Apple Account ပေါင်း နှစ်သိန်းခွဲခန့်အား ခိုးယူပေးခဲ့သော ကမ္ဘာ့အကြီးဆုံး IOS Malware
အမေရိကန် Network Security
Company တစ်ခုဖြစ်သော Palo Alto Network သည် Jailbreak ပြုလုပ်ထားသော iPhone များအတွက် စိုးရိမ်စရာ သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ KeyRaider
ဟုအမည်ပေးထားသော iOS Malware တစ်ခုသည် Apple
Account ပေါင်းနှစ်သိန်းခွဲခန့်အား
ဟက်ကာများအတွက် ခိုးယူပေးခဲ့ပါသည်။ ထို့ကြောင့် KeyRaider သည် နာမည်ကြီး iOS Malware များအနက်
ခိုးယူမှုအများဆုံးစွမ်းဆောင်နိုင်ခဲ့သော Malware တစ်ခုအဖြစ်
မှတ်တမ်းတင်သွားခဲ့ပါတယ်။
မသင်္ကာစရာ iOS Tweak Tool များကိုသေချာ လိုက်လံစစ်ဆေးကြည့်ခဲ့ခြင်းဖြစ်ပြီး Tool တစ်ခု၏ Server တွင် Apple Account နှင့် Password များကိုသိမ်းဆည်းထားကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ Jailbreak ပြုလုပ်ထားသော iOS များတွင်သာ KeyRaider
ရှိနေနိုင်ပြီး မပြုလုပ်ထားသော
ဖုန်းများတွင် မရှိနေနိုင်ပေ။ App များကို Download
ချနိုင်သော App Store တစ်ခုဖြစ်သည့် Cydia
App Store ၏ Repository List များမှတဆင့်
Malware ပျံ့နှံ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
Cydia
သည် Jailbreak ပြုလုပ်ထားသောဖုန်းများတွင်သာ Install ပြုလုပ်နိုင်ပါသည်။ အဆိုပါ Malware သည် ပြင်သစ်၊ အမေရိကန်၊ တရုတ်၊
ရုရှ၊ အဂ်လိပ်၊ ဗြိတိန်၊ ဂျာမနီ၊ ကနေဒါ၊ သြစတေးလျှ၊ အစ္စရေး၊ အီတလီ၊ စပိန်၊ စင်ကာပူ
နှင့် တောင်ကိုရီးယားအပါအ၀င် နိုင်ငံပေါင်း ၁၈
နိုင်ငံထိကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။
Malware
အလုပ်လုပ်ပုံမှာ Cydia ၏ Substrate
Framework ကိုဖြတ်သန်းလျက် System
Process များသို့ ချိတ်ဆက်ကာ iTune Network Traffic ၏ အသွားအလာကို စောင့်ကြည့်ပြီး ထောက်လှမ်းခြင်အားဖြင့် Username များ Password
များနှင့် GUID နံပါတ်များ
အစရှိသည်တို့ကို ရယူပါသည်။
Malware
၏စွမ်းဆောင်နိုင်မှုများမှာ
Apple Push Notification Service များနှင့် Private
Key များကိုခိုးယူပေးနိုင်ခြင်း Apple Store တွင်ဝယ်ယူထားသော အချက်အလက်များကို လည်း ခိုးယူပေးနိုင်ခြင်း iPhone
နှင့် iPad များအား Local စနစ်ဖြင့်ဖြစ်စေ Remote စနစ်ဖြင့်ဖြစ်စေ Unlocking
ပြုလုပ်ပေးသော Function များကို
ပိတ်ပေးနိုင်ခြင်းတို့ဖြစ်သည်။
တရုတ်ကျောင်းသားတစ်ယောက်မှ Tweak Tool တစ်ခုသည် သူမသိသော Server
တစ်ခုဆီသို့ မိမိ၏ အချက်အလက်များအား ပေးပို့နေသည့်အပြင် App
Store မှလည်းတရားမဝင် ဝယ်ယူမှုများ ပြုလုပ်နေသည်ကို တွေ့ရှိသောကြောင့်
အဆိုပါ ဖြစ်စဉ်အား တိုင်ကြားမှု ပြုလုပ်ခဲ့ပါသည်။ KeyRaider
သည် OS ၏အချက်အလက်များကို ခိုးယူပြီးနောက်
၎င်း၏ Control & Command Server သို့ အချက်အလက်များ ပေးပို့လိုက်ပါသည်။
သို့သော် Server သည်ပင် ကာကွယ်မှုများ အားနည်းနေသော Server
တစ်ခုပင်ဖြစ်သည်။
Hacker များက KeyRaider ကိုအသုံးပြု၍
App များကိုဝယ်ခိုင်းစေရုံသာမက အဝေးထိန်းစနစ်ဖြင့်လည်း App
Lock ချမှုပြုလုပ်နိုင် ပြီး Unlock Service အတွက် အကြပ်ကိုင် ငွေသွင်းခြင်း ပြုလုပ်စေနိုင်သည်။
အဆိုပါ KeyRaider Malware သည် Jailbreak ပြုလုပ်ထားသော ဖုန်းများတွင်သာ ၀င်ရောက်နိုင်ပြီး ၀င်ရောက်ခြင်းခံရသော
ဖုန်းအများစုသည် တရုတ်နိုင်ငံတွင်မှဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် iPhone
အား Jailbreak ပြုလုပ်ခြင်းသည် Free
App များအသုံးပြုရန် အတွက်အဆင်ပြေလှသော်လည်း အရမ်းအန္တာရာယ်ကြီးမားလှပေသည်။
16-12-2015
သတင်းစီစဉ် တင်ဆက်သူ : Friday (MEHN Team)
Apple Account ပေါင်း နှစ်သိန်းခွဲခန့်အား ခိုးယူပေးခဲ့သော ကမ္ဘာ့အကြီးဆုံး IOS Malware
Reviewed by Myanmar Ethical Hacking News
on
10:49 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:49 AM
Rating:

No comments: