CloudFlare သည် ISIS တို့၏ Websites များကို အကာအကွယ် ပေးနေတယ်လို့ Anonymous Hacker Group မှ စွပ်စွဲလိုက်ပါတယ်
ISIS အကြမ်းဖက် တိုက်ခိုက်ရေးသမားများ၏ Paris အကြမ်းဖက်တိုက်ခိုက်မှု
အပြီးတွင် Anonymous Hacker Group မှ ISIS တို့အပေါ် Cyber War ကြေငြာခဲ့ပါတယ်။
Anonymous Hacker များသည် ISIS တို့၏ Website များကို တိုက်ခိုက်ရာတွင် CloudFlare သည် ISIS တို့၏ Website များကို အကာအကွယ်ပေးထားသည့်အတွက် Websites
များ၏ Real IP Address ကိုဖော်ထုတ်ရာတွင် အဟန့်အတား ဖြစ်စေတယ်လို့ Anonymous
Hacker Group မှ ၎င်းးတို့၏ Twitter စာမျက်နှာများတွင် ထုတ်ဖော်ခဲ့ကြပါတယ်။
CloudFlare သည် Online Security Service တစ်ခုဖြစ်ပြီး
အထူးသဖြင့် DDoS Attack များအတွက် အကာအကွယ်ပေးပါသည်။ DDoS Attack ကာကွယ်ခြင်း ၀န်အောင်မှူ့အပြင်
အခြားသော Website Security ပိုင်းဆိုင်ရာ အကာအကွယ်များအတွက်လည်း ၀န်ဆောင်မှူ့များကို
ဆောင်ရွက်ပေးပါသည်။ CloudFlare သည် Website ၏ IP အစစ်ကို ဖျောက်ထားပေးပါသည်။
Attacker များသည် Website များသို့ ကြီးမားသော Hug Traffic များကို ပို့လွှတ်သည့်အခါ
ထိုပို့လွှတ်သည့် Fake Traffic များကို CloudFlare မှ Block လုပ်ပေးနိုင်ပါသည်။
အချို့သော ISIS Website သတင်းဌာနများသည်
CloudFlare Service ကို အသုံးပြုကြပါသည်။ ထိုအခါ Anonymous တို့အတွက် တိုက်ခိုက်ရန်ရာတွင်
အခက်အခဲဖြစ်စေပါတယ်။ CloudFlare ၏ CEO ဖြစ်သူ Matthew Prince မှ “ကျွှန်တော်တို့က
ISIS Websites တွေကို အကာအကွယ်ပေးနေတာမဟုတ်ပါဘူး ကျွှန်တော်တို့ Service ကို အသုံးပြုသူ
မည်သူကိုမဆို ၀န်ဆောင်မှူ့ပေးရမှာ ကျွှန်တော်တို့ တာဝန်ပါဘဲ” ဟု ပြောကြားခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေကာမှူ အကြမ်းဖက်သမားများကို အကာအကွယ်မပေးသင့်ကြောင့်
ကမ္ဘာကြီးငြိမ်းချမ်းရန်အတွက် Anonymous တို့နှင့် လက်တွဲကာ တိုက်ပွဲဝင်သင့်ကြောင်း
Anonymous Hacker Group မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
10-12-2015
သတင်းစီစဉ် တင်ဆက်သူ : Zarni (MEHN Team)
CloudFlare သည် ISIS တို့၏ Websites များကို အကာအကွယ် ပေးနေတယ်လို့ Anonymous Hacker Group မှ စွပ်စွဲလိုက်ပါတယ်
Reviewed by Myanmar Ethical Hacking News
on
2:20 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:20 PM
Rating:

No comments: