Hacker များသည် IOS 9 ကို ဟက်နိုင်သွားပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်မီလီယံ ရရှိသွားခြင်း
Apple
IOS အသုံးပြုသူများ တွေအတွက် အင်မတန်းကောင်းလှသော အံသြဖွယ်သတင်းပါဘဲ။ တစ်စုံတစ်ယောက်က
Zero-Day Vulnerability ကိုတွေ့ပြီး APPLE ၏ နောက်ဆုံး Version IOS 9 ကို Hack နိုင်သွားခဲ့ပါတယ်။
အမည်မသိ
Hacker အဖွဲ့မှ Zero-day Vulnerability ကို Zerodium သို့ရောင်းချခဲ့ပါတယ်။ Zerodium
သည် ပြင်သစ်အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး Zero-day Vulnerability များကို အရောင်းအ၀ယ်
ပြုလုပ်နေတဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။
ဘယ်လောက်ရမယ်လို့ခန့်မှန်းမိပါလဲ?
အမေရိကန်ဒေါ်လာ
$ 1,000,000 တောင်မှပါ၊ ဟုတ်ပါတယ် အမေရိကန်ဒေါ်လာ တစ်မီလီယံဖြင့် ရောင်းချသွားခြင်းပါ။
ပြီးခဲ့တဲ့လက
Bug Bounty Challenge ကို Zerodium မှကြောငြာခဲ့ပါတယ်။ ကြေငြာချက်ကတော့ Jailbroken
မလုပ်ထားတဲ့ APPLE Device ကို Hack နိုင်မဲ့လူကိုရှာဖွေဖို့အတွက် ရည်ရွယ်ပြီး ကြေငြာချက်ကို
ထုတ်ခဲ့တာပါ။ အဲဒီကြေငြာချက်ထဲမှာ အောက်ဖော်ပြပါ နည်းလမ်းများ အသုံးပြုပြီး Hack လုပ်ရမယ်လို့
ပါရှိပါတယ်။
·
A webpage on
Safari or Chrome browser
·
In-app browsing
action, or
·
Text message or
MMS
Zerodium’s
ကိုတည်ထောင်တဲ့ Chaouki Bekrar က Twitter မှာ အမည်မသိအဖွဲ့တစ်ဖွဲ့မှ ဒီ Chanllenge
ကိုအောင်မြင်ခဲ့ပါတယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ် သူတို့ဟာ “Sufficiently Submitting
A Remote Browser-Based IOS 9.1/9.2b jailbreak (untethered) Exploit” ကို အသုံးပြုပြီး
Hack ပြုလုပ်သွားခြင်း ဖြစ်ပါတယ်။
ဒါဟာဆိုရင်
IOS User တွေအတွက် ကြီးမားသော ချိန်းခြောက်မှုကြီး တစ်ခုပါပဲ။
Malicious
Cyber Attack နှင့် Jailbreak တို့၏ အဓိက ခြားနားချက်ကတော့ Payload ဖြစ်ပါတယ်။
Payload များသည် Target System အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး System တစ်ခုလုံးကို
ထိန်းချူပ်သွားခြင်း ဖြစ်ပါတယ်။
Jailbreak
လုပ်ဆောင်ခြင်းမှာ Apple မှ သတ်မှတ်ချက်များကို ချိုးဖောက်ပြီး Installation လုပ်ချင်သည့်
App များကို Installation လုပ်ဆောင်နိုင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့်
Spyware , Malware , Surveillance Software စသည်တို့ Installation လုပ်ဆောင်နိုင်ရန်အတွက်
ဖြစ်ပါတယ်။
အဲထက်ပိုတာကတော့
ကျွန်တော်တို့သိထားတဲ့ Zerodium ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ Vupen က Hacking နည်းပညာကို
အခြေခံပြီးတော့ ပြုပြင်နည်းများကို ပြန်လည်ဖော်ထုတ်ကာ ရောင်းချခြင်းဖြစ်ပါတယ်။
24-11-2015
သတင်းစီစဉ်
တင်ဆက်သူ : Thomas Linn (MEHN Team)
Hacker များသည် IOS 9 ကို ဟက်နိုင်သွားပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်မီလီယံ ရရှိသွားခြင်း
Reviewed by Myanmar Ethical Hacking News
on
2:40 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:40 PM
Rating:

No comments: