Email and Phone Number သိရုံမျှဖြင့် Email အား တိုက်ခိုက်နိုင်မည့် နည်းလမ်း
အချက်အလက်များ လုံခြုံရေးဆိုင်ရာ နည်းပညာနယ်ပယ်တွင် Email Accounts များ၏ လုံခြုံရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ရပ်တည်လျှက်ရှိပါသည်။ Email သည် အမှတ်တကယ်ကို အသက်တမျှ အရေးကြီးပါတယ်။ Facebook အတွက်ဆိုလျှင် Email သည် အဓိကဖြစ်သည် Email ရသွားပါက Facebook အကောင့်ကိုပါ ရသွားမည် ဖြစ်သည်။ ထို့ကြောင်း Email များ၏ လုံခြုံရေးသည် အထူးပင် အရေးကြီးပါသည်။
ယခုသင်ခန်းစာတွင် Phone ဖြင့် 2 step Verification ခံထားသည့် အကောင့်ကို Hacker များ မည်ကဲ့သို့ တိုက်ခိုက်သည်ကို ဖော်ထုတ်ပြမှာ ဖြစ်ပါတယ်။ အရင်ဆုံး Victim သားကောင်၏ Email and Phone Number ကို သိရှိအောင် စုံစမ်းပါ။ ထို့နောက် gmail.com တွင် Forget Password သို့သွားပြီး သားကောင်၏ Email ကို ရိုက်ထည့်ပါ။ ထို့နောက် Next နှိပ်လိုက်သောအခါ သားကောင်၏ ဖုန်းနံပါတ်ကို တောင်းပါလိမ့်မည်။
ထိုအခါ စုံစမ်းထားသော သားကောင်၏ ဖုန်းနံပါတ်ကိုထည့်လိုက်ပါ။ Continue ကို နှိပ်လိုက်သောအခါ Verification Code သည် သားကောင်၏ ဖုန်းနံပါတ်သို့ ၀င်ရောက်သွားမည်ဖြစ်သည်။ ထို့နောက် Hacker သည် Malicious Message ဖြစ်သော Message အတု ကို သားကောင်ထံသို့ ပို့လွှတ်ပါတယ်။ Message တွင် ရေးထားသော အကြောင်းအရာများကတော့ “ကျွှန်တော်သည် Google Service မှ ဖြစ်ပါတယ် သင့်ရဲ့ အကောင့် Active လုပ်ရန်အတွက် အခုနကပေးပို့လိုက်သော Code ကို ပြန်လည်ပို့ဆောင်ပေးပါ” အစရှိသဖြင့် ယုံကြည်နိုင်လောက်အောင် ရေးသားပြီး သားကောင်ထံသို့ ပို့လွှတ်လိုက်ပါတယ်။ အဲ့ဒီမှာ သားကောင်သည် Hacker မှ ပို့လွှတ်လိုက်သော Message အတုကို အမှန်တကယ်ထင်မှတ်ကာ Verification Code ကို ပေးပို့လိုက်ပါက Hacker သည် Verification Code ရရှိသွားမည်ဖြစ်သည်။ ထို Verification Code ကို အသုံးချပြီး Password Reset လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။
ထို့ကြောင့် စာချစ်သူများအနေဖြင့် မိမိတို့၏ Email Account များကို လုံခြုံစွာထားရန်နှင့် ၀င်ရောက်လာသော Message များကို သေချာစွာ စစ်ဆေးကြည့်ရူ့ရန် လိုအပ်ပါသည်။ သေချာစွာ စစ်ဆေးမကြည့်ဘဲ တဖက်မှ စာပြန်ခိုင်းတာနှင့် ပြန်လိုက်ပါက အခုလို တိုက်ခိုက်နည်းများဖြင့် ကြုံတွေ့နိုင်ပါသည်။
ဒီဆောင်းပါးကတော့ စာချစ်သူတို့ Hacking ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပါတယ်။ Hacker များမှ မည်သည့်နည်းလမ်းများဖြင့် တိုက်ခိုက်တတ်သည်ကို သိရှိထားပြီး ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရန် အတွက် ဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကိုမှ ပျက်စီးစေလို၍ ရေးသားဖော်ပြခြင်းမဟုတ်ပါ။ ကိုယ်ပြုသင့်ကံ ကိုယ့်ထံသာ ပဲ့တင်ပြန်လာပါလိမ့်မည်။
ရန်သူသည် နေရာတိုင်းတွင်ရှိပြီး လက်တကမ်းအကွာမှ စောင့်ကြည့်နေပါသည်။ နည်းပညာဆိုင်ရာ လုံခြုံရေးသတင်းနှင့် နည်းပညာစာပေများကို မပြတ်လေ့လာဖတ်ရူ့ပြီး လုံခြုံရေးသတိ လုံခြုံရေးအသိဖြင့် နေထိုင်မည်ဆိုပါက Hacker များရန်မှ ကင်းဝေးနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ
18-12-2015
စီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
Email and Phone Number သိရုံမျှဖြင့် Email အား တိုက်ခိုက်နိုင်မည့် နည်းလမ်း
Reviewed by Myanmar Ethical Hacking News
on
3:14 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
3:14 PM
Rating:

No comments: