Tesco ဘဏ် တိုက်ခိုက် ခံရခြင်း
ပြီးခဲ့သည့် မကြာသေးခင် ကာလများကဘဲ
Tesco ဘဏ် တိုက်ခိုက်ခံရပြီး ထိုဘဏ်နှင့် ချိတ်ဆက်ထားသည့် အသုံးပြုသူများ၏ ဘဏ်အကောင့်ပေါင်း
၂၀,၀၀၀ ကျော်မှတဆင့် ငွေကြေးများ ခိုးယူခံခဲ့ရပါတယ်။ တိုက်ခိုက်မှူ့ကြောင့် Tesco ဘဏ်နှင့်
ချိတ်ဆက်ထားသော အသုံးပြုသူများကို ခေတ္တခဏ ဆိုင်းငံ့ထားခဲ့ရသည်။
Tesco ဘဏ်၏ အကြီးအကဲဖြစ်သူ Benny
Higgins မှ တိုက်ခိုက်ခံရသော အကောင့်မှာ စုစုပေါင်း ၁၃၆,၀၀၀ ဖြစ်ပြီး ၎င်း တို့ထဲမှ အကောင့်
၄၀၀၀ ကျော်သည် ငွေကြေးဆိုင်ရာ တိုက်ခိုက်ခံထားရပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်သူများသည် ဘဏ်အကောင့်များထဲမှ ငွေကြေးများကို ထုတ်ယူသွားခဲ့ခြင်းဖြစ်သည်။
“တိုက်ခိုက်ခံရသော အကောင့် ပမာဏကတော့ များပြားပါတယ်။ ဒါပေမယ့် အကောင့်ထဲမှ ငွေကြေးများကိုတော့
မများလှသော ပမာဏပါ” လို့ ထုတ်ဖော် ပြောကြားထားပါတယ်။
အခုလို အချက်အလက်များ ချိုးဖောက် တိုက်ခိုက်ခံရခြင်း
အတွက် Benny Higgins မှ များစွာ စိတ်မကောင်း ဖြစ်မိပါကြောင်း ၊ အလွန်အမင်း စိတ်မပူကြရန်နှင့်
မည်သည့် အကောင့်များ တိုက်ခိုက်ခံရသည်ကို သေချာစွာ စီစစ်နေကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Tesco ဘဏ်သည် 1997 ခုနှစ်တွင် စတင်ခဲ့ပြီး
2008 ခုနှစ်တွင် ကြီးမားသော ဘဏ်တစ်ခု ဖြစ်လာခဲ့သည်။ အသုံးပြုသူစုစုပေါင်း ၇.၈ သန်းခန့်ရှိပြီး
ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော်ဖြင့် လည်ပတ်နေသော ကြီးမား ကျယ်ပြန့်သော ဘဏ်တစ်ခုဖြစ်သည်။
အဲဒင်ဘရတ်မြို့ , ဂလာစကိုမြို့ နှင့် နယူးကာဆယ်မြို့တို့တွင် အခြေစိုက် ဌာနချူပ်များ
တည်ရှိသည်။
မသကာင်္ဖွယ်ရာ အချို့ကိုတော့ ရှာဖွေတွေ့ရှိထားပါတယ်။
တိုက်ခိုက်မှူ့များကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရသည့် အသုံးပြုသူများမှ
“ကျွှန်တော့်ဘဏ်အကောင့် ထဲမှ ယူရို ၇၀၀ ကို မည်သည့် အကြောင်းကြားသည့် အတည်ပြုချက်မပါဘဲ
ထုတ်ယူသွားခဲ့ပါတယ်” ဟု ဖွင့်ဟခဲ့ပါတယ်။
ဘဏ်တိုက်ခိုက်မှူ့များသည် မမြဲမပြတ် ဖြစ်ပေါ်နေသော
ဖြစ်စဉ်တစ်ခုဖြစ်သည်။ တိုက်ခိုက်သူများသည် ATM စက်များကို တိုက်ခိုက်ခြင်း ၊ ဘဏ်၏ပင်မှ
ဆက်သွယ်ရေး ကျောရိုးကို တိုက်ခိုက်ခြင်း ၊ ဘဏ်နှင့် ဆက်သွယ် ချိတ်ဆက်ထားသော အသုံးပြုသူများကို
တိုက်ခိုက်ခြင်း ၊ ဘဏ် ၀န်ထမ်းများမှတဆင့် ဘဏ်၏ အဓိက Database စံနစ်ကို တိုက်ခိုက်ခြင်း
စသည့် နည်းလမ်းပေါင်း များစွာကို အသုံးပြုကာ တိုက်ခိုက်နေလျှက်ရှိပါသည်။ ဘဏ်ဆိုသည်မှာ
ငွေအမြောက်အများထားရှိရာ နေရာ ဖြစ်သဖြင့် တိုက်ခိုက်သူများအတွက် အလွန်ပင် မျက်စိကျစရာ
နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဘဏ်လုပ်ငန်းများ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းရှင်များ
အနေဖြင့် ဘဏ်ဝန်ထမ်းများ၏ နည်းပညာလုံခြုံရေး အသိပညာမြှင့်မားတိုးတက်အောင် သင်တန်းများ
ပေးထားခြင်း ၊ ဘဏ် လုပ်ငန်းသုံး လုံခြုံရေးစံနစ်များကို သေချာစွာ ဆောင်ရွက်ထားရှိခြင်း
၊ အမြဲမပြတ် စစ်ဆေး ကြည့်ရူ့နေခြင်း ၊ မသကာင်္ဖွယ်ရာ တစ်စုံတစ်ရာတွေ့ပါက ချက်ခြင်း အရေးယူဆောင်ရွက်ခြင်း
စသည့် လုပ်ငန်းစဉ်များကို ပြုလုပ်ထားရင် လိုအပ်ပါကြောင်း အစီရင်ခံ ဖော်ပြလိုက်ရပါတယ်
ခင်ဗျာ….
6-2-2017
သတင်း စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN
Team)
Tesco ဘဏ် တိုက်ခိုက် ခံရခြင်း
Reviewed by Myanmar Ethical Hacking News
on
8:47 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:47 PM
Rating:

No comments: