သင့်ရဲ့ Samsung Galaxy Phone ကိုဟက်ကာတွေက ဘယ်လိုကြားဖြတ် နားထောင်နိုင်မလဲ
တကယ်လို့ စာဖတ်သူဟာ Samsung
Galaxy S6 ဒါမှမဟုတ် S6 Edge ဒါမှမဟုတ် Note
4 တစ်မျိုးမျိုးကို အသုံးပြုနေတဲ့သူ တစ်ယောက်ဆိုရင်
သတိထားသင့်ပါပြီ။ အဆိုပါ Samsung
ဖုန်းအများစုမှာ ကျွမ်းကျင်တဲ့ ဟက်ကာတွေရဲ့ လက်ချက်ကြောင့်
အသံတွေကို ကြားဖြတ်ဖမ်းယူခြင်း ခံရနိုင်တဲ့
အခြေအနေ ရှိနေပါတယ်။
Tokyo မြို့မှာ ပြုလုပ်ခဲ့တဲ့ Cyber လုံခြုံမှုဆိုင်ရာညီလာခံ အစည်းအဝေးမှာ နိုင်ငံအသီးသီကနေ Security ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံမှာ Security
Researcher တွေဖြစ်တဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စမြို့သား Daniel
Komaromy နဲ့ ဂျာမနီနိုင်ငံ
ဘာလင်မြို့သား Nico Golde နှစ်ယောက်တို့က Samsung ရဲ့ အားနည်းချက်ကို
အသီးသီးထုတ်ဖော် ပြောကြားခဲ့ပါတယ်။ နေရာဒေသမတူပေမယ့် သူတို့နှစ်ဦးရဲ့
ဖော်ပြချက်တွေက တူညီမှု့ရှိပါတယ်။
အဓိက အချက်ကတော့ Samsung Baseband Chip မှာ
အားနည်းချက် ဖြစ်နေတာကို တွေ့ရပါတယ်။ End User တစ်ယောက်ဆီကိုသာ အသံတိုက်ရိုက်ရောက်စေဖို့
ပြုလုပ်ထားမှုစနစ်မှာ အားနည်းချက်ရှိနေပါတယ်။
ဟက်ကာတွေက Samsung ဟန်းဆက်နဲ့ Real Tower Base Station ကြားမှာ အတုအယောင် Fake
Tower Base Station တစ်ခု ဖန်တီးပြုလုပ်လိုက်ပါတယ်။
ဟန်းဆက်က
Fake Tower Base Station ကို တကယ့်အစစ် Real Tower Base Station အဖြစ်ထင်မှတ်ပြီး ချိတ်ဆက်ပါတယ်။
ဟန်းဆက်ချိတ်ဆက်လိုက်တာနဲ့ အယောင်ဆောင်ထားတဲ့ Base Staion က ဟန်းဆက်ရဲ့ Baseband Chip
ကို ၀င်ရောက်ပါတော့တယ်။ ပြီးတော့ Fake
Tower Base Station ကနေ အသံပြောဆိုမှုတွေကို
ကြားဖြတ်ဖမ်းယူခြင်းပြုလုပ်ပါတယ်။
အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့
တိုက်ခိုက်မှုအမျိုးအစားကို Cellular MIMA (Man In Middle Attack) လို့ခေါ်ဆိုနိုင်ပြီးတော့
ဟန်းဆက် အသုံးပြုနေသူတွေအနေနဲ့လည်း သူတို့၏ဖုန်းလိုင်းတွေ
ခိုးနားထောင်ခံနေရမှန်းတောင် မသိနိုင်ပါဘူး။
Koramomy ကခုလိုပြောပြထားပါတယ် “ဖုန်းခေါ်ဆိုမှုကို အပိုင်စီးနိုင်ဖို့ baseband ကိုပြုပြင်ပြောင်းလဲမှုက
ပထမ ဥပမာ တစ်ခုဖြစ်ပါတယ်။ ဘယ်လိုအပိုင်စီးသလဲဆိုတော့ User တစ်ယောက်က Proxy အသုံးပြုပြီး
ခေါ်ဆိုနေသလိုပါပဲ။ ကြား Proxy ကနေအသံတွေကို ဖမ်းယူရရှိနိုင်ပါတယ်”
ပညာရှင်နှစ်ယောက်မှ တိုက်ခိုက်မှုပုံစံ
အသေးစိတ်ကို Company ထံသို့ အသိပေး အကြောင်းကြားထားပြီး
မသမာသူတွေထံကို မရောက်အောင် ထိန်းသိမ်းပေးထားပါတယ်။
Samsung
Company အနေနဲ့ ဒီအားနည်းချက်ကို အမြန်ဆုံးပြုပြင်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
25-11-2015
သတင်းစီစဉ် တင်ဆက်သူ
: Friday (MEHN Team)
သင့်ရဲ့ Samsung Galaxy Phone ကိုဟက်ကာတွေက ဘယ်လိုကြားဖြတ် နားထောင်နိုင်မလဲ
Reviewed by Myanmar Ethical Hacking News
on
11:57 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
11:57 AM
Rating:

No comments: