Anonymous Hacker Group မှ Ku Klux Klan (KKK) အဖွဲ့ဝင် ၁၀၀၀ ၏ အချက်အလက်များကို ဖော်ထုတ်ခြင်း
Ku Klux Klan (KKK) အဖွဲ့ဝင် ၁၀၀၀ ၏ အချက်အလက်များကို
Anonymous Hacktivists အဖွဲ့မှ 24.November 2014 ရက်နေ့၌ ဖြစ်ပွားခဲ့သော “Ferguson”
အထိကရုန်း ၁နှစ်ပြည့် နှစ်ပတ်လည်နေ့၌ ထုတ်ဖော်သွားရန် စီစဉ်လျှက်ရှိပါတယ်။ Hacker များသည်
KKK ခေါ် #OpKKK ဟူသောအမည်ဖြင့် Cyber စစ်ဆင်ရေးတရပ်ဆင်နွှဲရန် ပြင်ဆင်လျှက်ရှိပါတယ်။
တိုက်ခိုက်မည့် ပစ်မှတ်များမှာ KKK ၏ Website များသာမက KKK နှင့် ပတ်သက်ဆက်နွယ်နေသော
Social Media Accounts များကိုပါ တိုက်ခိုက်မည့် စာရင်းထဲတွင် ထည့်သွင်းထားပြီး ဖြစ်ပါတယ်။
Ku Klux Klan (KKK) ကို ၁၈၆၆ ခုနှစ်တွင်
စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့အစည်း၏ ရည်ရွယ်ချက်မျာ လူဖြူဝါဒ ကြီးစိုးရေးနှင့် လူမည်းများကို
နှိမ်နင်းရေးဖြစ်ပါတယ်။ Ku Klux Klan (KKK) သည် များစွာသော ရာဇ၀တ်များကို ကျူးလွန်ကြပါတယ်။
အများအားဖြင့် လူမည်းများအပေါ်တွင် ကျူးလွန်ကြပါတယ်။ လူမည်းများကို ဖမ်းဆီးနှိပ်စက်ခြင်း
သတ်ဖြတ်ခြင်း အဓမ္မကျင့်ခြင်း များအပြင် ဗုံးထောင်ခြင်း လိမ်လည်လည့်ဖြားခြင်း စသည့်
ရာဇ၀တ်မှူ့များလည်း ကျူးလွန်ကြပါတယ်။ ထို့အပြင် Ku Klux Klan (KKK) အဖွဲ့သားများသည်
ဟီဘရူးဘာသာနှင့် ကသလစ်ဘာသာများကိုလည်း ဆန့်ကျင်သူများ ဖြစ်ပါတယ်။ Ku Klux Klan
(KKK) ၏ အခြား ထင်ရှားသောအမည် များမှာ - White Brotherhood, Heroes of America, Constitutional Union Guards, and
Invisible Empire စသည့် အမည်များ ဖြစ်ပါတယ်။
KKK နှင့် Anonymous Hacker Group တို့ကြားရှိ
အားပြိုင်ပွဲဟာ Ferguson မြို့၌ ဖြစ်ပွားခဲ့သော Mike Brown အမည်ရ ဆယ်ကျော်သက် လူမည်းအား
ရဲအရာရှိ Darren Wilson မှ သတ်ဖြတ်ခဲ့ခြင်းအပေါ် ခုံသမာဓိအဖွဲ့၏့ ဆုံးဖြတ်ချက်ကြောင့်
ဖြစ်ပါတယ်။ ထိုဖြစ်စဉ်အတွင်း ပြည်တွင်းရှိ KKK အဖွဲ့ (ရှေးဟောင်း အမေရိကန် သူရဲကောင်းများ
(သို့မဟုတ်) Ku Klux Klan (TAKKKK) ) မှ ကန့်ကွက်သူများကို 'သေစေနိုင်လောက်သော တိုက်ခိုက်မှု'
ကို အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ထိုဖြစ်ရပ်ကို တုန့်ပြန်ခြင်းအားဖြင့် Anonymous
Hacker အဖွဲ့မှ KKK ၏အဓိက Twitter အကောင့်ကို ထိန်းချုပ်ပြီး TAKKKK အဖွဲ့ဝင်အချို့၏
Personal Information များကို ဖော်ထုတ်ခဲ့တယ်။ ၎င်းမှနေ၍ Ferguson ရဲဌာနနှင့် TAKKKK တို့ကြား
ဆက်သွယ်မှု သက်သေကိုလည်း ရရှိခဲ့ပါတယ်။
Anonymous အဖွဲ့၏ လုပ်ဆောင်ချက်များကြောင့်
KKK ၏ အဖွဲ့ဝင်များသည် သူတို့၏ သက်သေခံ အထောက်အထားများ ပေါက်ကြားခဲ့ပြီးနောက် များစွာသောအဖွဲ့ဝင်များ
နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုမှာတော့ Anonymous Hacker Group မှ KKK အဖွဲ့ဝင်များ၏
အထောက်အထားများကို ထုတ်ဖော်သွားမှာဖြစ်ပြီး Ferguson အထိကရုန်း နှစ်ပတ်လည်နေ့ မတိုင်မီ
ဖြစ်ပါတယ်လို့ ကြေငြာခဲ့ပါတယ်။
"ကျွှန်တော်တို့ဟာ သင့်ကို တိုက်ခိုက်နေတာ
မဟုတ်ပါဘူး ကျွှန်တော်တို့ ယုံကြည်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ခိုက်ခြင်းဖြစ်တယ်"
လို့ လွန်ခဲ့တဲ့အပတ်က ထုတ်ပြန်တဲ့ Anonymous Hacker အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။
"ကျွှန်တော်တို့ သင့်ကိုတိုက်ခိုက်နေတယ်ဆိုရင် ဒါဟာကျွှန်တော်တိုရဲ့ ညီအစ်ကို မောင်နှမများကို
သင်ဟာ တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ် သင့်ရဲ့ အပြုအမူကြောင့် ကျနော်တို့ဟာ KKK
အဖွဲ့ကို လုပ်ဆောင်ခဲ့သလို လုပ်ဆောင်ရလိမ့်မယ်” လို့ ကြေငြာခဲ့ပါတယ်။ ဒီ Operationရဲ့
ရည်ရွယ်ချက်ဟာ Cyber Warfare ထက်မပိုပါဘူး လို့ ကျွှမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။
6.Novebmer 2015
သတင်းစီစဉ် တင်ဆက်သူ : Zin Moko (MEHN Team)
Anonymous Hacker Group မှ Ku Klux Klan (KKK) အဖွဲ့ဝင် ၁၀၀၀ ၏ အချက်အလက်များကို ဖော်ထုတ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
5:22 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
5:22 PM
Rating:

No comments: