Russian Hacker များမှ လွန်ခဲ့သောသုံးနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း ၇၉၀ ကျော်ခိုးယူခဲ့ခြင်း



Kaspersky သုတေသနဌာန၏ ထုတ်ပြန်ချက်သတင်းအရ Russia နိုင်ငံမှ Black Hacker အဖွဲ့အချို့ဟာ လူတစ်ဦး တစ်ယောက်ဆီကဖြစ်စေ သို့မဟုတ် Company များနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှဖြစ်စေ ခိုးယူထားသော ငွေပမာဏများကို စုပေါင်းကြည့်လိုက်မယ်ဆိုရင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၇၉၀ ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။ ခိုးယူခဲ့သောပမာဏထဲမှ ၅၀၉ သန်းခန့်ဟာ ဥရောပနိုင်ငံမျာနှင့် အမေရိကန်နိုင်ငံတို့မှ ဖြစ်ပြီးတော့ ကျန်ပမာဏများဟာ ၄င်းတို့နေထိုင်ရာ နိုင်ငံအဖြစ်အမည်ခံပြီး ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်နိုင်ငံတချို့အတွင်းမှ ဖြစ်ကြောင်းသိရပါတယ်။

လွန်ခဲ့သော သုံးနှစ်အတွင်း ဖမ်းမိခဲ့တဲ့ ဆိုက်ဘာအမှုပေါင်း ၁၆၀ ခန့်ကနေ ရရှိသော အချက်အလက်များကို အခြေခံရေတွက်ထားခြင်းဖြစ်ပြီး သန်း ၇၉၀ လို့ ဖော်ပြထားခြင်းဖြစ်ပါတယ်။ အကယ်၍သာ မမိလိုက်သည့် အမှုတွေပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ တကယ့်ဆုံးရှုံးမှုက သန်း ၇၉၀ ထက်တောင် ပိုများပါတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ဘဏ္ဍာရေးခိုးယူမှုကျူးလွန်သူများအဖွဲ့သည် ၂ နှစ်အတွင်း အနည်းဆုံး ၅ဖွဲ့ ရှိနိုင်မည်ဖြစ်ပြီး တစ်ဖွဲ့လျှင် Hacker ပေါင်း ၁၀ ယောက်မှ အယောက် ၄၀ အထိရှိနိုင်ပါတယ်။ လက်ရှိအချိန်ထိ ပြစ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ အဖွဲ့ ၂ ဖွဲ့ရှိပြီး သြစတေးလျှ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်းသိရပါတယ်။
Spam နှင့် Maleware များကိုဖြန့်ဝေပေးခြင်း၊ D-Dos တိုက်ခိုက်မှုပြုလုပ်ပေးခြင်း ၄င်းတို့ခိုးယူထားသော Credit Card များ Debit Card များ၏ အချက်အလက်များကို ကြည့်ရှုခွင့်ပေးခြင်း နှင့် SEO (Search Engine Optimization) Service များကို အသုံးပြုခွင့်ပေးခြင်း အစရှိသော ၄င်းတို့၏တရားမ၀င် ၀န်ဆောင်မှုများနှင့် ထုတ်ကုန်များကို အခကြေးငွေရယူပြီး Company ကဲ့သို့ တစ်ခါတစ်ရံ ဆောင်ရွက်ပေးလေ့ရှိကြပါတယ်။ သူတို့ငွေပေးချေမှုအတွက် ပုံမှန်အသုံးပြုတာကတော့ Bitcoin ကနေ ဖြစ်ပါတယ်။ ထို့အပြင် Perfect Money နဲ့ Web Money တို့ကိုလည်း အသုံးပြုကြပါတယ် လို့သိရှိရပါတယ်။

Hacker များသည် အထူးသဖြင့် ဘဏ်လုပ်ငန်းများ စီးပွားရေးလုပ်ငန်းများနှင့် E-Commerce Website များကို တိုက်ခိုက်တတ်ကြပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း E-Commerce Website များကို လွှင့်တင်မည်ဆိုပါက လုံခြုံရေးကို သေချာစွာ ဂရုစိုက်သင့်ပေသည်။

9-12-2015
သတင်းစီစဉ် တင်ဆက်သူ : Friday (MEHN Team)
Russian Hacker များမှ လွန်ခဲ့သောသုံးနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း ၇၉၀ ကျော်ခိုးယူခဲ့ခြင်း Russian Hacker များမှ လွန်ခဲ့သောသုံးနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း ၇၉၀ ကျော်ခိုးယူခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 1:37 PM Rating: 5

No comments:

MEHN Team. Powered by Blogger.