အင်တာနက် အမြန်နှုန်းကို စမ်းသပ်စစ်ဆေးကြည့်ရှူ့နိုင်သည့် Website
ကျွန်တော်တို့ အင်တာနက်စသုံးမယ်ဆိုရင်တော့
အရင်ဆုံး လုပ်ဆောင်သင့်တာကတော့ Internet Speed ကောင်းမကောင်း စစ်ဆေးကြည့်တာပါဘဲ။ အဘယ်ကြောင့်
ကျွှန်တော်တို့ စစ်ဆေးကြည့်ရူ့သင့်ပါသလဲ? ကျွှန်တော်တို့ကို Service ပေးနေသော ကုမ္ပဏီများသည်
တိကျသော Bandwidth နှင့်ပေးနေသလား လျှော့ပြီး ပေးနေသလား ဆိုတာကို သိရှိရန်အတွက်
Internet Speed ကိုစစ်ဆေးကြည့်သင့်ပါတယ်။
ထိုသို့စစ်ဆေးရန်အတွက် Ookla မှ
Internet Speed Test အတွက် Website တစ်ခုကို ဖန်တီးထားရှိပေးထားပါတယ်။ Adobe Flash
သည် Browser အားလုံးနှင့် ပတ်သက်သော အရာအားလုံးကို လွမ်းမိုးထားတာကြာပါပြီ။ အဘယ့်ကြောင့်ဆိုသော်
ကျွှန်တော်တို့ တစ်ခုခုကို ကြည့်ချင်သည်ဖြစ်စေ Adobe Flash ကို Install လုပ်ရမယ်ဆိုတာကို
မကြာခဏ မြင်တွေ့ကြဖူးပါလိမ့်မယ်။ Ookla သည် သူ၏ speedtest.net Service ကို HTML 5 ဖြင့်
ပြန်လည်ရေးသားပြီး Flash ထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။
HTML 5 အခြေခံထားတဲ့ Version ဖြစ်သည့်အတွက်
နောက်ထပ် Plugins အပိုတွေ ရယူဖို့ မလိုအပ်ပါဘူး။ လိုအပ်ချက်မှန်သမျှအတွက် သင့်ရဲ့ Browser
မှာ အလုံအလောက် ထည့်ပေးထားမှာပါ။ ဒါကြောင့် speedtest.net ကို အသုံးပြုပြီး အင်တာနက်အမြန်နှုန်း
စစ်ဆေးသည့်အခါ လွယ်ကူအဆင်ပြေပြီး အရင်ကထက် ပိုမိုမြန်ဆန်စွာ ၀န်ဆောင်မှူ့ပေးနိုင်တော့မှာ
ဖြစ်ပါတယ်။
18-12-2015
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင်
(MEHN Team)
အင်တာနက် အမြန်နှုန်းကို စမ်းသပ်စစ်ဆေးကြည့်ရှူ့နိုင်သည့် Website
Reviewed by Myanmar Ethical Hacking News
on
4:46 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
4:46 PM
Rating:

No comments: