Meganet လို့ခေါ်တဲ့ Private Internet တစ်ခုပေါ်ထွက်လာမည်လား?



Kim Dotcom (Mega Upload File Sharing Website တည်ထောင်သူ) က Internet နဲ့သဏ္ဍာန်တူ အသုံးပြုနိုင်မည့် Network တစ်ခုကို တည်ဆောက်နေပါတယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီ Network ကို Meganet လို့ သူက အမည်ပေးထားပါတယ်။ Meganet အသုံးပြုမယ်ဆိုရင်  Internet မှာလိုမျိုးပဲ ကမ္ဘာကြီးကို ဆက်သွယ်နိုင်ပါ့လိမ့်မယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက သက်ဆိုင်ရာနိုင်ငံ ဥပဒေတွေနဲ့ ငြိနေလို့ ကန့်သတ်ပိတ်ပင်ထားခြင်း ခံရတဲ့အရာ (Website) တွေကို အသုံးပြုနေသလားဆိုပြီး  စောင့်ကြည့်ထောက်လှမ်းခြင်း ခံနေရတဲ့ရန်ကနေ စိုးရိမ်နေစရာမလိုတော့ပဲ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း ကတိပေးထားပါတယ်။

Meganet ကို P2P (Point to Point) အခြေခံထားတဲ့ Internet Service တစ်ခုအနေနဲ့ တည်ဆောက်ဖို့ Kim က ရည်ရွယ်ထားပါတယ်P2P စနစ်မှာ IP address မလိုပါဘူး။ Network ချိတ်ဆက်မှုစနစ် (Communications) အားလုံးမှာလည်း လုံခြုံမှုမြင့်မားတဲ့ Encryption (ကုဒ်ဝှက်ဖော်စနစ်) အသုံးပြုထားပါတယ်။


Kim ဟာ Internet စီးပွားရေးရဲ့ စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုသိထားသင့်တာကတော့ Kim  ဟာမူပိုင်ခွင့်ချိုးဖောက်မှု ငွေကြေားခ၀ါချမှုတွေကြောင့် အမေရိကန်က တရားစွဲဆိုခြင်း ခံခဲ့ရပါသေးတယ်။သူ့အကြောင်းကို ယခုလင့်မှာ အကျယ်တ၀င့်ဖတ်ရှုနိုင်ပါတယ် https://en.wikipedia.org/wiki/Kim_Dotcom

Kim ကသူ့ရဲ့ Project အသစ်ကို အသုံးပြုသူတွေနဲ့မိတ်ဆက်တဲ့အနေနဲ့ ခုလိုပြောပြထားပါတယ် "ကျနော်တည်ဆောက်မယ့် Internet အသစ်နဲ့ပတ်သက်လို့ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့သုံးစွဲပိုင်ခွင့်တွေကို ကျနော့်ရဲ့ Meganet က ဖြစ်စေ  Meganet  နဲ့သက်ဆိုင်နေတဲ့ အဖွဲ့အစည်းကဖြစ်စေ အစိုးရဌာနပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေကဖြစ်စေ ထိန်းချုပ်ထားတာမျိုး တားဆီးကန့်သတ်ထားတာမျိုး ဒါမှမဟုတ်ဖျက်စီးခြင်းလုပ်ပစ်တာတွေကို မကြားစေရပါဘူး"

နောက်ပြီး Kim ဟာ Meganet ကိစ္စကို သိုသိုသိပ်သိပ်လုပ်လာတာဟာ နှစ်နှစ်လောက်ရှိခဲ့ပြီး သူ့အနေနဲ့ Meganet တည်ဆောက်မှုလုပ်ငန်းနဲ့ ပတ်သက်လို့ တွေ့ကြုံတာတွေ အများကြီးရှိနေပါတယ်။

Meganet ဟာ Internet ကဲ့သို့ ပုံမှန်သမရိုးကျ ဆက်သွယ်မှုမှာ အသုံးပြုခြင်းခံရတဲ့ IP Address ကို အသုံးမပြုတဲ့အတွက်ကြောင့် Hack မယ်ဆိုရင်တောင် အရမ်းခက်ခဲပါတယ်။ သူရဲ့ Data အသွားအလာပုံစံဟာလည်း အသစ်ဖြစ်ပြီးတော့ ပိုမိုမြန်ဆန်မှုရှိပါတယ်။ User ကိုသာ လုပ်ပိုင်ခွင့်အပြည့်ပေးထားပါတယ်။ “User တွေဆီကလာတယ် User တွေအတွက်ဝန်ဆောင်မှုပဲဖြစ်ပါတယ်”  လို့ Kim ကပြောကြားခဲ့ပါတယ်

“It from the people, for the people”

Digital Media Website တစ်ခုဖြစ်တဲ့ (www.meshable.com) မှာလည်း Kim က ခုလိုပြောဆိုခဲ့ပါတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ “တကယ်လို့စာဖတ်သူတို့ ရဲ့ဖုန်းမှာ Meganet Application တင်ထားမယ် အဲဒီလိုတင်ထားတဲ့ ဖုန်း သန်း၁၀၀ ရှိမယ်ဆိုရင် ကျနော်တို့ Meganet မှာ Online Storage တွေ Bandwidth တွေပိုပြီးများများ ရှိလာနိုင်ပါလိမ့်မယ်။ အဲဒီ Storage နဲ့ Bandwidth ပမာဏဟာ ကမ္ဘာ့လက်ရှိအကြီးဆုံး Website ၁၀ခု စုစုပေါင်းထက်ကို ပိုပြီး စွမ်းဆောင်မှုမြင့်ပါလိမ့်မယ်။ ဒါဟာ အနာဂတ်မှာဖြစ်ပေါ်လာမယ့် Meganet ရဲ့စွမ်းဆောင်နိုင်မှုပါ”

Kim က နောက်ပြီး ခုလိုမျှော်လင့်မိပါတယ်တဲ့။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာလည်း မိုဘိုင်းအသုံးပြုသူတွေ များပြားလာတာနဲ့အမျှ Mobile Bandwidth တွေလည်း ပိုမိုတိုးချဲ့လာရမှာဖြစ်ပါတယ်။ အဲလို Bandwidth ပိုမိုတိုးချဲ့ရတာနဲ့အမျှ Meganet ကိုအသုံးပြုမယ်ဆိုရင် Meganet ရဲ့စွမ်းဆောင်မှုကလည်း ပိုမိုမြင့်မားလာပ့ါမယ်။ Security ပိုင်းဆိုင်ရာအနေနဲ့ ပြောရမယ်ဆိုရင်လည်း Meganet မှာအသုံးပြုမယ့် Encryption Keys တွေဟာ ပိုမိုရှည်လျားပါတယ်။ Encryptin Keys တွေ Strong ဖြစ်လှတဲ့အတွက် Super Computer တွေအသုံးပြုပြီးတော့ Keys တွေကို Cracking ပြုလုပ်မယ်ဆိုရင်တောင် ပေါက်သွားဖို့ အရမ်းခက်ခဲလှပါတယ်။

Meganet Project ကိုလာမယ့်ဇန်န၀ါရီမှာ စတင်မိတ်ဆက် အသုံးပြုမယ်လို့ ပြောကြားထားပါတယ်။ အားလုံးကို အကျဉ်းချုပ်ရမယ်ဆိုရင် နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ Mega Online File Sharing Website ကိုတည်ထောင်ခဲ့သူ Kim Dotcom ဟာ Meganet လို့အမည်ရတဲ့ ကိုယ်ပိုင် Internet တစ်ခုကို တည်ဆောက်မယ်။ အဲဒီ Meganet ဟာ P2P အခြေခံတဲ့ Internet Service ဖြင့်တည်ဆောက်ထားပြီး IP address အသုံးပြုစရာမလိုတဲ့အပြင် Network ဆက်သွယ်မှုစနစ်ဟာလည်း Strong ကျလှတဲ့ Encryption စနစ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့် Hacking ပြုလုပ်ဖို့ မလွယ်လှပါဘူး လို့ Kim က ပြောကြားထားပါတယ်။

“Internet ရဲ့ အကျိုးရှိလှတဲ့ အသုံးပြုနိုင်မှုတွေ အပေါ်မှာ အစိုးရအဖွဲ့အစည်းတွေက နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီးတော့ ကန့်သတ်ထိန်းချုပ်တာမျိုးတွေကို ရှောင်ရှားနိုင်မယ့် အရာတစ်ခုအဖြစ် Meganet ကို ကျွှန်တော် အကောင်အထည်ဖော်ပါ့မယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

စာဖတ်သူတို့အနေနဲ့ကော Kim ရဲ့ Meganet အပေါ်မှာဘယ်လိုမြင်ကြပါသလဲ ...

27-11-2015
သတင်းစီစဉ် တင်ဆက်သူ : Friday (MEHN Team)
Meganet လို့ခေါ်တဲ့ Private Internet တစ်ခုပေါ်ထွက်လာမည်လား? Meganet လို့ခေါ်တဲ့ Private Internet တစ်ခုပေါ်ထွက်လာမည်လား? Reviewed by Myanmar Ethical Hacking News on 4:43 PM Rating: 5

No comments:

MEHN Team. Powered by Blogger.