တကျော့ပြန်လာတဲ့ Nokia 3310

Nokia ဖုန်းများဟု ဆိုလျှင် အတော်များများ မသိသူမရှိ တစ်ခေတ်တစ်ခါက ရွှေထီးဆောင်းခဲ့သော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည်။ Nokia ဖုန်းအကြမ်းခံပုံ ဘထ္တရီ အသုံးခံပုံတို့ကို ကမ္ဘာ့အသိုင်းအ၀ိုင်းကပင် အသိအမှတ်ပြု ခံရလောက်အောင် စံတင်နိုင်ခဲ့ပေသည်။ စာရေးသူ နောက်ဆုံးမြင်တွေ့လိုက်သည့် Nokia ဖုန်း အမျိုးအစားမှာ N97 ဖြစ်သည်။ သူ့ခေတ်သူ့အခါတုန်းက တန်ကြေးငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင်ခန့်ရှိသည်။ ထို့နောက်ပိုင်းတွင် Android နှင့် IOS ဟုခေါ်သော Windows OS စံနစ်သုံး ဖုန်းများ ရေပန်းစားလာခဲ့သည်။ Windows ဖုန်းများ၏ အဓိကအားသာချက်မှာ Touch Screen ဖြစ်သည်။ Apple 2G မပေါ်ခင်တုန်းက Touch ဖုန်းများ ခေတ်မစားသေးပေ။ Apple iPhone 3G နောက်ပိုင်းတွင် Apple ကို လူအတော်များများ သိလာကြပြီး အတော်ပင် တွင်ကျယ်လာခဲ့သည်။

Windows OS စံနစ်သုံး Touch Screen ဖုန်းများ တွင်ကျယ်လာခြင်းနှင့်အတူ Keypad ဖုန်းများလည်း တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်လာခဲ့ပါတယ်။ နောက်ဆုံး Nokia ကုမ္ပဏီကို ရောင်းချခဲ့ရသည့်အထိ Phone Revolution ဟုခေါ်သော Keypad မှသည် Touch Screen နည်းပညာသစ်များဆီသို့ တဆစ်ချိုးကွေ့ပြီး သိသိသာသာ ပြောင်းလဲ ပစ်နိုင်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး Nokia မှ နည်းပညာအသစ် အသုံးပြုသော မည်သည့်ဖုန်းမျှ ထပ်မံ ထုတ်နိုင်ခြင်း မရှိတော့ချေ။ ကံကြမ္မာလှည်းဘီး အလှည့်အပြောင်းကို ဆိုးဝါးစွာ ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ခတ်တစ်ခါက လျှံလျှံတောက် အောင်မြင်ကျော်ကြားခဲ့သော Nokia သည် နေ၀င်ချိန်တွင်လည်း ကုမ္ပဏီအား Microsoft အား ရောင်းချခဲ့ရသည့်အထိ အခြေအနေဆိုးဝါးခဲ့သည်။ ကံကြမ္မာ အလှည့်အပြောင်းလည် လွန်စွာမှ မြန်ဆန်လှပေစွ တကား။

၇ နှစ်ကြာ ပြုပြင်ပြောင်းလဲမှူ့များ ပြုလုပ်ပြီးနောက် ယခုနှစ် ၂၀၁၇ ခုနှစ် အစပိုင်းမှာဘဲ Nokia ကုမ္ပဏီမှ Nokia 3310 ကို ပုံစံအသစ် စတိုလ်တစ်မျိုးဖြင့် ထုတ်လုပ်လိုက်ပါတယ်။ နည်းပညာအသစ်များဖြင့် ထုတ်လုပ်ထားသော Nokia 3310 တွင် အသစ်သော လုပ်ငန်းစဉ် Function များဖြင့် တွေ့မြင်ရမှာပါ။

Nokia 3310 ၏ လုပ်ဆောင်ချက် စွမ်းဆောင်ရည်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၂၂ နာရီ မနားတမ်း ဖုန်းပြောနိုင်ပါတယ်။
အသုံးမပြုဘဲထားပါက ၁ လတိတိ ဘထ္တရီခံပါတယ်။
မြွေကစားနည်း ပါဝင်ပါတယ်။
Nokia သံစဉ်များ ပါဝင်ပါတယ်။
အရောင်စုံရရှိနိုင်ပါတယ်။
2 Mega Pixel ကင်မရာနှင့်အတူ LED Flash အလင်းရောင်ပါဝင်ပါတယ်။
ဘတ္ထရီအပါအ၀င် ၇၉.၆ ဂရမ်သာ လေးပါတယ်။
ဖုန်းမျက်နှာပြင်မှာ ၂.၄ လက်မကျယ်ဝန်းပါတယ်။
Sim ကဒ် ၂ ခု ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
Nokia Series 30+ Operating System ကို အသုံးပြုထားပါတယ်။
MicroSD အား 32 GB အထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
MicroUSB ပါဝင်ပါတယ်။
3.5 မီလီမီတာ အားသွင်းကြိုးပါဝင်ပါတယ်။
Bluetooth 3.0 နည်းပညာ ပါဝင်ပါတယ်။

Nokia 3310 ကို ပထမဆုံး ထုတ်လုပ်ခဲ့တာကတော့ ၂၀၀၀ ခုနှစ်မှာ ဖြစ်ပါတယ်။ ယခုတဖန် တစ်ကျော့ပြန်ပြီး ပြန်လည် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ နည်းပညာများကတော့ ၂၀၀၀ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့သော နည်းပညာများဖြင့် မဟုတ်တော့ဘဲ နည်းပညာအသစ်များ ထည့်သွင်းပေါင်းစပ်ထားပါတယ်။ တစ်ကျော့ပြန် Nokia 3310 သည် အောင်မြင်မှူ့ကို ရရှိမလား တဖန်ပြန်လည် ငုပ်လျိုးသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

3-3-2017
သတင်း စီစဉ်တင်ဆက်သူ - ပိုင်လင် (MEHN Team)

တကျော့ပြန်လာတဲ့ Nokia 3310 တကျော့ပြန်လာတဲ့ Nokia 3310 Reviewed by Myanmar Ethical Hacking News on 1:58 PM Rating: 5

No comments:

MEHN Team. Powered by Blogger.