၁ဘီလီယံခန့် ရှိတဲ့ yahoo အသုံးပြုသူများ၏ အချက်အလက်များ Dark web တွင် ရောင်းချခံရခြင်း


မကြာသေးမီက yahoo မှ ၃နှစ်လောက် သတင်းအချက်အလက်တွေ ခိုးယူ ဖောက်ထွင်းခံခဲ့ရတာကို ထုတ်ဖော်ပြောဆိုသွားပါတယ်။ ၁ဘီလီယံ ကျော်လောက်ရှိတဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖော်ထုတ်ခြင်းခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ဟာဆိုရင် သတင်းအချက်အလက် ပေါက်ကြားမှုထဲမှာ အကြီးမားဆုံးတစ်ခုပဲ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ သြဂုတ်လက ဟက်ကာတွေဟာ Dark Wed မှာ ဒေါ်လာ ၃သိန်းဖိုးလောက် ပမာဏရှိတဲ့ yahoo အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရောင်းချခဲ့ ကြပါတယ်။ဒီအကြောင်းကိုတော့ security firm infoArmor ရဲ့ အကြီးအကဲဖြစ်သူ အန်ဒယူး ကိုမာရော့မှ ပြောကြားသွားပါတယ်။ 

ဒီနေရာမှာ ၀ယ်ယူသူ သုံးမျိုးသုံးစားရှိနေပါတယ်။နှစ်မျိုးကတော့ ထင်ရှားတဲ့ မေးလ်ဝယ်ယူမှုဖြစ်ပြီး ကျန်တမျိုးကတော့ သူလျှိုဗျုဟာအရ အချက်အလက်တွေကို ၀င်ရောက်ထိန်းချုပ်လိုသောကြောင့် ဒေါ်လာ ၃သိန်းပေးဝယ်ယူတာပဲ ဖြစ်ပါတယ် လို့  ကိုမာရော့မှ နယူးယောက်တိုင်းမ်သတင်းစာကို ပြောကြားသွားပါတယ်။ Yahoo ရဲ့ အချက်အလက်တွေ ခိုးယူခဲ့တဲ့ ဒီဟက်ကာ အဖွဲ.ဟာ ဥရောပ အရှေ့ပိုင်းက ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် yahooကတော့ ဒီသတင်းမှန် မမှန်ကို အတိအကျ မသိသေးပါဘူး။ ဒီပေါက်ကြားတဲ့အချက်အလက်ထဲမှာဆိုရင် full nameတွေ , passwordsတွေ, မွေးနေ့တွေနဲ့ဖုန်းနံပါတ်တွေပါဝင်နေပါတယ်။ ထို့ ပြင် backup email address တွေ နဲ့  security question တွေလည်း ပါဝင်နေပါတယ်။ 

ယခုထိတော့ ဒီအချက်အလက်တွေဟာ ရောင်းချနေတုန်းပါပဲ။အကယ်၍ yahooမှ ဒီလို အချက်အလက်တွေပေါက်ကြားပါတယ်လို့ ကြေငြာပြီး password reset ချလိုက်ရင်တော့ ရောင်းချနေမှု တန်ဖိုးဟာ လျော့ကျသွားနိုင်ပါတယ်။ စိတ်ဝင်စားတဲ့ ၀ယ်ယူသူတွေကတော့ ဒေါ်လာ၂၀၀၀၀ထိ ပေးပြီး အချက်အလက်တွေကို ၀ယ်ယူနေတုန်းပဲ ဖြစ်ပါတယ်။ ကိုမာရော့ မှ သူရဲ့ ကုမ္မဏီဟာ ဆိုရင် ဒီနှစ်အစောပိုင်းကတည်းက Yahooရဲ့ အချက်အလက် မိတ္တူတွေကို ရပြီးဖြစ်ပါတယ်။ ဒါကိုတရားဝင်ဖြစ်စေဖို့ အတွက် အမေရိကန်၊အခြားသော ဥရောပနိုင်ငံတွေ၊ကနေဒါနဲ့ သြစတေးရီးယားနိုင်ငံတို့ မှ အခွင့်အာဏာရှိသူတွေနဲ့  ဆွေးနွေးခဲ့ပါတယ်။

yahoo ကို ဘာကြောင့်တိုက်ရိုက် မဆက်သွယ်ခဲ့ရလည်း ဆိုပြီးမေးစရာရှိနေပါတယ်။အကြောင်းပြချက်ကတော့ အင်တာနက်ဆိုတဲ့  ကြီးမားတဲ့အရာကြီးက လုံခြုံရေးဆိုင်ရာအားနည်းချက်ကို ကြားခံမထားဘဲ ထောက်ပြမိရင် အသိအမှတ်ပြု ခြင်းမရှိဘဲ နှင်ထုတ်တတ်လို့ ရယ် ပြီးတော့ yahoo မှ ခုလို လုံခြုံရေး အားနည်းချက်ကို စုံစမ်းစစ်ဆေးမယ်ဆိုတာမယုံကြည်လို့ပဲ ဖြစ်ပါတယ်။ ကိုယ်ရေးအချက်လက်တွေ၊ ဆက်သွယ်မှု လိပ်စာတွေ၊ e-mailတွေ၊ စိတ်ဝင်စားဖွယ် အချက်အလက်တွေ နဲ့ ခရီးသွားဖို့ အစီအစဉ်အတွေဟာ သတင်းအချက်အလက်စုဆောင်းရာမှာ အရမ်းအရေးပါတဲ့အချက်အလက်တွေဖြစ်တယ်လို့ ကိုမာရော့မှ အဓိကထားပြောကြားသွားပါတယ်။ 

Yahoo ဟက်ခံရခြင်းနဲ့  တခြားဟက်ခံရခြင်း ကွာခြားတာကတော့ ဒီဖြစ်ရပ်မှာဆိုရင် ကျွန်ပ်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေ အပြင် ကျွန်တော်တို့ရဲ့ ဗဟုသုတတွေကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဖျက်စီးခြင်းခံနေရသလိုပါပဲ ဖြစ်ပါတယ်။ Yahoo အသုံးပြုသူတွေကို လေးလေးနက်နက် အကြံပြုချင်တာကတော့ password တွေကို reset ချပစ်ပါ။ လုံခြုံရေးဆိုင်ရာ မေးခွန်းတွေကိုလည်း မဖြစ်နိုင်တာတွေပေးထားပါ။ အကယ်လို့  password နဲ့ လုံခြုံရေးဆိုင်ရာ မေးခွန်း တူနေခဲ့ရင် အမြန်ဆုံး ပြင်ဆင်ပါလို့ ကိုမာရော့မှ အကြုံပြုတင်ပြထားပါတယ်။ 

သတင်းတင်ဆက်သူ 
D3@D$”i”@R ( MEHN Team )
၁ဘီလီယံခန့် ရှိတဲ့ yahoo အသုံးပြုသူများ၏ အချက်အလက်များ Dark web တွင် ရောင်းချခံရခြင်း ၁ဘီလီယံခန့် ရှိတဲ့ yahoo အသုံးပြုသူများ၏ အချက်အလက်များ Dark web တွင် ရောင်းချခံရခြင်း Reviewed by Mr.Thein on 10:21 AM Rating: 5

No comments:

MEHN Team. Powered by Blogger.