Wifi Password မေ့သွားပါက ပြန်ရှာနိုင်သည့် နည်းလမ်း ၅ သွယ်



သင်ချိတ်ဆက်အသုံးပြုနေသော WiFi Network ၏ Ppassword မေ့သွားပါက ပြန်လည်ရှာဖွေကြည့်ရန် နည်းလမ်းများစွာရှိပါသည်။ ထို Password ပြန်လည်ရှာရန် နည်းလမ်းများစွာထဲမှ တချို့နည်းလမ်းများမှာ Command ရိုက်ထည့်ရန်လိုသော ရှုပ်ထွေးတဲ့အဆင့်တွေပါဝင်ပါတယ်။

ကျွှန်တော်တို့ မကြာခဏမှားလေ့ရှိတဲ့ အမှားတခုကတော့ ကျွှန်တော်တို့ ကိုယ်ပိုင် WiFi ရဲ့ Password ကို မေ့နေခြင်းပဲဖြစ်ပါတယ်။ သင့်သည် Devices များစွာ ချိတ်ဆက်သုံးနေခဲ့ပြီးမှ Device အသစ်တခု ထပ်မံချိတ်ဆက်ရန် ပြုလုပ်တဲ့အခါ Password မေ့နေခြင်းဟာ တကယ်ကို စိတ်ကသိ ကအောက်ဖြစ်စရာ ကောင်းပါတယ်။

သင့်ရဲ့ WiFi Password ကိုပြန်ရှာဖွေဖို့ နည်းလမ်း ၅ သွယ်ကို အောက်မှာ Tutorial အနေနဲ့ဖော်ပြထားပါတယ် ။
ထိုနည်းလမ်းတွေထဲမှာ Window, Linux, Mac နှင့် Android Device တွေပေါ်မှာပါ ရှာဖွေနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

Method 1 : Window ပေါ်၌ Command Prompt သုးံ၍ WiFi Password ရှာဖွေခြင်း

ပထမဆုံး သင့် Window Pc ၏ Start Menu ထဲ၌ All Programs -> Accessories ထဲမှ Command Prompt ကို Right Click နှိပ်ပြီး Run As Administrator ဖြင့် ခေါ်လိုက်ပါ။



Command Prompt ပွင့်လာသောအခါ အောက်ပါ Command များကို ရိုက်ထည့်ပြီး Wifi Password ကို ကြည့်နိုင်ပါတယ်။

C:\Windows\system32>netsh wlan show profile name=NETGEAR68 key=clear


NETGEAR68 နေရာတွင် မိမိရှာဖွေလိုသော Wifi အမည်ထည့်ပါ။ ထို့နောက် Enter နှိပ်ပြီးသောအခါ သင့် WiFi ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်ပြီး Password ကိုတော့ Key Content တွင် ဖော်ပြထားသည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ထိုကဲ့သို့ သင့် WiFi အား ချိတ်ဆက်ခဲ့သည်များကို ကြည့်လိုပါက အောက်တွင်ပေးထားသော Command များ ရိုက်၍ ကြည့်နိုင်ပါသည်။

netsh wlan show profiles


Method 2 : Window ပေါ်မှ အဆင့်ဆင့်သွား၍ WiFi Password ပြန်လည်ဖော်ကြည့်ခြင်း

ပထမဦးစွာ Navigate Bar ပေါ်ရှိ WiFi သင်္ကေံတပေါ်၌ Right Click နှိပ်ပါ။ Open Network and Sharing Center ကိုရွေးပါ။


Change adapter settings ကိုဖွင့်ပါ ။ကျွန်တော် သုံးသော Window အမျိုးအစားနှင့် သင်သုံးသော Window အမျိုးအစား မတူသောအခါ Icon ပုံစံပြောင်းလဲမှု အနည်းငယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပေးတဲ့ နည်းလမ်းက Window 7, Window 8, Window 10 အားလုံးတို့တွင် အသုံးဝင်သည် ဆိုတာကိုတော့ အခိုင်အမာပြောရဲပါတယ် ။ 



အခု WiFi Network ပေါ်၌ Right Click နှိပ်၍ ကျလာသော Menu ထဲမှ Status ကိုရွေးပါ။


ပွင့်ကျလာသော box ထဲမှ Wireless Properties အား ရွေး၍ Click နှိပ်ပါ။


ထိုနောက် Security အားရွေး၍ Show character  ၌ အမှန်ခြစ် ပေးပါ။



အခုဆိုရင် သင့် WiFi password အားတွေ့မြင်ရပြီ ဖြစ်ပါသည်။

Method 3 : Mac ပေါ်တွင် Terminal ဖြင့် WiFi password ပြန်ရှာဖွေခြင်း

cmd + space ကိုနှိပ်၍ Spotlight ဖွင့်လိုက်ပါ။ ထို့နောက် Terminal Window ဖွင့်ရန်အတွက် Terminal ဟုရိုက်ပါ။ ထိုနောက် အောက်ပါ Command များကို ရိုက်ထည့်၍ ( fossbytes နေရာတွင် သင့် WiFi Name ကိုအစားထိုးရိုက်၍ Enter နှိပ် ပါ ) သင့် Mac ၏ Username နှင့် Password ထည့်ပါ ။

security find-generic-password -wa fossbytes



အောက်နေရာလွတ်၌ သင့် WiFi ၏ password အားမြင်တွေ့ရပါလိမ့်မယ် ။

Method 4 : Linux ပေါ်၌ WiFi password ပြန်ရှာဖွေခြင်း

Linux terminal ဖွင့်ရန်အတွက် Ctrl+Alt+T ကိုနှိပ်ပါ။ အောက်ပါ command များရိုက်၍ ( fossbytes နေရာတွင် သင့်၏ WiFi name အားအစားထိုးပါ ) သင့် Linux Username နှင့် Password ထည့်ပါ ။

sudo cat /etc/NetworkManager/system-connections/fossbytes | grep psk=



ထိုနေရာတွင် သင့် WiFi password အားတွေ့မြင်ရပါလိမ့်မည် ။ ထိုကဲ့သို့ပင် သင့် WiFi name အားသိလိုပါက အောက်ပါ commamd အား ရိုက်ထည့်ပါ ။

sudo grep psk= /etc/NetworkManager/system

Method 5 : Android ပေါ်တွင် WiFi password အားပြန်ရှာဖွေခြင်း ဤ နည်းလမ်းအားလုပ်ဆောင်မည့် Android ဖုန်းသည်
Root ဖောက်ထားရန် နှင့် Es File Explorer ကို Install လုပ်ထားရန် လိုအပ်သည်။
ES File Explorer ကိုဖွင့်ပါ ။ Local menu သို့သွား၍ Device အားရွေးပါ ။ ထိုနေရာ၌ ES File Explorer မှ သင့်အား Super User Permission အတွက်လားဟု မေးလျှင် ခွင့်ပြုပေးရန်အတွက် Click နှိပ်ပေးပါ။
Data အမည်ရှိသော Folder ကိုဖွင့်၍ Msic Folder အားရှာပါ။
WiFi folder အားဖွင့်ပါ ။ ထိုနေရာတွင် wpa_supplicant.conf အမည်ရှိသော File အားရှာတွေ့ပါလိမ့်မည် ။
ထို File အားဖွင့်၍ သင့် WiFi name ( SSID ) ကိုရှာပါ ။ ထို SSID အောက်တွင် သင်မေ့သွားသော WiFi password အားတွေ့ရပါလိမ့်မည် ။

အခုဆိုရင် သင်ဟာ မည့်သည့် Device နဲ့မဆို ချိတ်ဆက်ထားတဲ့ WiFi ရဲ့ Password ရှာဖွေနည်းကို သိသွားပြီ ဖြစ်ပါတယ်။

11-12-2015
စီစဉ်တင်ဆက်သူ - belo ( MEHN Team)
Wifi Password မေ့သွားပါက ပြန်ရှာနိုင်သည့် နည်းလမ်း ၅ သွယ် Wifi Password မေ့သွားပါက ပြန်ရှာနိုင်သည့် နည်းလမ်း ၅ သွယ် Reviewed by Myanmar Ethical Hacking News on 11:50 AM Rating: 5

No comments:

MEHN Team. Powered by Blogger.