VPS တစ်လုံး ဖန်တီးကြည့်ခြင်း
ဒီတစ်ခါ စာချစ်သူများကို တင်ပြပေးချင်သည့် အကြောင်းအရာကတော့
VPS တစ်ခုကို Credit Card,Master Card, PayPal တို့မလိုအပ်ဘဲ ၇ရက်တိတိ အခမဲ့အသုံးပြုလို့ရမည့်
နည်းလမ်းလေးပဲဖြစ်ပါတယ်။
အဲ့တော့စလိုက်ရအောင်
ပုံ - ၁
7
days of Testing ဆိုတဲ့ စာသားလေးကိုနိုပ်လိုက်ပါ။ အောက်ပါ ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ပုံ - ၂
အထက်ပါအတိုင်း လိုအပ်တာများကို ဖြည့်ပေးပါ။ပြီးဆုံးသွားပါက
အောက်ဆုံးက Order ကိုနိုပ်လိုက်ပါ။
ပုံ - ၃
ဒါဆိုရင်တော့ စာချစ်သူတို့ထည့်ပေးခဲ့တဲ့
Mail ကိုသွားစစ်လိုက်ပါက တဘက်ကနေ ပြန်ဖို့ပေးထားတဲ့ Mail ရောက်နေတာကို တွေ့ရပါလိမ့်မယ်။
ပုံ - ၎
ပုံ - ၅
Mail ထဲမှာ သူတို့ပို့ပေးထားတဲ့ စာရောက်နေတာကိုတွေ့ရပါလိမ့်မယ်။
Login to Dashboard ဆိုတဲ့စာသားကို နိပ်လိုက်ပါက Login ၀င်ရတဲ့ Page ကိုရောက်သွားမှာ
ဖြစ်ပါတယ်။
ပုံ - ၆
စာချစ်သူတို့ ပေးခဲ့တဲ့အတိုင်း လေးထည့်ပီး
Login နိုပ်လိုက်ပါ။
ပုံ - ၇
ဒါဆိုရင်တော့ ကျွန်တော်တို့ VPS တစ်ခုကို
Develop လုပ်လို့ရပါပြီ။ ထို့နောက် Deploy VPS form template ဆိုတဲ့စာသားလေးကိုနိပ်လိုက်ပါ။
ပုံ - ၈
အထက်ပါပုံအတိုင်း ပေါ်လာရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ
OS တစ်ခုကိုရွေးပြီး Deploy လုပ်လို့ရပါပြီ။ (free 7 ရက်ပဲသုံးမှာဖြစ်တဲ့အတွက် တချို့
OS တွေတော့သုံးလို့ရမှာမဟုတ်ပါ)
ပုံ - ၉
အထက်ပါအတိုင်းပေါ်လာပါက VPS တစ်ခုအောင်မြင်စွာ
ဖန်တီးလို့ပြီးသွားပါပြီ State မှာ Starting လို့လဲပေါ်နေပါပြီ ဒါဆိုရင်တော့ ကျွန်တော်တို့
SSH ကိုအသုံးပြုပြီးဝင်ရောက်ရပါမယ်။ SSH ဖြင့် ၀င်ရောက်ရန်အတွက် Putty ဟုခေါ်သော
Software လိုအပ်မှာ ဖြစ်ပါတယ်။ Putty ကို ပေးထားသော Link တွင် Download ရယူနိုင်ပါတယ်။
ပုံ - ၁၀
Open
ဆိုတာနိပ်ပြီးသွားရင်ကျွန်တော်တို့ Username & Password ထည့်ပေးရမှာဖြစ်ပါတယ်။
အဲ့ဒါတွေကို Mail ကနေပို့မှာဖြစ်တဲ့အတွက် Mail ထဲပြန်သွားပါမယ်။
ပုံ - ၁၁
အထက်ပါအတိုင်း Mail ကိုတွေ့ပြီဆိုပါက
နိုပ်လိုက်ပါ Username နှင့် Password ကိုတွေ့ရမှာ ဖြစ်ပါတယ်။
ပုံ - ၁၂
ခုနက ssh Login ၀င်ထားတဲ့နေရာကိုပြန်သွား
Username & Password ကိုထည့်လိုက်ပါက အောက်ပါအတိုင်း VPS ထဲကို ၀င်ရောက်သွားမှာ
ဖြစ်ပါတယ်။
ပုံ - ၁၃
စာချစ်သူများ သတိပြုရမှာကတော့ ၇ရက်ပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အချိန်အတိုင်းအတာ
တစ်ခုအထိ အသုံးပြုချင်တယ်ဆိုရင်တော့ ၀ယ်သုံးရမှာဖြစ်ပါတယ်။ VPS ကို Computer မှာမှ
မဟုတ်ဘဲ Smart Phone များမှ တဆင့်လည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ စာချစ်သူများအားလုံး
ပျော်ရွှင်စွာ စာများလေ့လာနိုင်ပါစေလို့ တောင်းဆုပြုလိုက်ရင်း နားလိုက်ပါရစေ ခင်ဗျာ။
1-3-2017
စီစဉ်တင်ဆက်သူ - Algorithm
(MEHN Team)
VPS တစ်လုံး ဖန်တီးကြည့်ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:33 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:33 PM
Rating:










No comments: