အင်တာနက် နှေးကွေးသူများအတွက် Facebook Messenger Lite



အင်တာနက်သည် တစ်နေရာနှင့် တစ်နေရာ ရရှိပုံခြင်း မတူညီနိုင်သလို တစ်ချိန်နှင့် တစ်ချိန်သည်လည်း ရရှိနိုင်သည့် ပမာဏ တူညီမည်မဟုတ်ပေ။ ပုံမှန်အားဖြင့် လူအသုံးများသည့် အချိန်တွင် အင်တာနက်သည် နှေးကွေးတတ်ပြီး လူအသုံးနည်းသည့် အချိန်တွင် မြန်ဆန်တတ်ပါသည်။ Facebook မှ အင်တာနက် နှေးကွေးစွာရရှိသော နိုင်ငံများ နေရာဒေသများအတွက် Facebook Messenger Lite ကို ထုတ်ဝေခဲ့ပါတယ်။

Facebook Messenger Lite သည် 10MB သာ ပမာဏ ရှိပြီး အသုံးပြုသူများအတွက် ပေါ့ပါးပြီး လွယ်ကူအဆင်ပြေစေသည့် Messenger ဖြစ်သည်။ Facebook Messenger Lite သည် ပုံမှန် အသုံးပြုနေသော Messenger ကဲ့သို့ပင် စာများ ၊ ဓာတ်ပုံများ ၊ Links များကို အပြန်အလှန်ပေးပို့နိုင်မည် ဖြစ်သည်။

“Facebook Messenger Lite နည်းပညာက အသုံးပြုသူများကို လွယ်ကူအဆင်ပြေစေပြီး အင်တာနက် နှေးကွေးသော နိုင်ငံများ နေရာ ဒေသများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ Facebook Messenger Lite က အသုံးပြုသော ဖုန်းများအပေါ်တွင် မူတည်မနေပါဘူး။ အင်တာနက်လိုင်းဆွဲအား ကောင်းသည့် ဖုန်းကို အသုံးပြုသည်ဖြစ်စေ အင်တာနက်လိုင်းဆွဲအား မကောင်းသည့် ဖုန်းကို အသုံးပြုသည်ဖြစ်စေ Facebook Messenger Lite က အသုံးပြုသူများ တစ်ယောက်နှင့် တစ်ယောက် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်အတွက် များစွာ အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်” ဟု Facebook Messenger Lite စီမံကိန်း အကြီးတန်း အင်ဂျင်နီယာ Tom Mulcahy မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ Facebook Messenger Lite ကို ပေးထားသော Link မှ Download ရယူနိုင်ပါတယ်။



Facebook Messenger Lite သည် မြန်မာနိုင်ငံနှင့် အထူးပင် သင့်လျှော်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ယခုအချိန်အထိ အင်တာနက်လိုင်းများ ကောင်းမွန်ခြင်း မရှိသေးဘဲ နှေးကွေးနေဆဲဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အင်တာနက်ဆိုသည့်အရာမှာ ပြောပလောက်သော အရာမဟုတ်ပေ။ ကျောင်းများ ၊ ဆေးရုံးများ ၊ အစိုးရဌာနဆိုင်ရာများ ၊ မြေအောက် ရထားလိုင်းများ ၊ ဈေးဝယ်စင်တာများ ၊ ကားဂိတ်များ စသည့် နေရာများတွင် Wifi ကို အခမဲ့ အသုံးပြုခွင့် ပေးထားကြပါသည်။ နေအိမ်အဆောက်အဦးများတွင် တပ်ဆင်ထားသော အင်တာနက်လိုင်းများဆိုလျှင် အဖိုးအခသက်သာပြီး အလွန်မြန်ဆန်သောနှုန်းဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပြီဖြစ်သည်။ အချို့နိုင်ငံများတွင် တစ်နိုင်ငံလုံး မည်သည့်နေရာကိုသွားသွား Wifi အခမဲ့ လွှင့်ပေးထားသော နိုင်ငံများပင် ရှိနေပြီ ဖြစ်သည်။

ထို့အပြင် အင်တာနက် ဆိုသောအရာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက် သက်ဆိုင်သော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာရေးကြောင့်ပင်ဖြစ်သည်။ ပညာရေးအတွက် ထုတ်ဝေထားသော စာရွက်စာတမ်းများရှိသော်လည်း ပြည့်စုံလုံလောက်ခြင်း မရှိပေ။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင်လည်း ပညာရေးအတွက် ထုတ်ဝေထားသော စာရွက်စာတမ်း အမြောက်အများရှိသော်လည်း နိုင်ငံတကာ ပညာရှင်များမှ ရေးသားထုတ်ဝေထားသော ဆောင်းပါးများ စာတမ်းများ၏ အထောက်အကူ ရရန်အတွက် အင်တာနက်သည် အထူးပင် အရေးကြီးပြီး မဖြစ်မနေ ရှိရမည့် ၀န်ဆောင်မူ့လုပ်ငန်းတစ်ရပ်ဖြစ်သည်။ အင်တာနက်ရှိမှသာ နိုင်ငံတကာမှ ရေးသားထားသော စာစောင်များ ၊ ဆောင်းပါးများ ၊ စာတမ်းများကို လွယ်လင့်တကူ ၀ယ်ယူ ဖတ်ရူ့နိုင်မည်ဖြစ်သည်။ ပညာရေး မြှင့်မားတိုးတက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည်။ ထို့ကြောင့် အင်တာနက်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေလျှက်ရှိကြောင်း အစီရင်ခံ ဖော်ပြလိုက်ရပါတယ်ခင်ဗျာ…..

28-11-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
အင်တာနက် နှေးကွေးသူများအတွက် Facebook Messenger Lite အင်တာနက် နှေးကွေးသူများအတွက် Facebook Messenger Lite Reviewed by Myanmar Ethical Hacking News on 10:57 AM Rating: 5

No comments:

MEHN Team. Powered by Blogger.