မြန်မာနိုင်ငံအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လာသော အင်ဒိုနီးရှားဟက်ကာများ
အင်ဒိုနီးရှား ဟက်ကာများဟာ မြန်မာနိုင်ငံမှ အစိုးရ ၀က်ဆိုဒ်တွေကို DDOS တိုက်ခိုက်ဖို့  လှုံဆော်နေခဲ့ကြပါတယ်။ အင်ဒိုနီးရှားဟက်ကာတွေဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွကို ကယ်ဆယ်ပါဆိုတဲ့ ခေါင်းစဉ်နဲ့ လှုံ့ ဆော်နေခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှ မူဆလင်လူမျိုး ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ မီးရှို့ ခံနေခြင်း၊ ညှင်းပန်းနှိပ်ဆက်ခံနေရခြင်း၊သတ်ဖြတ်ခြင်းများ ခံနေရကြောင်းနှင့် မူဆလင်မိန်းကလေးတွေကို မြန်မာစစ်သားတွေက မုဒိမ်းကျင့်နေကြတယ်လို့  ရေးသားလှုံ့ ဆော်ထားပါတယ်။
ဒီလိုပြုမှုခံနေရတာတွေကို ဆန့်ကျင်တဲ့ အနေနဲ့  အင်ဒိုနီးရှား ဟက်ကာများမှ မြန်မာအစိုးရဆိုဒ်တွေကို DDOS တိုက်ခိုက်ဖို့ အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ က စတင်ခဲ့ကြပါတယ်။
ဒီလိုတိုက်ခိုက်ဖို့  သတင်းကိုတော့ အင်ဒိုနီးရှား KALI LINUX လှုပ်ရှားသူများ FB အဖွဲ့ ကနေ တင်ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ ကနေ ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံရဲ့ အစိုးရ ၀က်ဆိုဒ် www.mofa.gov.mm (နိုင်ငံခြားရေးဝန်ကြီးရုံး)ကို DDOS ၁ မီလီယံခန့် တိုက်ဖို့  ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒီမတိုင်ခင်ကတည်းက မြန်မာဆိုဒ်တွေကို တိုက်ခိုက်နေခဲ့ကြတာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ပြီး သိပ်မကြာခင် နာရီပိုင်းအတွင်းမှာပဲ မြန်မာဟက်ကာများက ပြန်လည်တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
အောက်ကဆိုဒ်များတော့ မြန်မာဟက်ကာများ ပြန်လည် တိုက်ခိုက်ခဲ့ သော ဆိုဒ်အချို့  ဖြစ်ပါတယ်။
http://rsudalihsan.jabarprov.go.id/
http://akbidharapanmulya.ac.id/index.php
http://pusdatin.rri.co.id/mnh.php
မြန်မာဟက်ကာများဟာ "PayBack_Again"ဆိုတဲ့ စာသားတွေ ၀က်ဆိုဒ်တွေမှာ ချန်ထားခဲ့ကြပါတယ်။ ဒီ Again ဆိုတဲ့ စာသားဟာ ကျွန်တော်တို့ကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဖြစ်ရပ်တွေကို ပြန်လည် သတိရစေပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင် ၂၀၁၃ ခုနှစ်အစောပိုင်းလောက် ကျွန်တော်တို့  အင်ဒိုနီးရှားဟက်ကာတွေက မြန်မာအစိုးရ တွေကို တိုက်ခိုက်ခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ မြန်မာဟက်ကာတွဟာ ကျွန်တော်တို့ ဆီက အစိုးရဆိုဒ်တွေရော အခြားသော အင်ဒိုနီးရှား ၀က်ဆိုဒ်တွေကိုပါ အဆုံးအစမဲ့ ရှည်လျားစွာ ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ တိုက်ခိုက်သူ မြန်မာဟက်ကာတွေကို နောက်ယောင်ပြန်လိုက်ကြည့်တဲ့ အချိန်မှာ အောက်ပါလင့်ကို တွေ့ ရှိခဲ့ရပါတယ်။
http://www.facebook.com/offical.myanmar.noob.hacker
သူတို့ ချန်ထားခဲ့တဲ့ စာသားကတော့ "oh so sad,don't make me laugh anymore.DDOS? oh I'm so scare
.talk more,no act?#PayBack_Again."??? ဆိုပြီးဖြစ်ပါတယ်။ထို့ အပြင် ဘင်္ဂလားဒေ့ရှ်ဟက်ကာများကလည်း မြန်မာနိုင်ငံရဲ့ ၀က်ဆိုဒ်တွေကို ပါဝင်တိုက်ခိုက်လာကြပါတယ်။အောက်ပါလင့်ကတော့ သူတို့ တိုက်ခိုက်ခဲ့တဲ့ ၀က်ဆိုဒ်လင့်ပါ
။ http://www.kphmfgcoltd-garmentfactory.com.mm/admin/index.php
ဒီလိုတိုက်ခိုက်နေမှုတွေကို မြန်မာဟက်ကာများမှ ပြန်လည် လက်စားချေတိုက်ခိုက်မှုတွေကို Myanmar Black Hacking FB စာမျက်နှာက တင်ပေးနေပါတယ်။
ယခုချိန်မှာဆိုရင်တော့ မြန်မာမျိုးချစ်ဟက်ကာများဟာ ဆိုက်ဘာစစ်ပွဲတွေကို ဆက်လက်လုပ်ဆောင်နေကြပြီး တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။ ထိုကြောင့် မြန်မာနိုင်ငံအနေဖြင့် ယခုလို ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေ အတွက် မည်ကဲ့သို့  ပြုမူလုပ်ဆောင်ရမည်၊ ကာကွယ်ရမည်ဆိုတာတွေဟာ စဉ်းစားပြင်ဆင်ဖို့ လိုအပ်လာ ပါပြီ ဖြစ်တယ်။ ဒီတိုက်ခိုက်မှုတွေဟာ သတိပေးခေါင်းလောင်းတွေပဲ ဖြစ်ပါတယ်။အကယ်၍ နိုင်ငံ၏ အခြေခံ အဆောက်အဦးများ၊ အရေးကြီးနေရာများ၊ စတော့အိပ်ချိန်းလို နေရာများ၊ဘဏ်များနှင့် အခြားသော နိုင်ငံအတွက် အဓိက မရှိမဖြစ် အရာများကို တိုက်ခိုက်ခံရပါက မည်ကဲ့သို့  ကာကွယ်သင့်သည်၊ မည်ကဲ့လို လုံခြုံရေး စနစ်ပြုလုပ်ထားသင့်သည်ကို ကြိုတင်စီစဉ်ထားသင့်ကြောင်း သုံးသပ်တင်ပြလိုပါသည်။ အမေရိကန်လို နိုင်ငံကြီးမျိုးပင် ဟက်ကာများကို တရားဝင်ဖိတ်ခေါ်ကာ မိမိတို့ ၏ လုံခြုံရေးစနစ်ကို အားနည်းချက်များ ရှာဖွေစေ၍ ဆုငွေများပေးအပ်ခြင်းမျိုးလုပ်ဆောင်ကာ လုံခြုံမှုကို မြှင့်တင်နေပြီဖြစ်သည်။ မြန်မာပြည်သူလူထုများ အနေဖြင့်လည်း တစ်ဦးချင်း ဆိုက်ဘာ လုံခြုံရေး အသိများတိုးတက်လေ့လာကာ အန္တရာယ်ကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား။
သတင်းတင်ဆက်သူ
D3@D$"i"@R ( MEHN Team )
မြန်မာနိုင်ငံအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လာသော အင်ဒိုနီးရှားဟက်ကာများ
Reviewed by Mr.Thein
on
9:25 AM
Rating:
Reviewed by Mr.Thein
on
9:25 AM
Rating:

No comments: