ကမ္ဘာကြီးအတွက် စွမ်းအင်နည်းပညာသစ်များ ဖော်ဆောင်ရန် Bill Gates နှင့် Mark Zuckerberg တို့ လက်တွဲ၍ လုပ်ဆောင်မည်
Bill Gates သည် Paris မြို့ United
Nations Climate ၌ မိန့်ခွန်းမပြောခင် အခက်အခဲများမှ ကျော်လွှားရန် ပူပေါင်းလုပ်ဆောင်ရန်
ကြေငြာခဲ့ပါသည်။ Bill Gates နှင့်အတူ ဘီလီယံနာ အယောက် ၂၀ ကလည်း ပူးပေါင်းဆောင်ရွက်မှု
တခု အနေနဲ့ Clean Energy Project တွင်ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ခဲ့ကြပါသည်။
Bill Gates မှလည်း “ ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် စွမ်းအင်ကဏ္ဍတွင်
ပြောင်းလဲရန် များစွာလိုအပ်နေပြီ ” ဟု ပြောကြားခဲ့ပါသည်။
ပူပေါင်းဆောင်ရွက်ရာ၌ Bill Gates အပါအ၀င်
အခြားသော ဘီလျံနာများဖြစ်သည့် Facebook တည်ထောင်သူ Mark Zuckerberg, Amazon CEO
Jeff Bezos, Alibaba Chief Jack Ma , Virgin Group တည်ထောင်သူ Richard Branson နှင့်
တခြားသောသူများ ပါဝင်ခဲ့ကြပါတယ်။ ထိုသို့ ပူပေါင်းမှုမှာ နည်းပညာဆန်းသစ်မှုများနှင့်
စက်မှုစွမ်းအင် များစွာ တိုးတက်နေသော နိုင်ငံများတွင် လိုအပ်နေသော စွမ်းအင်ပမာဏကို ဖြည့်ဆည်းပေးရန်အတွက်
ဖြစ်သည်။
ယခုနှစ် အစောပိုင်း၌ Bill Gates သည် လာမည့်
၅ နှစ်အတွင်း Clean Engergy နည်းပညာကို သုတေသနပြုရန် အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်
ရင်းနှီးမြုပ်နှံရန်ရှိကြောင်း ကြေငြာခဲ့ပါသည်။ သူ၏ Website ၌လည်း သူအနေဖြင့် စွမ်းအင်လိုအပ်ချက်
Global War အားချေမှုန်းရန် ဆန္ဒရှိကြောင်းနှင့် ထိုရင်းနှီးမြုပ်နှံမှုသည် အရေးပါသော
လုပ်ဆောင်မှူ့ တခုဖြစ်လာနိုင်ကြောင်း ပြောခဲ့ပါသည်။
Bill Gates နှင့် Tech ခေါင်းဆောင်များက
ပဏာမခြေလှမ်းအဖြစ် အမေရိကန် , တရုတ် , အိန္ဒိယ , ဂျပန် , ပြင်သစ် , ဘရာဇီး နှင့် အခြားနိုင်ငံပေါင်း
၂၀ ကျော်မှ စိတ်ပါဝင်စားသူများကို ဆန်းသစ်ပြောင်းလဲမှု၌ ပါဝင်လုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
ထိုနိုင်ငံများမှလည်း
ပထမဦးဆုံးခြေလှမ်းအနေဖြင့် အခြေခံ အခန်းကဏ္ဍများဖြစ်သော
လျှပ်စစ်စွမ်းအင်ကဏ္ဍ , စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ, သယ်ယူပို့ဆောင်ရေးကဏ္ဍ နှင့်
အခြားစွမ်းအင်ကဏ္ဍများတွင် လိုအပ်မည်း စွမ်းအင်ပမာဏကို ရင်းနှီးမြုပ်နှံရန် စဉ်းစားခဲ့ကြသည်။
ထို့အပြင် လုပ်ငန်းဆောင်တာများ လွယ်ကူစွာနှင့် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန်အတွက်
အစိုးရနှင့် ပူပေါင်းချိတ်ဆက်ဖို့ကိုလည်း တပြိုင်နက် လုပ်ဆောင်လျှက် ရှိပါတယ်။
Clean Energy Project သည် ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်မှူ့
များကို တဖက်တလမ်းမှနေပြီး ကူညီဖြေရှင်းပေးမည် ဖြစ်သည်။ ထိုသို့ ကူညီဖြေရှင်းနိုင်ရန်အတွက်
Bill Gates နှင့် Mark Zuckerberg တို့ပူးပေါင်းကာ စီမံကိန်းများကို သေချာစံနစ်တကျရေးဆွဲ
အကောင်အထည်ဖော်နေပြီဖြစ်ပါသည်။
15-12-2015
သတင်းစီစဉ် တင်ဆက်သူ : Belo (MEHN
Team)
ကမ္ဘာကြီးအတွက် စွမ်းအင်နည်းပညာသစ်များ ဖော်ဆောင်ရန် Bill Gates နှင့် Mark Zuckerberg တို့ လက်တွဲ၍ လုပ်ဆောင်မည်
Reviewed by Myanmar Ethical Hacking News
on
5:40 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
5:40 PM
Rating:

No comments: