FBI မှ Mr.Grey ဟုခေါ်သော Hacker တစ်ဦးအား အလိုရှိနေခြင်း
အချက်အလက်များကို
ခိုးယူနေသည့် ရာဇ၀တ်မှူ့များကို တရားရုံးများ၏ မှတ်တမ်းများမှ ထွက်ပေါ်လာခဲ့ပါတယ်။
“ံHold Security” ဟု ခေါ်တွင်သော လုံခြုံရေးဆိုင်ရာ နည်းပညာဌာနမှ ရုရှား Hacking
Group ဖြစ်သော CyberVor အဖွဲ့သည် ၁.၂ ဘီလီယံရှိသော Login အချက်အလက်များနှင့် Email
Account ပေါင်း 500 မီလီယံ ခိုးယူခဲ့တယ်လို့ ပြီးခဲ့သည့်နှစ်တွင် တင်သွင်းခဲ့သော စာတမ်း
တစ်စောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အချက်အလက်များ
ဖောက်ထွင်းခံရမှူ့မှာ Websites ပေါင်း 420,000 မှ ဖြစ်ပါတယ်။ Hacker များသည်
Website များသို့ Botnets များပို့လွှတ်ကာ SQL Injection Attack အတွက်အားနည်းချက်များကို
ရှာဖွေပါတယ်။ အားနည်းချက်များကို တွေ့ရှိပါက ထိုအားနည်းချက်မှဆင့် ထိုးဖောက်ဝင်ရောက်ကာ
အချက်အလက်များကို ခိုးယူကြပါတယ်။ Talk Talk ကုမ္ပဏီသည်လည်း အဆိုပါ နည်းလမ်းကို အသုံးပြုပြီး
ထိုးဖောက် ခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင်
Hacker များသည် အမှန်တကယ်ကောင်းမွန်သော Website Vulnerability Scanner များကို အသုံးပြုပြီး
အချိန်နှင့် အမျှ Websites များကို Scan ဖတ်ကာ အားနည်းချက်များကို ရှာဖွေနေလေ့ရှိပါသည်။
အထူးသဖြင့် ဘဏ်လုပ်ငန်းများနှင့် အခြားသော အွန်လိုင်း စီးပွားရေးလုပ်ငန်းများဆိုင်ရာ
Websites များကို အထူးပစ်မှတ်ထား တိုက်ခိုက်တတ်ကြပါသည်။
အချက်အလက်ပေါင်း
1.2 ဘီလီယံအခိုးခံရမှူ့တွင် FBI မှ Mr.Grey ဟုခေါ်သော Hacker တစ်ယောကို အထူးပင် သကာင်္မကင်းဖြစ်နေခဲ့ပါတယ်။
အဘယ်ကြောင့်ဆိုသော် Spam Email များ Tools များကို ဖော်ထုတ်ကြည့်သောအခါ အဓိကအရင်းအမြစ်သည်
Russia Forum မှ ဖြစ်နေသည်ကို တွေ့ရှိရသည်။ Information Security Officer တစ်ယောက်ဖြစ်သော
Alex Holden မှ “Russian Hacking Forum နှင့် အခြားသော နေရာများမှ ရရှိသော အချက်အလက်များကို
တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ “Mr.Grey” or “Mistergrey” ဖြစ်နေတာကို တွေ့ရှိရပါတယ်”
လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ကျွှန်တော်တို့အနေနဲ့
တိုက်ခိုက်သူက မည်သူပင်ဖြစ်နေပါစေ စုံစမ်း ဖော်ထုတ်သွားမှာပါ” လို့ FBI ၏ ထိပ်တန်းအရာရှိ
တစ်ဦးမှ သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့ပါတယ်။
17-12-2015
သတင်းစီစဉ်
တင်ဆက်သူ : Zarni (MEHN Team)
FBI မှ Mr.Grey ဟုခေါ်သော Hacker တစ်ဦးအား အလိုရှိနေခြင်း
Reviewed by Myanmar Ethical Hacking News
on
6:44 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:44 PM
Rating:

No comments: