Android ဖုန်းများအတွက် အင်တာနက် အမြန်နှုန်း 70% ပိုမို မြန်ဆန်စေမည့် Chrome Data Saver Mode







Google မှ Update လုပ်လိုက်သည့် Data Saver Mode က စာချစ်သူရဲ့ နှေးကွေးတဲ့ အင်တာနက်ကို မြန်ဆန်အောင် ပြုလုပ်ပေးပါလိမ့်မယ်။ Android Phone Internet ကို 70% ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။ စာချစ်သူက Android Phone ကို အသုံးပြုပြီး Chrome မှတဆင့် Website တွေကို ကြည့်နေစဉ်အတွက် စာချစ်သူတို့၏ အင်တာနက်သည် နှေးကွေးနေပါက Web Page သည် တော်တော်နှင့် တက်လာမည် မဟုတ်ပေ။ ထို့ကြောင့် Google မှ Data Saver Mode ကို Update လုပ်လိုက်ခြင်း ဖြစ်ပါတယ်။

Google Data Saver Mode သည် စာချစ်သူမှ Chrome ကို အသုံးပြုပြီး Web Page များကို ကြည့်သည့်အခါ Image များကို ဖယ်ရှားပေးမည်ဖြစ်သည်။ ထိုသို့ Image များကို ဖယ်ရှားလိုက်သည့်အတွက် Web Page သည် နှေးကွေးသော အင်တာနက်ပင် ဖြစ်လင့်ကစား လျှင်မြန်စွာ ပေါ်လာမှာ ဖြစ်ပါတယ်။ Data Saver Mode သည် အဓိကအားဖြင့် နှေးကွေးသော အင်တာနက်လိုင်းများအတွက် ဖြစ်သည်။

Web Page Loaded ပြီးသည့်အချိန်တွင် Image များအားလုံး သို့မဟုတ် ပေါ်စေချင်သည့် ပုံကိုသာ Tap လုပ်ပြီး ဖော်ပြနိုင်ပါတယ်။ ထိုနည်းလမ်းသည် Web Page Loading ကို ပိုမို မြန်ဆန်စေပါတယ်။ Data Saver Mode ကို ဖွင့်ရန်အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

Chrome Menu ထဲမှ Setting ကို သွားပါ။ Advanced Tab အောက်တွင် Data Saver ကို ဖွင့်လိုက်ပါ။ Switch ON လုပ်လိုက်ပါ။  လုပ်ဆောင်ပြီးပါက အင်တာနက် အမြန်နှုန်းပိုမို မြန်ဆန်လာသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။


9-12-2015
တင်ဆက်သူ - ကိုရီချင် (MEHN Team)
Android ဖုန်းများအတွက် အင်တာနက် အမြန်နှုန်း 70% ပိုမို မြန်ဆန်စေမည့် Chrome Data Saver Mode Android ဖုန်းများအတွက် အင်တာနက် အမြန်နှုန်း 70% ပိုမို မြန်ဆန်စေမည့် Chrome Data Saver Mode Reviewed by Myanmar Ethical Hacking News on 9:45 AM Rating: 5

No comments:

MEHN Team. Powered by Blogger.