အသုံးဝင် Screen Recorder များ



စာချစ်သူက နည်းပညာကို သင်ကြားပို့ချပေးနေသော ဆရာတစ်ယောက် ဒါမှမဟုတ် ပညာရပ် တစ်ခုခုကို သင်ကြားပို့ချနေသော ဖြန့်ဝေနေသော ဆရာတစ်ယောက်ဆိုရင် Screen Recorder သည် မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။ ပညာရပ်များကို ဖြန့်ဝေနေသူတိုင်း Video Tutorial များ လုပ်ရလေ့ရှိပါတယ်။ ထိုအခါ  Screen Recorder ကောင်းကောင်းလိုအပ်ပါတယ်။ Screen Recorder ကောင်းကောင်းမရှိပါက ရုပ်ထွက်မကောင်းခြင်း အသံမကောင်းခြင်း ရုပ်နှင့် အသံနှင့် မကိုက်ညီခြင်း စသည့် အခက်အခဲများကို တွေ့ရလေ့ရှိပါတယ်။ ထိုသို့ မဖြစ်စေရန်အတွက် ယခု အသုံးဝင်မည့် Screen Recorder များကို စုစည်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

CamStudio

CamStudio ကတော့ Computer Screen ကို Record လုပ်ပေးမှာ ဖြစ်ပြီး Mouse Cursor , Record Sounds စသည့် တို့၏ အဖွင့်အပိတ်များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။



Ezvid

Ezvid သည် Recording Files များကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း Text များ ထပ်ထည့်နိုင်ခြင်း Slidshow Effect များ ထည့်နိုင်ခြင်း နှင့် အမြန်နှုန်း အတိုး အလျှော့ ပြုလုပ်နိုင်ခြင်း Ezvid ကို အသုံးပြုပြီး Youtube ပေါ်သို့ Record လုပ်ထားပြီးသာ Video Files များကို တိုက်ရိုက်တင်နိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။



Jing

Jing သည် Screen Record ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော Application တစ်ခု ဖြစ်သည်။



Screenr

Screenr သည် အခြား Screen Recorder များ မတူပေ။ Installation လုပ်စရာမလိုဘဲ အင်တာနက်မှတဆင့် တိုက်ရိုက် ကွန်ပြူတာ Screen ကို Record လုပ်နိုင်ပါတယ်။ Screenr ကို အသုံးဖို့အတွက် java ကို Installation လုပ်ထားရမှာဖြစ်ပါတယ်။ Recording Time ကတော့ အများဆုံး ၅ မိနစ်သာ ဖြစ်ပါတယ်။



Rylstim Screen Recorder

Rylstim Screen Recorder ကတော့ ဘာ Setting အရှူပ်အရှင်းမျှမပါဝင်သော ရိုးရှင်းသော Screen Recorder တစ်ခု ဖြစ်ပါတယ်။ Setting မပြင်ချင်သော သူများအတွက် အထူးပင်သင့်လျှော်ပါတယ်။



Camtasia Studio

Camtasia Studio ကတော့ Screen Recorder ထဲတွင် အထူးကောင်းမွန်သော Screen Recorder တစ်ခု ဖြစ်သည်။ Video , Music , Photo စသည်များကို လိုသလို ဖန်တီးနိုင်ပြီး Software မှ တဆင့် youtube ပေါ်သို့ တိုက်ရိုက် upload တင်နိုင်ပါသည်။



Webinaria

Webinaria သည် Open Source Software တစ်ခု ဖြစ်ပြီး Video , Voice များကို Record လုပ်နိုင်ခြင်း AVI and FLV Video Files များ ဖန်တီးနိုင်ခြင်း စာသားများထပ်ထည့်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။


FRAPS

FRAPS ကတော့ Game ကစားသူများအတွက် Game များကို Screen Record ဖမ်းရာတွင် အထူးပင် သင့်လျှော်ပါတယ်။ Graphic ကောင်းကောင်းနှင့် ဖန်တီးပေးထားလို့ စာချစ်သူတို့စိတ်တိုင်းကျစေမှာပါ။



ActivePresenter

ActivePresenter သည် အခြားသော Screen Recorder များကဲ့သို့ပင် Computer Screen ကို Record လုပ်ပေးမည် ဖြစ်သည်။



Icecream Screen Recorder

Icecream Screen Recorder အသုံးဝင်သည့် Screen Recorder တစ်ခု ဖြစ်သည်။



Video Download Capture

Video Download Capture သည် Computer Screen ကို ကြည်လင်ပြတ်သားသော ရုပ်ထွက်ဖြင့် ဖမ်းယူပေးမည် ဖြစ်သည်။ အသံကိုပါ ဖမ်းယူပေးနိုင်ခြင်း လိုသလို ဖြတ်တောက်နိုင်ခြင်း Software ကို အသုံးပြုပြီး youtube ပေါ်သို့ တိုက်ရိုက်တင်နိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။



Tiny Take

Tine Take သည် Screen Recorder များထဲမှ အထူးပင် ကောင်းမွန်လှသော Recorder တစ်ခုဖြစ်သည်။ ရုပ် နှင့် အသံကို Record လုပ်နိုင်ခြင်း လိုသလိုတည်းဖြတ်နိုင်ခြင်း ကြည်လင်ပြတ်သားခြင်း Software ကို အသုံးပြုပြီး youtube ပေါ်သို့ တိုက်ရိုက်တင်နိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။



Screen Recorder သည် မရှိမဖြစ်လိုအပ်လှသော Software တစ်ခုမဟုတ်သော်လည်း တချိန်ချိန်တွင် လိုအပ်လာနိုင်သော Software တစ်ခုဖြစ်သည်။ ထို့ကြောင့် စာချစ်သူများအနေဖြင့် Screen Recorder Software များကို လိုအပ်လျှင် အသုံးပြုနိုင်အောင် ဆောင်ထားသင့်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။


3-4-2017
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)

အသုံးဝင် Screen Recorder များ အသုံးဝင် Screen Recorder များ Reviewed by Myanmar Ethical Hacking News on 7:19 PM Rating: 5

No comments:

MEHN Team. Powered by Blogger.