သင့်ရဲ့  Iphone ဟာ ဓါတ်ပုံ၊စာအုပ်နှင့်font file တို့ ကို ဖွင့်လိုက်မိယုံဖြင့် ဟက်ခံရနိုင်ခြင်း
ဒါဟာဘယ်လိုမျိုး တိုက်ခိုက်မှုမျိုးလည်းဗျာ။
ဓါတ်ပုံလေးတွေ၊ စာအုပ်ဖိုင်လေးတွေ၊font file လေးတွေကို ဖွင့်ကြည့်မိတာနဲ့ ကျွန်တော်တို့ ရဲ့ iphone တွေ၊ ipad တွေနဲ့  ipod လို အရာတွေက သားကောင်လေးတွေ ဖြစ်သွားရရောလား။
ဟုတ်ပါတယ်။
တကယ်လည်း ဖြစ်နေပါတယ်။ကျွန်တ်ာတို့ ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကုတ်လေးတွေ ပေါင်းထားတဲ့ ဓါတ်ပုံလေးတွေ၊ စာအုပ်လေးတွေကို website တွေနဲ့  အီးမေးလ်တွေကနေ ဖွင့်ကြည့်လိုက်မိတာနဲ့  ဟက်ကာတွေဟာ ကျွန်တော်တို့ ရဲ့ iOS ပစ္စည်းတွေကို အဝေးမှ ထိန်းချုပ်နိုင်သွားပြီး ဟက်ကာတွေမှ ကျွန်တော်တို့ ရဲ့ စနစ်တွေကို စိတ်ကြိုက်လုပ်ခွင့်ရသွားစေမှာပါ။ ဒီကြောက်ရွံဖွယ် အားနည်းမှုဟာ CVE-2016-4673(CVE-Common Vulnerabilitie and Exposures)မှာ တရားဝင်ပြသထားပါတယ်။
ဒါပေမယ့် သတင်းကောင်းတခုရှိပါတယ်။apple ဟာ နောက်ဆုံး mobile os version ဖြစ်တဲ့ iOS 10.1 ကို iphone နဲ့ ipad တွေအတွက် ထုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒီversion မှာ အဝေးမှထိန်းချုပ်မှုရယူနိုင်တဲ့ အားနည်းချက်ကို ပြင်ဆင်းထာပြီး ဖြစ်ပါတယ်။ ဒီလို apple မှ နောက်ဆုံးသော versionကို ထုတ်ပေးထားသော်လည်း တချို့ ဟက်ကာတွေကတော့ ဒီလိုအားနည်းချက်ရှိတဲ့ apple ပစ္စည်းတွေကို ရှာဖွေတိုက်ခိုက်နေဆဲပဲ ဖြစ်ပါတယ်။
ဒါကြောင့် အသုံးပြုသူတွေဟာ နောက်ဆုံးထွက်ရှိထားတဲ့ iOS version ကို အတတ်နိုင်ဆုံး မြန်မြန်လေး update လုပ်စေချင်ပါတယ်။ နောက်ထွက်ထားရှိတဲ့ iOS 10.1 ကတော့ လုံခြုံရေးအားနည်းချက် ၁၁ခုလောက်ကို ပြင်ဆင်ပေးထားပါတယ်။iOS ပစ္စည်းတွေဖြစ်တဲ့ iphone၊ipad နဲ့ ipodတွေကို firmware update သင့်ပါတယ်။ apple ဟာ Mac တွေ၊apple watch တွေ နဲ့  apple TV တွေအတွက်လည်း လုံခြုံရေးဆိုင်ရာ update တွေကို ထုတ်ပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် Mac အသုံးပြုသူများအနေဖြင့် macOS Sierra(10.12.1)ကို မြင်တင့်သင့်ပါတယ်။ဒီversion မှဆိုရင် လုံခြုံရေးဆိုင်ရာအားနည်းချက် ၁၆ ခုလောက်ကို ပြင်ဆင်ပေးထားပါတယ်။
ဒီ ဓါတ်ပုံဖိုင်တွေနဲ့ စာအုပ်ဖိုင်တွေ ဖွင့်ကြည့်မှုကနေ DOS တိုက်ခိုက်တာတွေ၊အသုံးပြုသူများရဲ့ password တွေ၊အဝေးမှထိန်းချုပ်ခိုင်းစေနိုင်တာတွေ လုပ်နိုင်ပါတယ်။ Apple watch အတွက်လည်း watch OS(3.1) ကို မြှင့်တင်စေချင်ပါတယ်။ ဒီနောက်ထွက်တဲ့ versionမှာဆိုရင်လုံခြုံရေးဆိုင်ရာ အားနည်းချက် ၈ခုကို ပြင်ဆင်ပေးထားပါတယ် ။ဒီအားနည်းချက်ထဲက နှစ်ခု ဟာ sandbox profileမှာ ဖြစ်ပြီးတော့၊ဒီအချက်ကနေ ဓာတ်ပုံတွေ ၊အသံဖိုင်တွေကို ဖွင့်နိုင်၊ယူဆောင်နိုင်ပါတယ် ။ apple tv အသုံးပြုသူများအနေဖြင့်လည်း tvOs 10.0.1 မြှင့်တင်သင့်ပါတယ်။ ဒီversion မှာဆိုရင်လည်း လုံခြုံရေးဆိုင်ရာ အားနည်းချက် ၁၀ခုလောက်ကို ပြင်ဆင်ထားပါတယ်။ဒီအားနည်ချက်များထဲမှာ sandbox profile၊webkit အားနည်းချက်တွေနဲ့ jpeg အားနည်းချက်တို့ပါဝင်ပါတယ်။ ဒါကြောင့် iOS တွေကို updateလုပ်သင့်ပါတယ်။ဟက်ကာများမှ သင့်ပစ္စည်းတွေကို မထိန်းချုပ်ခင်မှာပါ။ "လုံခြုံရေး အသိ ရှိခြင်းက သင့်ဘ၀ကို အထောက်အပံ့ပေးနိုင်မှာပါ။"
သတင်းတင်ဆက်သူ
D3@D$"i"@R ( MEHN Team)
သင့်ရဲ့  Iphone ဟာ ဓါတ်ပုံ၊စာအုပ်နှင့်font file တို့ ကို ဖွင့်လိုက်မိယုံဖြင့် ဟက်ခံရနိုင်ခြင်း
Reviewed by Mr.Thein
on
10:19 AM
Rating:
No comments: