ဆိုက်ဘာကျွမ်းကျင်သူများမှ အက်ပလီကေးရှင်းများ ဒေါင်းလုပ်မပြုခင် နှစ်ကြိမ်ခန့်  ပြန်လည်စဉ်းစားသင့်ကြောင်းပြောကြား


ယနေ့ ခေတ်မှာဆိုရင်ဖြင့် တရားမ၀င် အက်ပလီကေးရှင်းများကို အသုံးပြုမိခြင်းက မိမိတို့ ၏ လူမှုဆိုင်ရာ အချက်အလက်များ ၊ ဓါတ်ပုံများ ၊ ဘဏ်နှင့်  သက်ဆိုင်သော အချက်အလက်များ စသော အချက်အလက်ပေါင်းများစွာကို မိုဘိုင်းဖုန်းများမှတဆင့် ခိုးယူခံရနိုင်ပေသည်။ malware တွေ၏ အကူအညီဖြင့်လည်း ဟက်ကာတွေဟာ မိုဘိုင်းငွေလွှဲခြင်းစနစ်တွေ ၊ ဘဏ်ဆိုင်ရာ အက်ပလီကေးရှင်းတွေကို စိတ်ကြိုက်လုပ်ဆောင်နိုင်ခွင့်တွေ ရရှိသွားမှာပဲ ဖြစ်ပါတယ်။

အွန်လိုင်းမှ ၀န်ဆောင်မှုတွေကို ရပ်တန့် ရလောက်အောင်ထိကို မိုဘိုင်းဖုန်းတွေထဲကို  malware တွေ ၀င်ရောက်နေမှုဟာ မြင့်မားလာနေပါတယ်လို့  ကျွမ်းကျင်ပညာရှင်တွေမှ ပြောကြားထားပါတယ်။သားကောင်ဖြစ်ခံရမယ့် အသုံးပြုသူတွေဟာ malware တွေရှိတဲ့ ၀က်ဆိုက်တွေကို နည်းအမျိုးမျိုးဖြင့် ရောက်ရှိခေါ်ဆောင်ခံနေရပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ ransomware ၊ keylogger နှင့် coat-trailing Trojans တို့လိုမျိုးပါဝင်တဲ့ အက်ပလီကေးရှင်းတွေကို သတိထား ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဒီ malware မျိုးတွေဟာဆိုရင် မိုဘိုင်းဖုန်းတွေ ကွန်ပျူတာတွေ အထဲကို ပါ ၀င်ရောက်နိုင်ပါတယ်လို့  ဆိုက်ဘာကျွမ်းကျင်ပညာရှင် N Vijayshankar မှပြောကြားသွားပါတယ်။malware တွေဟာ မိုဘိုင်းဖုန်းတွေနဲ့  ကွန်ပျူတာတွေကို အကြမ်းဖျဉ်းအားဖြင့် ၀င်ရောက်နိုင်တဲ့ နည်းလမ်း(၃)မျိုးရှိပါတယ်။ အက်ပလီကေးရှင်းမှ တဆင့်ဝင်ရောက်ခြင်း၊browsers မှတဆင့် ၀င်ရောက်ခြင်း နှင့် အင်တာနက်ရရှိသော နက်ခ်ဝက်(wifi free area)တို့ မှတဆင့် ၀င်ရောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

တခါတုန်းက malware တစ်ခုဟာ ဆိုရင် မိုဘိုင်းဖုန်းထဲဝင်ရောက်ပြီး ဖုန်းကို  lock  ချပစ်လိုက်တာတွေ အချက်အလက်တွေကို ၀ှက်သွင်းပြီး ပြောင်းလိုက်တာတွေ လုပ်လိုက်ပါတယ်။ပြီးတော့ အရေးကြီးတဲ့ ဓါတ်ပုံတွေ၊ အချက်အလက်တွေ နှင့် ဘဏ်အချက်အလက်တွေကို ခိုးယူခြင်းခံရနိုင်ပါတယ်လို့ အိန္ဒိယ ဆိုက်ဘာပညာရှင် Kapil Awasthi ကပြောကြားသွားပါတယ်။

ဒီဂျစ်တယ် ငွေကြေးစနစ် အသုံးပြုတဲ့ စက်တွေဟာ တဖြည်းဖြည်းများပြား လာတာနှင့် အမျှ တိုက်ခိုက်သူတွေဟာလည်း ပြောင်းလည်းတိုက်ခိုက် လာကြပါတယ်။ အစောပိုင်းမှာတော့ လက်တော့ကွန်ပျူတာတွေကို ဦးတည်တိုက်ခိုက် ကြ့ပီးတော့ နောက်ပိုင်းမှာ မိုဘိုင်းဖုန်းတွေကို ဦးတည်တိုက်ခိုက်လာကြပါတယ်။လွန်ခဲ့တဲ့(၈)လလောက်က  desktop ကွန်ပျူတာ လုံခြုံရေး စနစ်တွေထဲ ransomware တွေဝင်ရောက်တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ ခဲ့ရပါတယ်။

ဟက်ကာတွေဟာ သားကောင်ဖြစ်တဲ့ user တွေရဲ့ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေကို lock (သို့ ) ၀ှက်သွင်းခြင်းတွေပြုလုပ်ပြီး ပြန်လည် ဖြေထုတ်ပေးစေလိုပါက သားကောင်တွေမှ ငွေကြေးပေးရမယ်လို့ အကြောင်းကြားပါတယ်။ ၀ှက်သွင်းထားမှုတွေကလည်း လွယ်လွယ်ကူကူ ဖြေထုတ်လို့ မရနိုင်အောင် ပြုလုပ်ထားလေ့ရှိပါတယ်။ အကယ်၍ ဖြေထုတ်ပါကလည်း လတွေ နှစ်တွေ ထိ ကြာမြင့် အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ငွေကြေးတောင်းခံခြင်းဟာ bitcoins ဖြင့် ဖြစ်ပြီး သားကောင်ဖြစ်သူတွေ ပေးနိုင်တဲ့ ငွေကြေးပမာဏသာ တောင်းခံလေ့ရှိပါတယ် လို့ Kapil Awasthi ကပြောကြားသွားပါတယ်။

Key logger လို malware မျိုးဟာ ရှိသမျှ key တွေကို ဖမ်းယူရရှိပြီးတော့ အရေးကြီးတဲ့အချက်အလက်တွေ ကို ခိုးယူပါတယ်။ဒီ key logger နဲ့ အတူ Trojan ပေါင်းစပ်ပြီးတော့ ဘဏ်အကောင့်လိုမျိုး ၀က်ဆိုက်တွေမှာ ၀င်ရောက်ထားလိုက်ပါတယ်။သားကောင်ဖြစ်သူ ဘဏ်ကိုဝင်ရောက်ပြီဆိုသည်နှင့် တခြားသော အကောင့်တခုကို ငွေလွှဲ ထုတ်လိုက်ပါတယ်။ ဒါကြောင့် တိကျခိုင်မာပြီး ကောင်းမွန်ပြည့်စုံတဲ့ ဥပဒေတစ်ခုဟာ ဆိုက်ဘာတိုက်ခိုက်ခံရမှုမှ ငွေကြေးဆုံးရှုံးသူတွေ အတွက် လိုအပ်နေပါတယ်လို့ Kapil Awasthi ကပြောကြားသွားပါတယ်။


ဒါကြောင့် တခုခုကို ဒေါင်းလုပ်ရယူတော့မယ် ဆိုရင် (၂)ခါ ပြန်စဉ်းစားသင့်တာဖြစ်ပါတယ်။ အလွယ်ရတယ် ၊ free ရတယ် ဆိုပြီး ရယူမိရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ယခုအခါမှာ ပုံမှန်အက်ပလီကေးရှင်းအား အန္တရာယ်ရှိသော ကုတ်များပေါင်းထည့်ကာ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီဖြစ်သည်။ ထို့ ကြောင့် လုံခြုံရေးအမြင်လေးဖြင့်လည်း နောက်တစ်ကြိမ်လောက် ပြန်စဉ်းစားကာ လုပ်ဆောင်ကြပါလို့ အကြံပြု တိုက်တွန်းရေးသားလိုက်ပါတယ် ခင်ဗျား။

(1.2.2017)
သတင်းတင်ဆက်သူ :: D3@D$”i”@R ( MEHN Team )
ဆိုက်ဘာကျွမ်းကျင်သူများမှ အက်ပလီကေးရှင်းများ ဒေါင်းလုပ်မပြုခင် နှစ်ကြိမ်ခန့်  ပြန်လည်စဉ်းစားသင့်ကြောင်းပြောကြား ဆိုက်ဘာကျွမ်းကျင်သူများမှ အက်ပလီကေးရှင်းများ ဒေါင်းလုပ်မပြုခင် နှစ်ကြိမ်ခန့်  ပြန်လည်စဉ်းစားသင့်ကြောင်းပြောကြား Reviewed by Mr.Thein on 10:25 AM Rating: 5

No comments:

MEHN Team. Powered by Blogger.