Android ဖုန်းများကို Man In The Middle Attack ဖြင့် တိုက်ခိုက်နိုင်မည့် အားနည်းချက်
မကြာသေးခင်ကမှ FireEye ဟု ခေါ်သော လုံခြုံရေးနည်းပညာဆိုင်ရာ
ကုမ္ပဏီတစ်ခုသည် Android ဖုန်းများကို Man In The Middle Attack (MIMA) ဖြင့် တိုက်ခိုင်နိုင်သည့်
အကြောင်းကို ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲတွင် “Google Play တွင်
တင်ထားသော Apps များ၏ 68% တွင် Android ဖုန်များကို တိုက်ခိုက်နိုင်သည့် Apps များတင်ထားသည်ကို
တွေ့ရှိရကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။
Man In The Middle Attack ဆိုသည်မှာ
Hacker သည် User နှင့် Web Server အကြားတွင် တတိယလူအဖြစ် ၀င်ရောက်ကာ User မှ Web
Server အကြားပို့လွှတ်သမျှ အချက်အလက်အားလုံးကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း ဖြစ်သည်။
တကယ်လို့ စာချစ်သူများသည် Man In The
Middle Attack ဖြင့် တိုက်ခိုက်နိုင်သည့် App ကို Installation လုပ်ထားပါက သင်၏ အချက်အလက်များသည်
Hacker or Attacker ထံသို့ ပေးပို့နေမည် ဖြစ်သည်။ ပုံမှန်အားဖြင့် အချက်အလက်များ များသည်
SSL/TLS များကို အသုံးပြုပြီးစီးဆင်းပါသည်။ User မှ Web Server ဆီသို့ Request တစ်ခုဖြစ်သော
www.google.com ကို ပို့လွတ်လိုက်သောအခါ User ၏ အချက်အလက်များကို
SSL/TLS များက ဖုံးကွယ်ပေးထားပြီး User နှင့် Web Server အကြား အချက်အလက်များကို လုံခြုံမှူ့ရှိစွာ
အပြန်အလှန် ပေးပို့ပါတယ်။ ယခုဖြစ်စဉ်တွင် Apps များသည် Web Server များဆီသို့
Request များ ပေးပို့သည့်အခါ SSL/TLS များကို အသုံးမပြုသည့်အတွက် Man In The
Middle Attack နည်းလမ်းဖြင့် တိုက်ခိုက်လို့ ရသွားခြင်း ဖြစ်သည်။
FireEye မှ ရှာဖွေတွေ့ရှိသော အားနည်းချက်များမှာ
-
Apps များသည် Server Certificates ဟု
ခေါ်တွင်သော လုံခြုံရေးဆိုင်ရာ နည်းစံနစ်များကို လိုက်နာမှူ့မရှိခြင်း
Hostname နှင့် Server များကို သေချာမစစီစစ်ခြင်း
စသည့်အားနည်းချက်များကို ထုတ်ဖော်ပြသခဲ့သည်။
ကာကွယ်သည့် နည်းလမ်းကတော့ Private
VPN များကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ Private VPN ကို အသုံးပြုချင်ပါက ပေးထားသော
Link တွင် ရယူနိုင်ပါတယ်။
စာချစ်သူများအနေဖြင့် Apps များကို အသုံးပြုသည့်အခါ
သတိကြီးစွာ ထားသင့်ပါတယ်။ မသိသည့် Apps များ မသကာင်္သည့် Apps များကို Installation မလုပ်သင့်ပေ။
နည်းပညာတိုးတက်ထွန်းကာလာခြင်းနှင့်အတူ နည်းပညာကိုအသုံးပြုပြီး ခြိမ်းခြောက်သည့် ရာဇ၀တ်မှူ့များလည်း
မြောက်များစွာ ဖြစ်ပေါ်လျှက်ရှိသဖြင့် အရာရာကို မသကာင်္စိတ်ဖြင့် စူးစမ်းလေ့လာသင့်ပါကြောင်း
တင်ပြလိုက်ရပါတယ်ခင်ဗျာ……
24-12-2015
သတင်းစီစဉ် တင်ဆက်သူ : ကိုရီချင် (MEHN Team)
Android ဖုန်းများကို Man In The Middle Attack ဖြင့် တိုက်ခိုက်နိုင်မည့် အားနည်းချက်
Reviewed by Myanmar Ethical Hacking News
on
7:15 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:15 PM
Rating:

No comments: