ISIS Hackers များမှ အမေရိကန်အစိုးရ ပစ်မှတ်များကို ထုတ်ပြန်ကြေငြာခြင်း



ပဲရစ်အကြမ်းဖက်မှူ့ ဖြစ်ပွားပြီးနောက်ပိုင်း မြေပြင်တိုက်ပွဲများသည်သာမက Internet တိုက်ပွဲများဖြစ်သည့် ISIS နှင့် Anonymous တို့၏ တိုက်ပွဲမှာလည်း ပိုမိုပြင်းထန်လာလျှက်ရှိပါတယ်။ အကြမ်းဖက်မှူ့အပြီးမှာ Anonymous များမှ ISIS တို့အပေါ် Cyber War ကြေငြာခဲ့ခြင်းအပေါ် ISIS တို့က တုန့်ပြန်သောအားဖြင့် ၎င်းတို့ ပစ်မှတ်ထားသည့် အမေရိကန်အစိုးရ အရာရှိကြီးများ၏ စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်သည်။ ISIS တို့ ကြေငြာထားသည်မှာ ထိုစာရင်းတွင် ပါဝင်သောလူများကို တနည်းနည်းဖြင့် လုပ်ကြံ သတ်ဖြတ်သွားမည်ဟု ဖော်ပြပါရှိပါတယ်။

Vocative အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ ISIS တို့သည် သူတို့၏ Cyber Group အား “Islamic State Cyber Army” ဟုခေါ်တွင်ကြောင်း ထုတ်ပြန်ထားသည့် စာရင်းထဲတွင် FBI နှင့် CIA မှ ထိပ်တန်းအရာရှိကြီးများ ၊ The National Guard , The U.S Defense Intelligence Agency , The National Counterterrorism Center နှင့် အခြားသော အစိုးရအဖွဲ့ဝင် အရာရှိကြီးများ၏ အမည်စာရင်းများ ပါဝင်ပါတယ်။


အီရတ် ၊ အာဖဂန်နစ်စတန် ၊ ကူဝိတ် ၊ ကာတာ စသည့် နိုင်ငံများသို့ ပုဂ္ဂလိကပိုင်းဆိုင်းရာ စစ်လက်နက်ပစ္စည်းများ အကူအညီပေးနေသော သူများကိုလည်း လုပ်ကြံသတ်ဖြတ်မည့် စာရင်းထဲတွင် ထည့်သွင်းထားပါတယ်။ ထိုအမည်စာရင်းထွက်ပေါ်လာခြင်းမှာ မကြာသေးမှီက Anonymous Hacker Group မှ ISIS တို့၏ Twitter Accounts များနှင့် Online Forum များကို တိုက်ခိုက်ခဲ့ခြင်း အပေါ် လက်တုံ့ပြန် သည့်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“သင်ရဲ့ နောက်ကို အမြဲ နောက်ယောင်ခံလိုက်နေပြီး သင့်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်မှာဖြစ်ပါတယ်။ သင် နှင့် သင့်မိသားစုရဲ့ ငွေတွေကိုလည်း ရယူမှာ ဖြစ်ပါတယ်။ လုံခြုံမှူ့ဆိုတာ အင်တာနက်အပေါ်မှာ မရှိပါဘူး” လို့ ISIS ၏ Twitter ပေါ်သို့ တင်ခဲ့သော Video File တစ်ခုမှာ ဖော်ပြထားပါတယ်။

ယခုဆိုလျှင် ISIS နှင့် Anonymous Group ကြားတွင် Cyber War မှာ ပြင်းထန်လျှက် ရှိပါတယ်။ ISIS ဘက်တွင်လည်း Hacker များရှိပါတယ်။ ကျွှန်တော်တို့ မြန်မာ့ဟက်ကာများအနေဖြင့် ဒီအခြအနေတွေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်မှူ့များကို လူတိုင်း မလိုချင်ပါဘူး။ ငြိမ်းချမ်းခြင်းကိုသာ အလိုချင်ဆုံးအရာတစ်ခုဖြစ်ပါတယ်။ ထို Cyber War ကို သင်ခန်းစာယူပြီး မြန်မာဟက်ကာများအနေဖြင့်လည်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားရန်လိုအပ်ပါတယ်။ Cyber War က အချိန်မရွေး မြန်မာနိုင်ငံဘက်သို့ မြှားဦးလှည့်လာနိုင်ပါတယ်။ ISIS တွင်လည်း Hacker များရှိနေသည့်အတွက် မိမိတို့၏ လုံခြုံရေးကို မပေါ့ဆသင့်ပါဘူး။ တကယ့်ကို ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်တောင် ISIS တို့၏ ခြိမ်းခြောက်မှူ့ခံနေရပါတယ်။ ထို့ကြောင့် လုံခြုံရေးသတိ အမြဲရှိနေရမည်ဖြစ်ပြီး မြန်မာဟက်ကာများအနေဖြင့် ISIS အကြမ်းဖက်သမားများ၏ လှူပ်ရှားမှူ့များကို စောင့်ကြည့်နေပြီး ထူးခြားမှူ့ရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံ ဘေးကင်းနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

23-11-2015
သတင်းစီစဉ် တင်ဆက်သူ : ကိုရီချင် (MEHN Team)
ISIS Hackers များမှ အမေရိကန်အစိုးရ ပစ်မှတ်များကို ထုတ်ပြန်ကြေငြာခြင်း ISIS Hackers များမှ အမေရိကန်အစိုးရ ပစ်မှတ်များကို ထုတ်ပြန်ကြေငြာခြင်း Reviewed by Myanmar Ethical Hacking News on 1:49 PM Rating: 5

No comments:

MEHN Team. Powered by Blogger.