်မလုပ်လည်း ဖြစ်နေတာဘဲ ကာကွယ်နိုင်သော နည်းလမ်းများ မရှိဘူးလားလို့ မေးစရာရှိလာပါတယ်။ အထူးသဖြင့် တိုက်ခိုက်ခံရခြင်း အချက်အလက်များ ခိုးယူခံရခြင်းများသည် ကိုယ်တိုင် အားနည်းချက်များကြောင့် ဖြစ်သည်။ Systems များကို တိုက်ခိုက်သည့် နည်းလမ်းမှာ အနည်းငယ် ပိုမိုခက်ခဲမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Systems များတွင် အများအားဖြင့် လုံခြုံစိတ်ချရသော နည်းပညာများကို အသုံးပြုကြခြင်းကြောင့်ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ သတိလက်လွတ်ဖြစ်ကာ သတိမမူမိသော အချက်များမှတဆင့် တိုက်ခိုက်သူများမှ ထိုးဖောက်နိုင်သွားခြင်း ဖြစ်သည်။ ထို့ကြောင်း ထိုးဖောက် တိုက်ခိုက်မှူ့များ မခံရစေရန်အတွက် အချက်အလက်များကို မသေချာသော လုံခြုံမှူ့မရှိသော Websites များတွင် ဖြည့်သွင်းခြင်းမပြုလုပ်ပါနှင့် ၊ အချက်အလက်များ မဖြည့်သွင်းခင် Websites ၏ လုံခြံမှူ့အဆင့်အတန်းအား သေချာစွာ ကြည့်ရူ့စစ်ဆေးပါ။ အင်တာနက်ပေါ်တွင် လူမှူ့ကွန်ယက်များကို အသုံးပြုမည်ဆိုပါက အချက်အလက်များ လူအများ မြင်သာထင်သာအောင် ဖော်ပြထားခြင်းမျိုး ရှောင်ကြဉ်ရမည်ဖြစ်သည်။ စာချစ်သူများအားလုံး ဗဟုသုတရကြပြီး တိုက်ခိုက်ခံရခြင်းရန်မှ ကင်းဝေပါစေကြောင်း ရည်ရွယ် ဖော်ပြလိုက်ရပါတယ်ခင်ဗျာ…

24-10-2016
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)

ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခြင်း ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခြင်း Reviewed by Myanmar Ethical Hacking News on 9:29 PM Rating: 5

No comments:

MEHN Team. Powered by Blogger.