CCTV Cameras များကို Hack ပြီး DDos Attack ပြုလုပ်ခြင်း



Smart TV, Traffic Light အစရှိတဲ့ Internet Online ချိတ်ဆက်နိုင်တဲ့ ပစ္စည်းတွေကို ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေတဲ့သူများသည် အသုံးဝင်တဲ့ အရာတွေအဖြစ် စိတ်ဝင်စားလာကြပါတယ်။ အဆိုပါပစ္စည်းတွေမှာ ပါဝင်တဲ့ Network စနစ် အစိတ်အပိုင်းများရဲ့ လုံခြုံမှုစနစ် အားနည်းချက်တွေကို အသုံးချ ထိုးဖောက်ဝင်ရောက်ပြီး ဆိုက်ဘာလက်နက်များ အဖြစ်သို့ ပြောင်းလဲအသုံးချခြင်း ပြုနိုင်ပါတယ်။

ယခုအခါမှာ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ချင်သူတွေ ဦးတည်လုပ်ဆောင်ဖို့ ကြိုးစားလာတာကတော့ လုံခြုံမှုအားနည်းချက်ရှိနေတဲ့ CCTV Camera တွေကို ထိုးဖောက်ဝင်ရောက်ပြီး DDos တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ ဟက်ကာတွေဟာ Shopping Mall တွေမှာရှိတဲ့ လုံခြုံမှုစနစ်အားနည်းတဲ့ CCTV Camera တွေကို အရင်ဆုံးရှာဖွေပြီး ဟက်ပါတယ်။ ဟက်ခံထိထားတဲ့ ကင်မရာတွေကို ပေါင်းပြီးကြီးမားတဲ့ Botnet တစ်ခုကိုဖန်တီးပါတယ်။ Botnet အကူအညီနဲ့ ဖျက်စီးနိုင်မှု အင်အားကြီးမားတဲ့ DDos တိုက်ခိုက်မှုဖန်တီးပါတယ်။ တိုက်ခိုက်မှုဟာ Internet မှာရှိတဲ့ Website များစွာကို Down သွားအောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ ဆိုက်ဘာတိုက်ခိုက်မှု စောင့်ကြည့်သုတေသနအဖွဲ့တစ်ခု့ဖြစ်တဲ့ Imperva (www.imperva.com) ကနေဖော်ပြပါ CCTV Botnet တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်ကြောင်း စတင် သတိပေး ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သတိပေးထားခဲ့ပေမယ့်လည်း ပေါ့လျော့မှုကြောင့် လက်ရှိအချိန်မှာတော့ CCTV Camera ပေါင်း ၉၀၀ လောက် DDos တိုက်ခိုက်နေတဲ့ လက်နက်တွေ ဖြစ်နေကြပါပြီ လို့ Impera က ဖော်ပြထားပါတယ်။ အဆိုပါ CCTV Camera များဟာ Linux Busybox Toolkit အခြေခံတည်ဆောက်ထားတဲ့ ပစ္စည်းများသာဖြစ်ပါတယ်။ 


Botnet မှာပါဝင်တဲ့ ဟက်ထိခံ Camera တစ်ခုကို Impera အဖွဲ့မှ လေ့လာကြည်တဲ့အခါ Maleware Program တစ်ခု ထည့်သွင်းခံထားရကြောင်းကို တွေ့ရှိခဲ့ပါတယ်။ ၄င်း Maleware ကို Bashlite သို့မဟုတ် Lightaidra သို့မဟုတ် GayFgt လို့အမည်အမျိုးမျိုးခေါ်ဝေါ်ပြီး Linux အနွယ်ဝင်များမှာ လုပ်ဆောင်နိုင်တဲ့ Maleware အမျိုးအစား တစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။ ကင်မရာများ ဟက်ခံထိရတဲ့ ဖြစ်နိုင်ခြေ အကြောင်းအရင်း တစ်ခုကတော့ ကိုင်တွယ်စောင့်ကြည့်တဲ့ အော်ပရေတာများရဲ့ လုံခြံမှုစည်းကမ်း လျော့ပေါ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကတော Default Password ကို စတင်အသုံးပြုကတည်းက ပြောင်းလဲမှု မပြုလုပ်မိခြင်းလို့ ယူဆရပါတယ်။ အဲဒီပေါပေါ့လျော့မှုကို အခွင့်ကောင်းယူပြီးတော့ ဟက်ကာတွေက ဝင်ရောက် ထိန်းချုပ်သွားဖွယ် ဖြစ်ပုံရတယ်လို့ Impera ကဖော်ပြထားပါတယ်။

CCTV DDos တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ သားကောင်တွေကတော့ ကမ္ဘာလုံးဆိုင်ရာ အဖိုးတန်ဝန်ဆောင်မှုပေးနေတဲ့ Cloud Service တွေကိုပဲဖြစ်ပါတယ်။ Imperva အဖွဲ့အနေနဲ့ ဘယ် Cloud Server တွေဟာ တိုက်ခိုက်ခြင်းခံခဲ့သလဲ ဆိုတာကို အမည်တပ် ပြောကြားခြင်းမရှိခဲ့ပါဘူး။ နောက်ပြီး အဲဒီကင်မရာတွေရဲ့ အားနည်းချက်ကိုသိတဲ့ ဟက်ကာတွေက ကမ္ဘာနေရာအနှံ့အပြားမှနေပြီးထိန်းချုပ် အသုံးချတိုက်ခိုက်နေကြောင်း ပြောကြားထားပါတယ်။ ထိန်းချုပ်မှုအပြုလုပ်ခံရဆုံး CCTV Camera ရှိတဲ့နိုင်ငံတွေကတော့ အများအားဖြင့် အိန္ဒိယ တရုတ် အီရန်၊ အင်ဒိုနီးရှား၊ အမေရိကန်နိုင်ငံ တို့ဖြစ်ကြပါတယ်လို့ ကြေငြာထားပါတယ်။ ဆက်လက်ပြီး Impera အဖွဲ့အနေနဲ့ သတိပေးထားတာကတော့ CCTV Camera လိုအလားတူ Online ချိတ်ဆက်နိုင်သည့် ပစ္စည်းတွေဖြစ်တဲ့ မီးပွိုင့်စောင့်ကြည့်ကင်မရာ၊ ထောက်လှမ်းရေးကင်မရာ၊ လမ်းမီတိုင်များ ၊ လျှပ်စစ်မီတာသုံးစွဲမှုပမာဏပြပစ္စည်းများ၊ မီးပွိုင့်အချက်ပြစံနစ်များ အခြားသော Sensor ပစ္စည်းများမှာလည်း CCTV ကဲ့သို့ လုံခြုံမှုစနစ် အားနည်းနေမှုများ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဟက်ခံထိပြီး ဆိုက်ဘာလက်နက်တွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အဲဒီပစ္စည်းတွေဟာလည်း တော်တော်များများ နေရာယူ ဖြန့်ကျက်ထားရှိပြီးဖြစ်တဲ့အတွက်ကြောင့် လူတွေအနေနှင့် အခြေခံအကျဆုံး လုံခြုံမှုစနစ်တွေကို လိုက်နာဖို့ အရေးကြီးလှပါတယ် လို့ပြောကြားထားပါတယ်။

18-11-2015
သတင်းစီစဉ် တင်ဆက်သူ : Friday (MEHN Team)
CCTV Cameras များကို Hack ပြီး DDos Attack ပြုလုပ်ခြင်း CCTV Cameras များကို Hack ပြီး DDos Attack ပြုလုပ်ခြင်း Reviewed by Myanmar Ethical Hacking News on 10:03 AM Rating: 5

1 comment:

  1. ​ကျေးဇူးတင်​ပါတင်​အကို ဖတ်​ချင်​လို့လိုက်​ရှာတာ​တော်​​တော်​အချိန်​ကြာသွားပြီး

    ReplyDelete

MEHN Team. Powered by Blogger.