နည်းပညာကုမ္ပဏီကြီးများ၏ အပြိုင်အဆိုင် Bug Bounty
Bug Bounty Program ဆိုသည်မှာ Website များ
Server များအစရှိသည်တို့၏ အားနည်းချက် Vulnerability တွေ Bug တွေနဲ့ Exploit တွေကို
အခကြေးငွေပေးပြီး တရားဝင်ရှာဖွေခွင့်ပြုထားတဲ့ Program တစ်ခုပဲဖြစ်ပါတယ်။ Bug ဆိုတာကတော့
မြန်မာလို တိုက်ရိုက်အဓိပ္ပါယ်ပြန်ရရင် ဂျပိုးပါ။ ဂျပိုးဆိုတာက လူမြင်နိုင်သော နေရာမှာ
ပုန်းကွယ်နေသော အကောင်သေးသေးလေးတွေပါ။ လူကို အင်မတန် ဒုက္ခပေးပါတယ်။ ထို့အတူ IT နည်းပညာ
အခေါ်အဝေါ်အားဖြင့် ရှာဖွေရခက်ပြီး ဒုက္ခအလွန်ပေးသော အမှားများကို Bug ဟု တင်စားပြီး ခေါ်ဝေါ်ကြခြင်း
ဖြစ်ပါတယ်။ Bug Program အတွက် လွယ်လွယ်ပြောရရင်တော့ သင်ဟာ အားနည်းချက် အသစ်တစ်ခုကို
ရှာဖွေထိုးဖောက်ပြနိုင်ရင်တော့ ထိုက်ထိုက်တန်တန် ဆုချီးမြင့်ခြင်း ခံရမှာပဲဖြစ်ပါတယ်။
ဆုချီးမြင့်ငွေဟာ မြန်မာငွေနှင့် တွက်ချက်ကြည့်မယ်ဆိုရင်တော့ အနည်းဆုံး သိန်းရာချီပမာဏ
ရှိပါတယ်။
ယခင်ကတည်းက နာမည်ကြီးကုမ္ပဏီများဖြစ်ကြသည့်
Apple ၊ Pornhub အစရှိသည့် ကုမ္ပဏီများသည် Bug Bountry Program များရေးဆွဲပြီး ၎င်းတို့၏
Server များတွင် ရှိနေနိုင်သော အားနည်းချက်တွေကို ဆုကြေးငွေပေးပြီး ရှာဖွေမှူ့များ
ပြုလုပ်စေခဲ့ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် အဆိုပါ Servers များကို လွယ်လင့်တကူ
ထိုးဖောက်ခြင်း ခံရနိုင်တဲ့ Vulnerability အားနည်းချက်များကို အချိန်မှီ ပြင်ဆင်နိုင်ပြီး
အားနည်းချက်များ အမှန်တကယ် ရှိနေခဲ့ရင်တောင် အလွယ်တကူ ထိုးဖောက်တိုက်ခိုက်နိုင်ဖို့
လုံးဝမဖြစ်လောက်အောင် ကာကွယ်ပေးနိုင်စွမ်းတွေ မြင့်မားလာပါတယ်။
ထိုကဲ့သို့ ကာကွယ်နိုင်မှုစွမ်းအားတွေ မြင့်တက်ပြီး
အားနည်းချက်များ ရှားပါးလာတဲ့အခါ ဟက်ကာ (Hackers) တွေအတွက် ခက်ခဲရှုပ်ထွေးပြီး အလွယ်တကူ
ဖြေရှင်းမရနိုင်သော Vulnerability အားနည်းချက်တွေကို အချိန်ပေးပြီး ကြိုးစားရှာဖွေပေးရမယ့်
အခြေအနေတစ်ခု ဖြစ်ပေါ်လာပါတယ်။ အချိန်ပိုပြီးပေးရမှာဖြစ်သလို ပိုပြီးခက်ခဲလာတဲ့အတွက်ကြောင့်
ကုမ္ပဏီကြီးများအနေနှင့် ဟက်ကာ (Hackers) တွေကို လွယ်လင့်တကူ စိတ်ပျက်မသွားအောင် လုပ်ဆောင်ပေးဖို့
လိုအပ်လာပါတယ်။ အဆိုပါ အခြင်းအရာများကို ကြိုတင်သိပြီးသားဖြစ်တဲ့ နည်းပညာမဟာ ကုမ္ပဏီကြီးများသည်လည်း
Bug Bounty ကြေးတွေကို တိုးမြင့်ပေးလိုက်ပါတယ်။
Microsoft မှ ယခင် အမေရိကန်ဒေါ်လာ ၁၅၀၀၀
မှ ယခု ၃၀၀၀၀ ထိတိုးမြင့်လိုက်ပြီး Google မှ ယခင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ မှ ယခု ၃၁၃၃၇
ထိတိုးမြင့်လိုက်ခြင်းပါတယ်။ Google ရဲ့အဆိုပါဈေးနှုန်းဟာ ယခင်ဈေးနှုန်း ဒေါ်လာ ၁၃၃၇
ကျပ်ကို ၅၀ ရာခိုင်နှုန်း ပေါင်းထည့်ပေးတဲ့
ငွေကြေးပမာဏနှင့် ညီမျှနေပါတယ်။
Google မှ Bug Bounty Program အတွက်
Vulnerability အလိုက် သတ်မှတ်ပေးထားသော ဈေးနှုန်းများကိုတော့ ပုံမှာဖော်ပြပေးထားပါတယ်။
စာရင်းအရ RCE (Remote Code Execution) အတွက် Google မှ အမေရိကန်ဒေါ်လာ ၂၀၀၀၀ နဲ့
Database Access Bug အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ယခင်ကသတ်မှတ်ခဲ့ပေမယ့် အခုအခါမှာတော့
အမေရိကန်ဒေါ်လာ ၃၁၃၃၇ နဲ့ ၁၃၃၃၇ အသီးသီးတိုးသွားပါတယ်။ Google ရဲ့ဆုကြေးငွေပမာဏဟာ ၂၀၁၀
ကတည်းကနေ ယနေ့အထိစုစုပေါင်းဒေါ်လာ ၉ သန်းကျော်သွားပြီဖြစ်ပါတယ်။ ယမန်နှစ် ၂၀၁၆ တစ်နှစ်တည်းအတွင်းမှာတင်ကို
၃ သန်းအထိရှိပါတယ်။
Microsoft မှလည်း XSS, CSRF, Privilege
Escalation Bugs စတဲ့အားနည်းချက်တွေအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀ − ၃၀၀၀၀ အထိ တိုးမြင့်ပေးလိုက်ပါတယ်။
အခုလို နည်းပညာကုမ္ပဏီကြီးများသည် မိမိတို့၏ ထုတ်ကုန်တွေမှာ အားနည်းချက်တွေကို ကာကွယ်နိုင်ပြီး
လုံခြုံမှုရေး ကောင်းမွန်ဖို့အတွက် လုပ်ဆောင်ပြနေကြပုံဟာ အင်မတန် လေးစားဖို့ကောင်းလှပါတယ်။ နောက်ပြီး ဟက်ကာ (Hackers) တွေအတွက် အရမ်းချမ်းသာနိုင်မယ့်
အခွင့်အရေး တစ်ခုလည်း ဖြစ်နေပါတယ်။ မက်မောစရာကောင်းလှတဲ့ ငွေကြေးတွေကြောင့်
Security Researcher များအနေဖြင့် ရှာဖွေဖို့ခက်ခဲလှတဲ့ Vulnerability တွေကို ကြိုးစားရှာဖွေကြလိမ့်မယ်လို့
ယူဆရပါတယ်။ ကျွှန်တော်တို့နိုင်ငံမှာလည်း အဆိုပါ Bugs များကိုရှာဖွေနိုင်တဲ့
Security Researcher ပညာရှင်များ ထွက်ပေါ်လာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုရေးသားလိုက်ရပါတယ်။
11-3-2017
သတင်း စီစဉ်တင်ဆက်သူ - Fr!d@y (MEHN
Team)
နည်းပညာကုမ္ပဏီကြီးများ၏ အပြိုင်အဆိုင် Bug Bounty
Reviewed by Myanmar Ethical Hacking News
on
6:41 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:41 PM
Rating:

No comments: