သင့်ရဲ့ ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော Laptop ကို ဘယ်လို ပြန်ရှာမလဲ?

သင့်ရဲ့ ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော Laptop ကို ဘယ်လို ပြန်ရှာမလဲ?
.
.
ကျွှန်တော်ထင်ပါတယ် ခေါင်းစဉ်ကို ဖတ်လိုက်တာနှင့် စာချစ်သူ စိတ်ဝင်စားသွားမယ်ဆိုတာ။ စိတ်ဝင်စားမယ်ဆိုရင်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ကမ္ဘာပေါ်ရှိလူအများသည် အကြောင်းအမျိုးမျိုးကြောင့် Laptop များ နေ့စဉ်နှင့်အမျှ ပျောက်ဆုံးလျှက်ရှိပါတယ်။ ဘယ်သူမဆို မိမိပစ္စည်း ပျောက်ဆုံးသွားသည့်အတွက် နှမြောတသ ဖြစ်မိမှာ အမှန်ပါဘဲ။
.
နည်းပညာ တိုးတက်ထွန်းကာလာသည်နှင့်အမျှ Electronic Devices များသည်လည်း ဘ၀တစိတ်တပိုင်းအဖြစ် ပါဝင်ပတ်သက်လျှက်ရှိပါတယ်။ အထူးသဖြင့် Laptop နှင့် Phone များသည် ဘ၀၏အရေးပါသော ပစ္စည်းများဟု ဆိုမည်ဆိုလျှင် မှားမည်မထင်ပါ။ စာချစ်သူများအတွက် ၀မ်းသာစရာ သတင်းကောင်းကတော့ ယခုလို ပျောက်ဆုံးသွားသော Laptop များ Phone များ ကို ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်းများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
.
ပထမဆုံးဖော်ပြမည့် နည်းလမ်းကတော့ IP Address နည်းလမ်းဖြင့် နောက်ယောက်ခံလိုက်ခြင်း ဖြစ်ပါတယ်။
.
Gmail Technique
.
စာချစ်သူတို့၏ Laptop ထဲတွင် Email , Facebook အစရှိသည်တို့ကို အသုံးပြုထားမည် ဖြစ်သည်။ ဒါကို Laptop သူခိုးက ရှာဖွေမယ် စာချစ်သူတို၏ Gmail Account ကို ၀င်ပြီးအချက်အလက်များကို ရှာဖွေမယ်ဆိုရင် Gmail မှာ Service တစ်ခုရှိပါတယ်။ ဒါကတော့ Account ၀င်လိုက်တိုင်း မည်သည့်နေရာက ၀င်နေသည်ဆိုတာကို IP Address , Browser Type စသည်တို့ကို မှတ်သားထားပေးသည့် Service တစ်ခုရှိပါတယ်။ ဒါကို Laptop သူခိုးက သတိမထားမိဘူး ဒါမှမဟုတ် သတိမေ့လျှော့စွာ ၀င်မိမယ်ဆိုရင် Laptop သူခိုး၏ IP Address ကို Gmail က မှတ်သားထားပေးမှာ ဖြစ်ပါတယ်။ ထို IP Address ကို ရယူပြီး Laptop သူခိုးကို ဖမ်းနိုင်ပါတယ်။ Gmail ကို ၀င်လိုက်မယ်ဆိုရင် ညာဘက် အောက်ဆုံးမှာ “Last account activity” ဆိုတာရှိပါတယ်။ “Details” ကို ဖွင့်ကြည့်လိုက်ပါက IP Address , Browser Type စသည့် အချက်အလက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို အချက်အလက်များကို ရယူပြီး Laptop သူခိုး၏ တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။
.

.
Facebook Technique
.
Facebook Account ကတော့ လူတိုင်းနီးပါးရှိလိမ့်မယ်လို့ ကျွှန်တော်ထင်ပါတယ်။ နောက်ပြီး များသောအားဖြင့် Facebook Account တွေကို Browser မှာ Remember Password ပေးထားတတ်ကြပါတယ်။ သူခိုးက စာချစ်သူတို့၏ Laptop ကို မွှေနှောက်ပြီး Facebook ကို ၀င်ကြည့်မယ်ဆိုရင် Laptop သူခိုး၏ IP Address သည် Facebook မှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ထို IP Address ကို ရယူပြီး တည်နေရာကို ဖော်ထုတ်နိုင်ပါတယ်။ Facebook မှာ လည်း IP Address နှင့် Browser Type တွေကို မှတ်သားထားနိုင်သော Service ရှိပါတယ်။ Account Setting -> Security -> Were Your’re Logged in နေရာတွင် IP Address , Browser Type စတာတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
.

.
Internet Tracing
.
Internet Tracing နည်းလမ်းကတော့ လွယ်ကူအဆင်ပြေပြီး အထူးပင် ကောင်းမွန်လှသော နည်းလမ်းဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် Internet များ လွယ်ကူအဆင်ပြေ ချောမွေ့လာတာနှင့်အမျှ Internet နှင့် ကင်းအောင် နေဖို့ဆိုတာ အတော်လေးကို ခက်ခဲမယ်လို့ ယူဆမိပါတယ်။ Laptop သို့မဟုတ် Phone စသည်တို့ကို ခိုးယူသောသူသည် ခိုးယူထားသော ပစ္စည်းများကို သုံးပြီး Internet အသုံးပြုမည် ဆိုပါက လွယ်ကူစွာ ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထိုသို့ ဖော်ထုတ်ရန်အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။
.
.
၁။ ပေးထားသော Link တွင် ၀င်ရောက်၍ Register လုပ်ပါ။
https://panel.preyproject.com/signup
.

.
၂။ အကောင့် လုပ်ပြီးပါက Sign in လုပ်ပါ။ ထို့နောက် ဘယ်ဘက် အပေါ်ထောင့်တွင်ရှိသော Your Devices ကို ရွေးချယ်ပြီး။ မိမိ၏ Devices များကို ရွေးချယ်ပါ။ ကျွှန်တော်ကတော့ Window 7 ဖြစ်တဲ့အတွက် Add New Device ဆိုတဲ့နေရမှာမှာ Windows ကို ရွေးချယ်လိုက်ပါတယ်။ အခြားသော ကာကွယ်ချင်သည့် Devices များကိုလည်း ရွေးချယ်ပြီး Add ထားလို့ရပါတယ်။ ဒီအဆင့်ကတော့ Laptop သို့မဟုတ် Phone များတွင် Software Download ချပြီး အခိုးမခံရခင်ကတည်းက ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ မိမိ Laptop သို့မဟုတ် Phone ကို Software အသုံးပြုပြီး Web Page နှင့် ချိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ဒီအဆင့်က အရေးကြီးပါတယ်။ အခိုးမခံရခင်ကတည်းက လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။
.

.
၃။ ရွေးချယ်လိုက်သော Devices အလိုက် exe File တစ်ခုကျလာမည်ဖြစ်သည်။ ကျလာသော exe File ကို Install လုပ်ပါ။
.

.
၎။ Installation လုပ်ပြီးသောအခါ Sign in ၀င်ရမည် ဖြစ်သည်။ Sing in ၀င်ရန် Finish ကို နှိပ်ရမည် ဖြစ်သည်။ Set up Prey ဆိုသည့် Check Box ရှိ အမှန်ခြစ်ကို မဖြုတ်ရပါ။ Finish ကို နှိပ်လိုက်သည့်အခါ Language ရွေးခိုင်းမည် ဖြစ်သည်။ ထို့နောက် New User and Existing User ကို ရွေးခိုင်းမည် ဖြစ်သည်။ Existing User ကို ရွေးချယ်ပြီး Register လုပ်ခဲ့သော Emil and Password ဖြင့် ၀င်ရောက်ပါ။
.

.

.
Sign in ကို နှိပ်လိုက်သောအခါ Connecting ပြောင်းသွားပြီး။ Devices Protect ဖြစ်သွားသည့် Messages ကို ဖော်ပြပေးမည် ဖြစ်သည်။
.

.
၅။ Connecting လုပ်ဆောင်ပြီးပါက Browser ကို Reload လုပ်လိုက်သည့်အခါ မိမိ၏ Device ပေါ်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
.

.
၆။ PC ပုံကို တစ်ချက် နှိပ်လိုက်သည့်အခါ PC သည် Internet နှင့် ချိတ်ဆက်ထားပါက Available ဆိုသည်ကို ဖော်ပြနေမည်ဖြစ်သည်။
.

.
Actions နေရာတွင် သုံး မျိုး မြင်တွေ့ရမည်ဖြစ်သည်။ ပျောက်နေသော Devices ကို အသံဖြင့် ရှာချင်ပါက Sound alarm ကို အသုံးပြုနိုင်ပါတယ်။ Lock device ကတော့ Device ကို သုံးမရအောင် Locked လုပ်ပစ်မှာ ဖြစ်ပါတယ်။ Send Message ကတော့ Laptop သူခိုးဆီကို Message ပေးပို့ရန်ဖြစ်ပါတယ်။ Message ကို နှိပ်လိုက်ပါ။ ထို့နောက် မိမိ ပို့ချင်သည့် Message ကို ရိုက်ထည့်ပါ။
.

.
Confirm ကို နှိပ်လိုက်ပါက Device အပေါ်တွင် Warning Message ပေါ်လာမှာ ဖြစ်ပါတယ်။
.

.
ဤ နည်းဖြင့် Laptop သူခိုးထံသို့ သတိပေး Message ပေးပို့နိုင်ပါတယ်။
.
.
၇။ တည်နေရာကို ဖော်ထုတ်ချင်ပါက အနီရောင်စာတမ်းပါ SET DEVICE TO MISSING ကို နှိပ်ပါ။
.

.
Yes , my device is missing ကို နှိပ်လိုက်သောအခါ Lost or Stolen ကို ရွေးခိုင်းမည် ဖြစ်သည်။ မိမိ ဖြစ်စဉ်အတိုင်း ရွေးချယ်လိုက်ပါ။
.

.
Device ကို Tracking လုပ်ပြီးသောအခါ Reports တွင် ဖော်ပြနေမည် ဖြစ်သည်။
.

.
Reports ကို ကြည့်လိုက်ပါက Tracking လိုက်ခဲ့သော တည်နေရာအတိအကျကို ဖော်ပြပေးမည် ဖြစ်ပါတယ်။
.

.
Report တွင် အတော်လေးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Hardware Information တွင်လည်း ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ Network Information တွင် Public IP , Private IP , Gateway IP ကအစ ဖော်ပြထားသည်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဓာတ်ပုံကတော့ ကျွှန်တော့်စက်မှာ Webcam တပ်ဆင်ထားသည့်အတွက် တစ်ခါတည်း Webcam ကို အသက်ဝင်စေပြီး ဓာတ်ပုံရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Laptop များ၏ Webcam မှာ ရှေ့တည့်တည့်တွင် ဖြစ်သည့်အတွက် Laptop သူခိုးသည် ကွန်ပြူတာကို ဖွင့်ပြီးအင်တာနက် သုံးနေချိန်ဖြစ်ပါက ထိုသူ၏ ဓာတ်ပုံကိုပါ ရိုက်ကူးပြီး ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Wirless Information အချက်အလက်များကိုလည်း ဖော်ပြပေးထားပါတယ်။
.
ဤနည်းဖြင့် Laptop သို့မဟုတ် Phone သူခိုးများကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ကျွှန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ ခိုးဆိုးလုယက်တိုက်ခိုက်မှူ့များနှင့် ကြုံတွေ့နေရပါတယ်။ ထိုသို့ ကြုံတွေ့ရပါက တကယ်ပင် စိတ်မချမ်းသာစရာဖြစ်ပါတယ်။ နည်းပညာ တိုးတက်ထွန်းကာလာသည်နှင့်အမျှ နည်းပညာဖြင့် ကာကွယ်နည်းများလည်း များစွာပေါ်ထွက်လာလျှက်ရှိပါတယ်။ စာချစ်သူများအနေဖြင့် နည်းပညာနှင့် အလှမ်းမဝေးစေဘဲ ဗဟုသုတများကို ရှာဖွေဖတ်ရူ့မယ်ဆိုရင် နည်းပညာဖြင့် တိုက်ခိုက်ခံရခြင်းမှ ကင်းဝေမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။
 28-11-2015
ကိုရီချင်
သင့်ရဲ့ ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော Laptop ကို ဘယ်လို ပြန်ရှာမလဲ? သင့်ရဲ့ ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော Laptop ကို ဘယ်လို ပြန်ရှာမလဲ? Reviewed by Myanmar Ethical Hacking News on 7:15 PM Rating: 5

No comments:

MEHN Team. Powered by Blogger.