UK စောင့်ကြည့်ရေး အစိုးရဌာနမှ Dark Web ကို စစ်ဆင်ရေးအသစ်တစ်ခုဖြင့် ထိန်းသိမ်းကြပ်မတ်ခြင်း
Dark Web ဆိုသည်မှာ Internet ထဲမှာပါဝင်ပါတယ်။
ဒါပေမယ် သူ့ထဲသို့ ဝင်ရောက်မယ်ဆိုရင် Tor Browser လိုမျိုး အထူးဖန်တီးထားတဲ့
Browser မျိုးနဲ့မှ ဝင်ရောက်နိုင်ပါလိမ့်မယ်။ တကယ်တော့ Dark Web ဆိုတာ Deep Web ရဲ့သေးငယ်တဲ့
အစိတ်အပိုင်း တစ်ခုဖြစ်ပီး ပုံမှန် Web Browers တွေကနေ Index ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
Dark Web ကို သတင်းစာဆရာများ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူများ၊ ပြောင်းလဲရေးဝါဒီသမားများ၊
ကိုယ်ရေးကိုယ်တာ လျို့ဝှက်၍ အသုံးပြုရခြင်းကို နှစ်သက်သူများ နှင့် အခြားအကြောင်းအရာများစွာကြောင့်
အသုံးပြုကြပါတယ်။
တချိန်ထဲမှာပဲ ဆိုင်ဘာရာဇ၀တ်မှူ့များ၊
မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ခိုးယူထားသော Data များကိုရောင်းချခြင်း နှင့် ကလေးသူငယ်များနှင့်
ပက်သက်သော ညစ်ညမ်းရုပ်ရှင်စာပေများကို လက်ခံ လွဲပြောင်းပေးသော နေရာတစ်ခုဖြစ်နေပါတယ်။
United Kingdom ၏ စောင့်ကြည့်ရေး အစိုးရဆက်သွယ်ရေး
ဌာနချုပ်ဖြစ်တဲ့ (GCHQ) နှင့် အမျိုးသား ရာဇဝတ်မှု ဌာန ဖြစ်တဲ့ (NCA) တို့မှ အရာရှိအသစ်များဖြင့်
ပါဝင်ဖွဲ့စည်းထားပြီး အဖွဲ့အသစ်များကို ရာဇဝတ်မှုများအား ကိုင်တွယ်ရန် တည်ဆောက်လိုက်ခြင်း
ဖြစ်ကြောင်း ရာဇ၀တ်မှူ့များ တားဆီးနှီမ်နင်းရေးဆိုင်ရာ အကြီးတန်း အရာရှိတစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"NCA နှင့် GHCQ တို့မှ အခြေပြုဖွဲ့စည်းထားသော
ဌာနခွဲတစ်ခုအဖြစ် Joint Operation Cell (JOC) ကိုတရားဝင် ဖွင့်လှစ်လိုက်ပီဖြစ်ကြောင်း"
သောကြာနေ့က NCA မှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ "ဒီဌာန နှစ်ခုမှ ထွက်ပေါ်လာသော တပ်ဖွဲ့အနေဖြင့်
ကလေးသူငယ်များကို Online ပေါ်က လိင်ပိုင်းဆိုင်ရာ စွန့်စားခန်းတွေအတွက် လက်ဦးမှုရယူကာ
ဂရုတစိုက် ကိုင်တွယ်သွားမှာဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။
2014 နှစ်ကုန်ပိုင်းထဲက ဒီလုပ်ငန်းအတွက်
အချို့သောအချိန်တွေကို အသုံးပြုခဲ့တာဖြစ်ကြောင်းနှင့် UK ဝန်ကြီးချုပ် David
Cameron က ယခုအစီအစဉ်သည် ကလေးသူငယ်များကို Online တွင် တစ်ကမ္ဘာလုံး အနေအထားအရ အမြင့်ဆုံး
ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
ဒီအချိန်မှာပဲ အဆိုပါ ဝန်ကြီးချုပ်က
"ကလေးသူငယ်များကို လိင်ကိစ္စ ဆွဲဆောင်ဖို့အတွက် မနှစ်မြို့ဖွယ်ကောင်းသော ပုံများကို
အသုံးပြုမှုဟာ Dark-Net မှာ ပိုမိုများပြားလာကြောင်း ထိုကြောင့် မိမိတို့ဟာ ဝက်ဆိုက်လောကရဲ့
အမှောင်ဆုံးဆိုတဲ့ နေရာမှာ တောက်ပနေမယ့် အလင်းရောင်လေး တစ်ခုဖြစ်ကြောင်းနှင့် အဲ့ဒီကိစ္စနှင့်
ပက်သက်ပီး မင်းတို့အနေနဲ့ ဘယ်လိုမှ ပြေးဖို့နေရာ မရှိကြောင်းကို ရှင်းလင်းပြတ်သားစွာ
ကြားဖို့လိုလိမ့်မယ်လို့" ပြောကြားခဲ့ပါတယ်။ GHCQ ရဲ့ နည်းပညာ အရည်အချင်းတွေဟာ
ဒီအဖွဲ့အတွက် ဖြစ်လိမ့်မယ်လို့လဲ ပြောကြားခဲ့ပါတယ်။
GHCQ ဒါရိုက်တာ Robert Hannigan ပြောကြားပုံအရ
"ဒီစစ်ဆင်ရေးအသစ်ဟာ ကလေးသူငယ်တွေရဲ့ ညစ်ညမ်းစာပေ ရုပ်ရှင်တွေကို Dark Web မှာ
စောင့်ကြည့်နေခြင်း မဟုတ်ကြောင်း၊ ၎င်းဟာမိမိတို့ရဲ့ အဓိကကျတဲ့ ရည်မှန်းချက်မဟုတ်ပဲ လက်သည်မည်သူမည်ဝါဆိုတာကို
စုံစမ်းဖော်ထုတ်ခြင်းနှင့် ဆိုးရွားတဲ့ ပြစ်မှုတွေကို ဒီပူးပေါင်းစစ်ဆင်ရေးက ထိရောက်အောင်
ပိုမိုဆောင်ရွက်မယ်လို့" ပြောကြားခဲ့ပါတယ်။
ဒီတပ်ဖွဲ့ကို ဖန်တီးပြီးနောက် ရာဇဝတ်မှုများနှင့်
အမျိုးသားလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှူ့ အဖြစ်အပျက်များဟာ နောက်ဆုံးမှာ အစိတ်စိတ်အမွာအမွာ
ကွဲထွက်သွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ "Online ဆက်သွယ်ရေးလမ်းကြောင်း များတွင်
ဒီအဖြစ်အပျက်ဟာ လူမှုကွန်ယက် ဆက်သွယ်ရေး နည်းစနစ်တွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးရရှိမှာ
ဖြစ်ပါတယ်။ ၎င်းဟာဆိုရင် သိသာထင်ရှားစွာ ကျယ်ပြန့်လာခဲ့ပြီး ဘယ်ပြစ်မှုတွေဟာ သတင်းအချက်အလက်တွေကို
ဝေမျှနေလဲ၊ ဘယ်လိုအရာတွေက ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်နေလဲ၊ သူတို့ရဲ့သားကောင်တွေနဲ့
အဓိကပစ်မှတ်တွေက မည်သို့မည်ပုံ ဆိုတာကဲ့သို့ ရှုပ်ထွေးလှတဲ့ ကိစ္စများနဲ့ အန္တရယ်ရှိသော
ပြစ်မှုတွေ ထိန်းချုပ်ရန်အတွက် JOC ကိုပါရမီရှင် တီထွင်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း"
NCA ဒါရိုက်တာ General Keith Bristow ကပြောကြားခဲ့ပါတယ်။
26-11-2015
သတင်းစီစဉ် တင်ဆက်သူ : Lone Lone (MEHN
Team)
UK စောင့်ကြည့်ရေး အစိုးရဌာနမှ Dark Web ကို စစ်ဆင်ရေးအသစ်တစ်ခုဖြင့် ထိန်းသိမ်းကြပ်မတ်ခြင်း
Reviewed by Myanmar Ethical Hacking News
on
1:10 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
1:10 PM
Rating:

No comments: