ဗွီဒီယိုဖိုင်များအား ဖျက်ပစ်နိုင်သော Facebook ၏ အားနည်းချက်



Bug ဆိုသည်မှာ အားနည်းချက်များကို ဆိုလိုခြင်းဖြစ်သည်။ Bugs များသည် ထုတ်လုပ်သော ကုမ္ပဏီများ၏ သတိမမူမိသော အချက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တိုက်ခိုက်သူများသည် အားနည်းချက် Bugs များကို ရှာဖွေ တိုက်ခိုက်တတ်ကြပါသည်။ ထို့အပြင် Bugs များကို ရှာဖွေတွေ့ရှိသော တိုက်ခိုက်သူများသည် မြေအောက်လောကတွင် ထို Bugs များကို ရောင်းချလေ့ရှိသည်။ Bugs များသည် အလွန်ပင် အန္တရာယ်များပါသည်။ မပြင်ဆင်နိုင်သေးခင်အချိန်အထိ တိုက်ခိုက်သူများမှ ၀င်ရောက် ထိုးဖောက်သွားနိုင်သည်။

နည်းပညာ ကုမ္ပဏီများသည် ၎င်း တို့၏ ထုတ်ကုန်များ၏ အားနည်းချက် Bugs များကို ရှာဖွေပေးနိုင်လျှင် ဆုပေးသည့် Bugs Bounty အစီအစဉ် များကို ပြုလုပ်ပေးလျှက်ရှိပါသည်။ Bugs Bounty အစီအစဉ်၏ ဆုကြေးငွေ ပမာဏမှာ မနည်းလှသော ငွေကြေး ပမာဏ ဖြစ်သည်။ White Hat Hackers အဖြူရောင် သိုင်းလောကသားများ အနေဖြင့် Bugs များကို ရှာဖွေတွေ့ရှိပါက ထုတ်လုပ်သည့် ကုမ္ပဏီများကို အကြောင်းကြားသော်လည်း Black Hat Hackers အနက်ရောင် သိုင်းလောကသားများအနေဖြင့် Bugs များကို ရှာဖွေတွေ့ရှိပါက မြေအောက်ဈေးကွက်တွင် ပြန်လည်ရောင်းချခြင်း သို့မဟုတ် ကိုယ်တိုင် ထိုးဖောက် တိုက်ခိုက်ခြင်း စသည့်တို့ကို ပြုလုပ်လေ့ရှိသည်။

လုံခြုံရေးနည်းပညာရှင်တစ်ဦးဖြစ်သူ ဒန်မီလာမတ် (Dan Melamed) သည် Facebook ၏ အားနည်းချက်တစ်ခုကို ၂၀၁၆ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့သည်။ Facebook ၏ အားနည်းချက်မှာ Facebook တွင်ရှိသော မည်သည့် ဗွီဒီယိုဖိုင်ကိုမဆို ခွင့်ပြုချက်မလိုဘဲ ဖျက်ပစ်နိုင်သည်။

ဒန်မီလာမတ် (Dan Melamed) သည် Facebook ၏ အားနည်းချက် Bug ကို ရှာဖွေရန်အတွက် Facebook Test Page တစ်ခုပြုလုပ်ခဲ့ပြီး ဗွီဒီယို ဖိုင်တစ်ခုကို တင်ခဲ့သည်။ ဗွီဒီယို ဖိုင် တင်နေစဉ်အတွင်း Fiddler ကို အသုံးပြုပြိး Browser နှင့် Facebook တို့ကြားတွင် သွားလာနေသော အချက်အလက်များကို ဖမ်းယူထားခဲ့သည်။ ထို့နောက် သားကောင် Victim Facebook အကောင့်တစ်ခုတွင် တင်ထားသော ဗွီဒီယိုဖိုင်၏ ID နေရာတွင် Facebook Test Page တွင် တင်ထားခဲ့သော ဗွီဒီယိုဖိုင်၏ ID အား အစားသွင်းလိုက်သည်။ ထို့နောက် Decode လုပ်လိုက်သည့်အခါ သားကောင် Victim Facebook အကောင့်တစ်ခုတွင် တင်ထားခဲ့သော ဗွီဒီယိုဖိုင်သည် Facebook Test Page သို့ရောက်ရှိလာမည်ဖြစ်သည်။ Facebook Test Page သို့ ရောက်ရှိလာသော ဗွီဒီယိုဖိုင်အား ဖျက်ပစ်လိုက်သည့်အခါ Victim Facebook အကောင့်တစ်ခုတွင် တင်ထားသော ဗွီဒီယိုဖိုင်သည်လည်း တစ်ပါတည်း ပျက်သွားမည်ဖြစ်သည်။ ထိုလုပ်ဆောင်ချက် အသေးစိတ်အား ဗွီဒီယိုဖိုင်ဖြင့် ရှင်းလင်းထားပုံကို အောက်ဖော်ပြပါလင့် (Link) တွင် ကြည့်ရူ့နိုင်ပါသည်။


ဒန်မီလာမတ် (Dan Melamed) သည် Facebook Security Team (https://www.facebook.com/whitehat/report/ ) သို့ အစီရင်ခံခဲ့သည်။ ဒန်မီလာမတ် (Dan Melamed) ၏ ကြိုးစားအားထုတ်မှူ့ကြောင့် Facebook မှ အမေရိကန်ဒေါ်လာ တစ်သောင်း ဆုကြေးငွေ ပေးအပ်ခဲ့သည်။

အခြားသော နည်းပညာ ကုမ္ပဏီများသည်လည်း Bugs Bounty အစီအစဉ်များ ပြုလုပ်ပြီး ဆုကြေးငွေ ချီးမြှင့်လျှက်ရှိပါသည်။ ဆုကြေးငွေ ပမာဏသည်မှာလည်း မနည်းလှသော ငွေကြေးပမာဏဖြစ်သည်။ စာချစ်သူများအနေဖြင့် Bugs Bounty အစီအစဉ်များ တွင် ကိုယ်တိုင်ပါဝင်နိုင်ပြီး ဆုကြေးငွေများကိုလည်း ရယူ ဆွတ်ခူးနိုင်ပါကြောင်း တင်ဆက်လိုက်ရပါတယ်။

31-1-2017
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
ဗွီဒီယိုဖိုင်များအား ဖျက်ပစ်နိုင်သော Facebook ၏ အားနည်းချက် ဗွီဒီယိုဖိုင်များအား ဖျက်ပစ်နိုင်သော Facebook ၏ အားနည်းချက် Reviewed by Myanmar Ethical Hacking News on 8:03 PM Rating: 5

No comments:

MEHN Team. Powered by Blogger.