Petya Ransomware ဖြန့်ဝေသူအား ရဲ မှ ဖမ်းဆီးလိုက်ခြင်း
ယူကရိန်း ရဲတပ်ဖွဲ့ဟာ Petaya Ransomare ဖြန့်ဝေတဲ့ အသက် ၅၁ နှစ်ရှိပြီ ဖြစ်သော Sergey Neverov ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီ ဖြန့်ဝေမှုဟာ နိုင်ငံတော်တော်များများကို တိုက်ခိုက်ခံရစေခဲ့တယ်။Petya ransomware တိုက်ခိုက်မှုကို ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲမှ Ukraine,UK,India, Netherlands, Spain,Denmark တို့က အဓိက တိုက်ခိုက်ခံခဲ့ရပြီး အခြားနိုင်ငံအနည်းငယ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီ Petya ransomware ဟာ malware နဲ့ ဆင်တူပြီးတော့ ပြန့်နှံ့ မှုသည် အလွန်လျှင်မြန်ပြီး windows SMBv1 အားနည်းချက်ကို အသုံးချကာတိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ဒီတိုက်ခိုက်မှုကြောင့် ၃၀၀၀၀၀ ခန့်သော ပစ္စည်းကိရိယာများ ထိခိုက်ခဲ့ပါတယ်။ ယူကရိန်းဆိုက်ဘာ ရဲများမှ video blogger ဖြစ်သူ Sergey Neverov ကို သြဂုတ်လ ၇ ရက်နေ့က သူ၏အိမ်မှာပဲ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခဲ့ရတဲ့ အကြောင်းရင်းကတော့ malware(petya)ကို အသုံးပြုပြီး ကွန်ပျူတာတွေကို ဘယ်လိုတိုက်ခိုက်ရတယ်ဆိုတဲ့ video နဲ့ ransomware download link တွေကို သူ၏ social media အကောင့်ကနေ တင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဆိုက်ဘာရဲအရာရှိများဟာ ရှာဖွေခွင့် ခွင့်ပြုမိန့်အရ တိုက်ခိုက်သူရဲ့ နေရာကို ထောက်လှမ်းရှာဖွေခဲ့ ကြတာဖြစ်ပါတယ်။ ရဲအရာရှိများဟာ Petya ransomwareဖြန့်ဝေတဲ့သူကို ရှာဖွေဖမ်းဆီးဖို့ အဖွဲ့တွေဖွဲ့စည်းထောက်လှမ်းခဲ့ကြပါတယ်။ ရဲအရာရှိများဟာ Sergey Neverov ကို သူ၏ social media account မှတစ်ဆင့် Petya ransomware တောင်းခံဝယ်ယူခြင်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
ဒီransomwareဖြန့် ဝေမှုကြောင့်ယူကရိန်း နိုင်ငံမှာ စက်ပစ္စည်း ၄၀၀ကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ Sergey Neverov ဟာ သူ့ရဲ့ သက်သေအထောက်အထားတွေကို ဖုံးကွယ်ခြင်းမရှိခဲ့သလို ၊တချို့ videoများတွင်လည်း သူ၏မျက်နှာကို ထုတ်ဖော်ပြသထားခဲ့ပါတယ်။ ဒီအပြင် Nikopol မှာရှိတဲ့ သူ၏အိမ် တည်နေရာ GPS Location ကိုလည်း ဖျောက်ဖျက်ထားခြင်း၊လွှဲပြောင်းထားခြင်းမရှိဘဲ တိတိကျကျ ပြသထားခဲ့ပါတယ်။
ဒီအချက်တွေကြောင့် သူဟာ သူရဲ့ အချက်အလက်တွေ၊ တည်နေရာတွေ၊ သက်သေအထောက်အထားတွေကိုဖုံးကွယ်ခြင်းမရှိဘဲ တခြားသော ဘယ်အရာတွေကို အလေးပေးဆောင်ရွက်ခဲ့သလဲမသိပါ။ ဒါကြောင့် ရဲအရာရှိတွေလည်း SE သုံးပြီး ထောက်လှမ်းသလို ဟက်ကာများမှလည်း SE ကို သိထားဖို့ လိုအပ်ပါတယ်။ ယခုဖြစ်ရပ်နှင့် ပက်သက်၍ ဟက်ကာသည် အမည်ကျော်ကြားအောင်လုပ်ခြင်းလော သို့မဟုတ် တခြားသော ဟက်ကာ၏ ထိုးကျွေးခံ ဖြစ်ခဲ့ ခြင်းပေလော ဆိုတာ ?
စာချစ်သူ မိဘညီအစ်ကို မောင်နှမ များအနေနဲ့ social media တွေကို အသုံးပြုရာမှာ သတိလေး ထားကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။
သတင်းစီစဉ်တင်ဆက်သူ
D3@D$"!"@R ( MEHN Team )
Reviewed by Mr.Thein
on
7:29 PM
Rating:

No comments: