Mark Zuckerbeg မှ သူပိုင်ဆိုင်တဲ့ ငွေကြေးများထဲမှ 99% ကို လှူဒါန်းမည်ဟု ကြေငြာခဲ့ပါတယ်
Facebook ရဲ့ CEO Mark Zuckerbeg က သူ့ဘဝ
သက်တမ်းတစ်လျှောက်တွင် ပိုင်ဆိုင်ထားသော ငွေကြေးများထဲမှ 99% ကို လှူဒါန်းမည်ဟု ကြေငြာခဲ့ပါတယ်။
သူတို့ရဲ့ မွေးဖွားလာတဲ့ သမီးလေးအတွက်ကိုလည်း မှတ်တမ်း ရေးသားခဲ့ပါသေးတယ်။ ကျွန်တော်တို့
တတ်နိုင်တဲ့နေရာကစပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံး အိမ်မက်တွေ အမှန်တကယ်
ဖြစ်လာနို်င်အောင် လုပ်ဆောင်သွားဖို့ ကတိပေးပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကဘဲ Facebook ၏ CEO
ဖြစ်သော Mark Zuckerbeg ရဲ့ဇနီး Dr.Priscilla Chan က သူတို့နှစ်ဦးရဲ့ ပထမဆုံး သမီးလေးကို
မွေးဖွားခဲ့ပါတယ်။ Mark Zuckerbeg မှ သူ၏ Facebook စာမျက်နှာမှာ သမီးလေးအမည်ကို Max
လို့အမည်ပေးခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ “Max ငါတို့ မင်းကို အရမ်းချစ်တယ်။ ပြီးတော့
ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ အကောင်းဆုံးအရာတွေကို ရှာဖွေပြီး မင်းနဲ့တခြားကလေး အားလုံးကိုပေးမှာပါ”
လို့လည်း Mark Zuckerbeg မှ သူ၏ Facebook စာမျက်နှာမှာ ထပ်မံ ရေးသားဖော်ပြခဲ့ပါတယ်။
နောက်ပြီး စာထဲမှာဘဲ သူတို ရှင်သန်နေသည့် ဘဝတစ်လျှောက်လုံး Facebook မှရသော ငွေကြေးအားလုံး၏
99% ကိုလှူဒါန်းမှာပါ လို့ Mark တို့ ဇနီးမောင်နှံမှ ဖြည့်စွက်ခဲ့ပါသေးတယ်။
မကြာသေးခင်ကဘဲ Company မှ ရရှိသော ငွေကြေးများထဲမှ
အမေရိကန်ဒေါ်လာ 45$ ဘီလီယံကို ကို Mark Zuckerbeg မှ လှူဒါန်းမှူ့ ပြုခဲ့ပါတယ်။ MarK
Zuckerbeg တို့ ဇနီးမောင်နှံ ဦးဆောင်ပြီး အနာဂတ်၏ ရည်မှန်းချက်ရောင်ခြည်များ ဖြစ်သော
ကလေးငယ်များအတွက် Private School ကို ဖွင့်ခဲ့ပါတယ်။ “အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရေးအတွက်
အခက်အခဲဖြစ်နေတဲ့ ကလေးသူငယ်များကို တက္ကသိုလ်ရောက်တဲ့အထိအောင် ထောက်ပံ့မှူ့တွေပေးသွားမှာပါ”
လို့ MarK Zuckerbeg ၏ ဇနီးဖြစ်သူ Dr.Priscilla Chan က မီဒီယာများနှင့် တွေ့ဆုံပွဲ
တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
လေးစားစရာကောင်းတဲ့ Mark Zuckerbeg ရဲ့
Facebook ပေါ်က Post တစ်ခုမှာ Melinda Gates က Comment ပေးခဲ့ပါတယ်။ “သင့်ရဲ့ ပြင်းထန်တဲ့
ဆုံးဖြတ်ချက်တွေနဲ့ သေချာတဲ့ ကတိပေး လုပ်ဆောင်မှုတွေအားလုံး အမှန်တကယ် ဖြစ်လာပါစေ။ သင့်စိတ်ထဲမှာရှိတဲ့
လုပ်ဆောင်ချင်တဲ့အရာတွေ တကယ်ဖြစ်လာပါစေ။ ဥပမာပေးရမယ်ဆိုလျှင် သင်ဟာ ကျွန်တော်တို့နှင့်
ကမ္ဘာမြေအတွက် အကောင်းဆုံးတွေ ယူလာနိုင်မယ့်သူလို့ မျှော်လင့်မိပါတယ်”
Mark Zuckerbeg သည် အမှန်တကယ်ပင် လေးစားစရာကောင်းသော
ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး မိသားစုအပေါ်လည်း တာဝန်ကျေသူဖြစ်ပါတယ်။
Apple ကို စတင် တည်ထောင်သူ စတီးဂျော့ဖ် မကွယ်လွန်ခင်က Mark Zuckerbeg နှင့် တွေ့ဆုံမှူ့တစ်ခုတွင်
ဗုဒ္ဓဘာသာ ဘုရားကျောင်းများသို့ အလည်အပတ်သွားပြီး လေ့လာသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
Mark Zuckerbeg သည် ဇနီးဖြစ်သူ၏ တိုက်တွန်းချက်နှင့်အတူ ဗုဒ္ဓဘာသာကိုလည်း လေ့လာနေပြီဖြစ်ပါတယ်။
ကုသိုလ်အရေးတွင်လည်း လက်မနှေးသူဖြစ်ပါတယ်။ Mark Zuckerbeg လိုပုဂ္ဂိုလ်မျိုး မြန်မာလူငယ်များထဲမှ
မထွက်ပေါ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါလဲခင်ဗျာ။
8-12-2015
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင် (MEHN
Team)
Mark Zuckerbeg မှ သူပိုင်ဆိုင်တဲ့ ငွေကြေးများထဲမှ 99% ကို လှူဒါန်းမည်ဟု ကြေငြာခဲ့ပါတယ်
Reviewed by Myanmar Ethical Hacking News
on
10:33 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:33 AM
Rating:

No comments: