ပြည်တွင်းအခွန်ဌာနမှ ၃၃၄၀၀၀ ထက်မနည်းသော အခွန်ထမ်းပြည်သူများ၏ အချက်အလက်အား Hacker များမှ ခိုးယူ
ပြီးခဲ့သော မေလတွင် ပြည်တွင်းအခွန်ဌာန၏
သတင်းပို့ချက်အရ ဌာန၏ မှတ်တမ်းကောက်ယူထားမှု အစီအစဉ်တစ်ခုမှ အခွန်ထမ်းပြည်သူ ၁၁၄၀၀၀
ခန့်၏ ကိုယ်ရေးအချက်အလက်များကို Hacker များမှ ရယူသွားခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်
မကြာသေးမီက ရရှိသော သတင်းများအရ ခိုးယူခံရသော ပမာဏသည် ဌာနမှတင်ပြသော ပမာဏထက် သုံးဆခန့်ပိုများကြောင်း
သိရပါသည်။
Hacker များအနေဖြင့် အခွန်ထမ်းပြည်သူ
၃၃၄၀၀၀ ခန့်တို့၏ ခိုးယူသွားသော အချက်အလက်များကို အသုံးချကာ မှားယွင်းကောက်ခံခြင်း
ခံရသူတို့၏ အခွန်ပြန်အမ်းငွေများကို ရယူဖွယ်ရှိပါသည်။ အခွန်ထမ်းပြည်သူများအနေဖြင့်
ယခင်နှစ်မှ ဖြည့်သွင်းခဲ့သော အချက်အလက်များကို ပြန်လည်ရယူရန်နှင့် အခွန်ပြန်အမ်းငွေများ
ပေးအပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ထားသည့် စနစ်ဖြစ်သော Get Transcript Program ကို ယခုကဲ့သို့
Hacker များက ရယူသွားခဲ့ခြင်း ဖြစ်သည်။
ယခုရယူသွားသော အချက်အလက်များကို မူတည်၍
လိုအပ်သောမေးခွန်းများကို ဖြေကြားခြင်းဖြင့် အခြားသတင်းရင်းမြစ်များထံမှ အခွန်ထမ်းတစ်ဦးစီ၏
အချက်အလက်များကို အဆိုပါ Hacker များအနေဖြင့် ပိုမိုရယူသွားနိုင်ဖွယ်ရှိပါသည်။ Hacker
များသည် ပြည်တွင်းအခွန်ရေးရာ ၀န်ကြီးဌာန၏ Website ကို စတင်ပစ်မှတ်ထား လုပ်ဆောင်ခြင်းသည်
နိုဝင်ဘာလမှ စတင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးသူများအနေဖြင့် ဖေဖော်ဝါရီလကတည်းက စတင်နိုင်သည်ဟု
ယူဆကြသည်။
IRS (Internal Revenue Service) ဟုခေါ်သော
ပြည်တွင်းအခွန်ဌာနသည် မေလတွင် ပိတ်ချခံခဲ့ရပြီး ပြစ်မှုအတွက် လက်သည်မဖော်နိုင်ခဲ့ချေ။
သို့သော် အစိုးရအဖွဲ့ စုံစမ်းသူများအနေဖြင့် အဆိုပါ အချက်အလက်ခိုးယူသော Hacker များသည်
ရုရှအခြေစိုက် အတွေ့အကြုံရင့် Cyber ပြစ်မှုကျူးလွန်သူတစ်စုဖြစ်ကြောင်း ယုံကြည်လျက်ရှိပါသည်။
စုံစမ်းစစ်ဆေးမှူ့များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
14-12-2015
သတင်းစီစဉ် တင်ဆက်သူ : Nub90d (MEHN Team)
ပြည်တွင်းအခွန်ဌာနမှ ၃၃၄၀၀၀ ထက်မနည်းသော အခွန်ထမ်းပြည်သူများ၏ အချက်အလက်အား Hacker များမှ ခိုးယူ
Reviewed by Myanmar Ethical Hacking News
on
10:11 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:11 AM
Rating:

No comments: