ကမ္ဘာပေါ်ရှိ bot အများဆုံးသော မြို့ကြီးများ


ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံတွေမှာ bot တွေအများဆုံး ပျံနှံ့လျက်ရှိတဲ့ နိုင်ငံတွေနဲ့ မြို့ကြီးတွေကို လူထုကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ရေဒီယိုနည်းဖြင့် ထုတ်လွှင့်ပေးသောစနစ် တွေကို Symantec (အမေရိကန်နိုင်ငံမှ cyber security company)မှ လုံခြုံရေးဆိုင်ရာ ကိရိယာများနဲ့ စောင့်ကြည့်ခဲ့ ကြပါတယ်။ စောင့်ကြည့်တာတွေကတော့ bot တွေဝင်ရောက်နေတဲ့ PC တွေ၊ Mac တွေ၊ စမတ်ဖုန်းတွေ၊ tabletတွေ နဲ့ အခြားသော စမတ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

မနှစ်သက်ဖွယ်ရာ bot တွေရဲ့ အပြုအမူဟာ တသမတ်တည်း ဆက်သွယ်မှုပုံစံတွေကြောင့် အလွယ်တကူ ဖမ်းယူရရှိစေပါတယ်လို့ Symantec ကပြောကြားထားပါတယ်။ Symantec မှာလည်း သက်ဆိုင်တဲ့ နိုင်ငံတွေ၊မြို့တွေနဲ့ အချိတ်အဆက်ရဖို့ ခက်ခဲ ခဲ့ပါတယ်။

bot တော်တော်များများကတော့  တူရကီနိုင်ငံ  Istanbul မြို့ကနေ ထွက်ပေါ်လာပြီးတော့ bot တွေအများဆုံးတွေ့ရတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ Istanbul နောက်ကနေ လိုက်နေတဲ့ တခုကတော တူရကီနိုင်ငံမှ Ankara  မြို့ပဲ ဖြစ်ပါတယ်။

Symantec မှ ပြောကြားချက်အရ ဒီမြို့နှစ်ခုဟာ တူရကီနိုင်ငံတစ်ခုလုံးက bot အရေအတွက်ရဲ့ ၃ပုံ ၂ပုံလောက် ကို တွေ့ရရှိရပါတယ်။Istanbul ကတော့ ၂၉ ရာခိုင်နှုန်းလောက်နဲ့ Akara ကတော့ ၂၈ ရာခိုင်နှုန်းလောက် များပြားပျံနှံ့နေပါတယ်။

ထိပ်ဆုံးက bot အများဆုံး ၁၀ ခုကတော့  Rome(Italy)၊ Budapest(Hungary)၊ Szeged(Hungary)၊Moscow(Russia)၊ Petah Tiqwa(Israel)၊ Madird(Spain)၊ Paris(France)နဲ့ London(UK) တို့ပဲဖြစ်ပါတယ်။

အမြင့်ဆုံးတွေ့ရှိရတဲ့ (၃)နိုင်ငံကတော့ Turkey၊ Italy နဲ့ Hungary တို့ပဲဖြစ်ပါတယ်။နောက်ကနေ လိုက်နေတာကတော့ Germany၊France၊ Spain၊ UK၊ Poland၊ Russia၊ Israel တို့ပဲဖြစ်ပါတယ်။

နိုင်ငံတစ်ခုစီရဲ့ အင်တာနက်အသုံးပြုသူတွေ အရေအတွက်နဲ့ bot တွေ့တဲ့ အရေအတွက်ကို နှိုင်းယှဉ်လိုက်ရင် bot သိပ်သည်းမှုကို ရရှိမှာပဲ ဖြစ်ပါတယ်။ဒီသိပ်သည်းမှုကို ကြည့်ပြီးတော့ နိုင်ငံတွေဟာ မိမိတို့ရဲ လုံခြုံရေးအခြေအနေကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီသိပ်သည်းမှုအရ Hungary နိုင်ငံမှာဆိုရင်တော့ အသုံးပြုသူ ၃၉၃ ယောက်မှာ bot တကောင်းနှုန်းရှိနေနပါတယ်။ နောက်ပိုင်းနိုင်ငံတွေကတော့ Monaco မှာ (၁/၄၅၇)၊ Andorra မှာ (၁/၅၉၁)၊ Israel မှာ (၁/၈၀၉)၊ Turkey မှာ (၁/၁၁၃၉)၊ Latvia မှာ (၁/၁၂၄၀)၊ Kuwait မှာ (၁/၁၃၇၃)၊ Italay မှာ (၁/၁၈၂၉)၊Cyprus မှာ (၁/၂၂၈၃)နဲ့ Poland မှာ (၁/၂၂၃၀)တို့ပဲဖြစ်ပါတယ်။

botnetတွေတိုးပွားလာမှုနှင့်အတူ spam နဲ့ DDoSတိုက်ခိုက်မှုတွေလည်း တိုးပွားလာပါတယ်။ ဒီအခါမှာတော့ bot တွေများပြားလာနေတဲ့နိုင်ငံတွေမှ CERT teams(Computer emergency response team)တွေကတော့ အလုပ်ပိုရှုပ်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Symantec's interactive EMEA Bots map မှာ မမေ့မလျော့ စစ်ဆေးသင်ပါတယ်။

ထိပ်ဆုံး bot အများဆုံး ၁၀ နိုင်ငံ
၁.Turkey
၂.Italy
၃.Hungary
၎.Germany
၅.France
၆.Spain
၇.United Kingdom
၈.Poland
၉.Russia
၁၀.Israel

15-3-2017
သတင်းစီစဉ်တင်ဆက်သူ :: D3@D$"i"@R (MEHN Team )

ကမ္ဘာပေါ်ရှိ bot အများဆုံးသော မြို့ကြီးများ ကမ္ဘာပေါ်ရှိ bot အများဆုံးသော မြို့ကြီးများ Reviewed by Mr.Thein on 6:36 PM Rating: 5

No comments:

MEHN Team. Powered by Blogger.