ဝါရှင်တန်ဒီစီက ရဲဌာနရဲ့ ကင်မရာထိ ဝင်လာတဲ့ Ransomware
အရင်နှစ်ကတည်းကစလို့
သာမန်ပြည်သူတွေ မဆိုထားနဲ့ အဖွဲ့အစည်းကြီးတွေနဲ့ အစိုးရဌာနတွေမှာတောင် Ransomware ပြဿနာက
အတော်ကြီးထွားလာပါတယ်။ အမေရိကန် သမ္မတအသစ် ဒေါ်နယ်ထရန့်ရဲ့ ရာထူးလက်ခံယူတဲ့ အခမ်းအနားမတိုင်မီ
တပတ်အလိုလောက်က ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ကင်မရာတွေကို တိုက်ခိုက်တာမျိုးတွေရှိတယ်လို့
ဝါရှင်တန်ဒီစီ ရဲဌာနက ဆိုပါတယ်။
ကင်မရာတွေကနေ
ရယူထားတဲ့ မှတ်တမ်းတွေရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို Ransomware ကူးစက်ခဲ့တာကြောင့်
ဇန်နဝါရီ (၁၂) ရက်နေ့ကနေ (၁၅) ရက်နေ့ကြား ကာလအတွင်းက အချက်အလက်တွေကို မှတ်တမ်းအဖြစ်
မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ပြီ:ခဲ့တဲ့ (၂၈) ရက်နေ့ကတော့ မြို့အနှံ့ ဖြန့်ကျက်ထားတဲ့
စီစီတီဗွီစနစ် (CCTV System) ရဲ့ ကင်မရာ (၁၈၇) ထဲက (၁၂၃) လုံးကို Ransomware ကူးစက်သွားတာလို့
အတည်ပြုပေးပါတယ်။
ထောက်လှမ်းရေးအရာရှိတဦးဖြစ်တဲ့
Brian Ebert ကတော့ ဒီတိုက်ခိုက်မှုကြောင့် အများပြည်သူတွေရဲ့ လုံခြုံရေးကို မထိခိုက်ခဲ့ဘူးလို့
မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် ဌာနရဲ့ နည်းပညာအရာရှိချုပ်ဖြစ်တဲ့ Archana Vemulapalli
ကတော့ Storage Device တွေကို ဖြုတ်၊ တခုလုံး ဖျက်ပစ်ပြီး Restart ပြန်လုပ်ထားတာဖြစ်လို့
ငွေကြေးပေးစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။ Vemulapalli က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး
စောင့်ကြည့်ကင်မရာတွေကိုသာ ဝင်ရောက်သွားတာဖြစ်လို့ ဌာနတွင်းကွန်ယက်ကို မထိခိုက်စေခဲ့ပါဘူးလို့
ဖြည့်စွက်ပြောခဲ့ပါသေးတယ်။
စပြီး
သတိပြုမိခဲ့တဲ့ရက်က (၁၂) ရက်နေ့ကပါ။ ကင်မရာလေးလုံး အလုပ်မလုပ်တာကို တွေ့ခဲ့ပါတယ်။ ဒါနဲ့
စစ်ဆေးကြည့်တဲ့အခါ Ransomware (၂) မျိုး ဝင်နေတာ တွေ့ရပါတယ်။ ဒါနဲ့ တမြို့လုံးမှာရှိတဲ့
ကင်မရာတွေကို လိုက်စစ်ရပါတော့တယ်။ ပြုပြင်မှုအားလုံးပြီ:ဖို့ (၂) ရက်လောက် အချိန်ယူခဲ့ရပါတယ်။
7-2-2017
သတင်း
စီစဉ်တင်ဆက်သူ - Nub90d (MEHN Team)
ဝါရှင်တန်ဒီစီက ရဲဌာနရဲ့ ကင်မရာထိ ဝင်လာတဲ့ Ransomware
Reviewed by Myanmar Ethical Hacking News
on
7:35 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:35 PM
Rating:

No comments: