iPhones အား jailbreaking လုပ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းရရှိမည့် Bug Bounty



Apple မှ ထုတ်လုပ်သော ပစ္စည်းများမှာ သာမန်အားဖြင့် လုံခြံမှုရှိကြောင်းနှင့် Hack ရန် ခက်ခဲကြောင်း လုံခြုံရေး သုတေသီများမှ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့်လည်း ခက်ခဲသည်ဟုသာ ဆိုခြင်းဖြစ်ပြီး Hack ၍ မရနိုင်ဟု ဆိုလိုခြင်းတော့ မဟုတ်ကြောင်း နားလည်ကြမယ် ထင်ပါတယ်။

ထိုကဲ့သို့ ခက်ခဲလှပါသည်ဆိုသော Apple Devices များထဲမှ တစ်ခုဖြစ်တဲ့ iPhone အား Hack နိုင်ကြောင်း သက်သေပြမှုတစ်ခုကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့ပါတယ်။

ထိုအကြောင်းအရာ ဖြစ်ပေါ်လာခဲ့ပုံ အရင်းအမြစ်ကတော့ September အတွင်း စခဲ့တဲ့ “Bug Bounty startup Zerodium” Challenge ရဲ့ တစ်စိတ်တစ်ပိုင်းက စတင်ခဲ့ပါတယ်။ ထို Challenge ဟာ အမေရိကန်ဒေါ်လာ တစ်မီလီယံတန်သော bounty တစ်ခုဖြစ်ပါတယ်။ လုပ်ဆောင်ရမှာကတော့ Apple iOS 9 OS နဲ့ devices များအား “exclusive, browser-based, untethered Jailbreak” လုပ်ရမှာ ဖြစ်ပြီး နောက်ဆုံးပေးထားသော Date ကတော့ အောက်တိုဘာ ၃၁ ဖြစ်ပါတယ်။


ထို Zerodium တွင် အောင်မြင်နိုင်စေရန် Chrome၊ Safari ကဲ့သို့သော Browser သို့မဟုတ် text/multi-media message တစ်ခုခုဖြင့် လုပ်ဆောင်နိုင်သော Exploit တစ်ခု လိုအပ်မည်ဖြစ်လေသည်။ ထို Exploit မှတဆင့် iOS အား အပြည့်အ၀ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး မိမိလိုချင်သော မည်သည့် application ကိုမဆို install လုပ် နိုင်ရမှာ ဖြစ်ပါတယ်။
အမည်မသိ ဟက်ကာ တစ်ယောက် (သို့မဟုတ် အဖွဲ့တစ်ခု) မှ expire date ပြည့်လုနီးနီးတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒေါ်လာတစ်သန်း ဆွတ်ခူးရရှိခဲ့ပါတယ်။ 

အောက်တိုဘာလယ် အလယ်တွင် Zerodium ၏ founder ဖြစ်သော Bekrar မှ မည်သူမှ ဆုအား ရယူနိုင်ခြင်း မရှိသေးကြောင်းနှင့် မိမိအား အဖွဲ့နှစ်ဖွဲ့မှ ဆက်သွယ် ပြောကြားခဲ့ပြီး ၄င်းတို့သည်လည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း နှင့် ခက်ခဲသော အပိုင်းအတော်များများကြားတွင် ဆက်လက် လုပ်ဆောင်ရန် မတတ်နိုင်သေးကြောင်း motherboard.vice.com  အား ပြောကြားခဲ့ပါသေးတယ်။

iOS 7 ထွက်ရှိပြီး တစ်နှစ်ကြာသည်အထိ Remotely အနေဖြင့် အောင်မြင်စွာ Jailbreak မလုပ်နိုင်သေးမှုအား ယခု လုပ်ဆောင်နိုင်သွားသော အဖွဲ့ရှိခြင်းသည် ခက်ခဲလှသော်လည်း Hack ရန် မရနိုင်သော အရာ မရှိဟူသော အချက်အား ပိုမိုအလေးထားသွားစေလေသည်။

Bekrar နဲ့ Zerodium ကဲ့သို့ပင် VUPEN တို့ကဲ့သို့သော ကုမ္မဏီများ၏ လုပ်ဆောင်ချက် မှာလည်း ပြောင်မြောက်လှပါတယ်။ ၄င်းတို့သည် သာမန်ကုမ္မဏီများမှပေးသော Bug Bounty ထက်များစွာ ပိုပေးကာ ထိုအားနည်းချက်များနှင့် လျှို့ဝှက်ချက်များအား NSA ကဲ့သို့သော ထိပ်တန်းအစိုးရအဖွဲ့အစည်းများအား ပြန်လည် ရောင်းချခြင်း ဖြစ်လေ သည်။

“မှန်ကန်သော လူထံသို့ ရောင်းချပါက အကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်” ဟု NSA အတွက် အလုပ်လုပ်ပေးနေသူတစ်ယောက်မှ ပြောကြားသွားခဲ့ပါတယ်။

28.11.2015
သတင်းစီစဉ် တင်ဆက်သူ : ကိုသိန်း (MEHN Team)

iPhones အား jailbreaking လုပ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းရရှိမည့် Bug Bounty iPhones အား jailbreaking လုပ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းရရှိမည့် Bug Bounty Reviewed by Myanmar Ethical Hacking News on 6:56 PM Rating: 5

No comments:

MEHN Team. Powered by Blogger.