ကမ္ဘာ့အလှဆုံး Hacker မယ်လေးများ
မိန်းကလေးများကို အထင်သေးနေပါသလား ? ဒါဆို
စာချစ်သူ အမှားကြီးမှားသွားပါလိမ့်မယ်။ မိန်းကလေးများသည် ယောကျာင်္းလေးများနှင့်အပြိုင်
မလုပ်နိုင်သည့် အရာဆိုသည်မှာ ယနေ့ကမ္ဘာပေါ်တွင် မရှိသလောက်ကို ရှားနေပြီဖြစ်ပါတယ်။ ယခုလည်း
ကြည့်ကြည့်ပါ Hacking အလုပ်ဆိုသည်မှာ ယောကျာင်္းလေးများသာ လုပ်နိုင်သည့် အရာမဟုတ် မိန်းကလေးများပါ
လုပ်နိုင်သည် ဆိုတာကို ယခု Hacker အလှပဂေး ၅ ယောက်က သက်သေထူလျှက်ရှိပါတယ်။
Adeanna Cooke
Adeanna Cooke သည် Playboy Model တစ်ဦးဖြစ်ပြီး
သူမ၏ ၀တ်လစ်စလစ်ပုံများကို အင်တာနက်အပေါ်သို့ လွှင့်တင်ကာ ၀င်ငွေရှာခဲ့ပါတယ်။
Playboy Model ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ Cyber Crime များကို ကျူးလွန်ထားသူ
တစ်ဦးလည်းဖြစ်ပါတယ်။ သူမသည် ငွေကြေးရယူလိုမှူ့အတွက် Websites များကို Hack ခဲ့ခြင်းမဟုတ်ဘဲ
သူမ၏ အရည်အချင်းကို ပြသချင်သောကြောင့်သာ Websites များကို Hack ခဲ့ခြင်း ဖြစ်ပါတယ်။
Anna Chapman
Anna Chapman သည် ရုရှားလူမျိုးဖြစ်ပြီး
သူမနှင့် အပေါင်းအပါ ကိုးယောက်အဖမ်းခံရချိန်တွင် သူမသည် နယူးယောက်မြို့တွင် နေထိုင်နေဆဲကာလဖြစ်ပါတယ်။
တရားမ၀င် Spyware များအသုံးပြုခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ သူမသည် ဂျုလိုင်လ
၃ ရက်နေ့ ၂၀၁၃ ရက်နေ့တွင် Edward Showden ကို လက်ထပ်ရန် တောင်းဆိုခဲ့ခြင်းမှ အစပြုပြီး
လူအများသတိထားလာခဲ့သည့် Hacker မယ် တစ်ဦးဖြစ်ပါတယ်။
Kristina Sveshinskaya
Kristina Sveshinskaya သည် နယူးယောက်မြို့မှ
အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ Hacking လောကမှာ ကျော်ကြားသည့် အမည်ကတော့
Kristina Vladimirovna Svechinskaya ဖြစ်ပါတယ်။ သူမသည် အမေရိကန် ပြန်ထောင်စုနှင့် အင်္ဂလန်ရှိ
ဘဏ်များတွင် ပတ်စပို့အတုများဖြင့် အကောင့်အတုများဖွင့်ကာ ငွေချေးယူမှူ့များ ပြုလုပ်ခဲ့ပါတယ်။
ထို့အပြင် အမေရိကန်ရှိ ဘဏ်များကို Zeus Trojan Horse ဖြင့် တိုက်ခိုက်ခဲ့ပြီး ငွေကြေးခိုးယူမှူ့များကိုလည်း
ကျူးလွန်ထားသူဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ 35000$ (စတာလင်ပေါင် 22000) ပမာဏရှိသော ငွေကြေးကို
ခိုးယူခဲ့ပါတယ်။ ထိုမျှမကသေးဘဲ သူမနှင့် အပေါင်းအပါကိုးယောက်သည် အမေရိကန်ဒေါ်လာ ၃ မိလီယံကိုလည်း
ခိုးယူမှူ့ ကျူးလွန်ထားပါသေးတယ်။
Joanna Rutkowska
Joanna Rutkowska သည် Ethical Hacker
တစ်ယောက်ဖြစ်ပြီး Security Researcher တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ Malware များကို
သုသေသနပြုလုပ်ချက်များကြောင့် ကျော်ကြားလာခဲ့ပါတယ်။ တော်လွန်းသည့် သူမသည် Microsoft
ကုမ္ပဏီ၏ နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ယခု
သူမသည် နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာ ကုမ္ပဏီဖွင့်ထားပြီး ပိုလန်နိုင်ငံ ၀ါဆောမြို့တွင်
နေထိုင်လျှက်ရှိပါတယ်။
Ying Cracker
Ying Cracker သည် အလှပဂေး Hacker များထဲမှ
တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ သူမသည် တရုတ်ပြည် ရှန်ဟိုင်းတွင် နေထိုင်လျှက်ရှိပါတယ်။
Cracking သင်တန်းများကို ပို့ချလျှက်ရှိပါတယ်။ တရုတ် Hacking လောကတွင် သူမသည် ရေပန်းအစားဆုံး
ဖြစ်ပါတယ်။ သူမသည် Software များကို Crack ပြီး Coding များကို ပြန်ပြောင်းနိုင်သည့်
နေရာတွင် ဆရာတဆူအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ Cracking အပိုင်းတွင် တော်လွန်းသည့်အတွက်
သူမ၏နောက်ဆုံးအမည်ကို Cracker လို့ Hacking လောကသားများက အမည်မှည့်ခေါ်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်တွင် Hacking ပိုင်းကို လေ့လာနေသော
ယောကျာင်္းလေးများရှိသလို စိတ်ပါဝင်စားသည့် မိန်းကလေးများလည်း ပေါ်ထွက်လာလျှက်ရှိပါတယ်။
အချို့ဆိုလျှင် Hacking ပညာရပ်သည် ယောကျာင်္းလေးများနှင့်သာ သက်ဆိုင်သော ဘာသာရပ်ဟု တွေးထင်တတ်ကြပါတယ်
ထိုယူဆချက်သည် အလွန်ပင်မှားယွင်းသော ယူဆချက်ဖြစ်သည်။ Hacking ပညာရပ်သည် အသက်အရွယ်မရွေး
မိန်းကလေး ယောကျာင်္းလေးမရွေး သင်ယူနိုင်သော ဘာသာရပ်ဖြစ်ပါတယ်။ အဓိက အချက်မှာ သင်ယူလိုစိတ်နှင့်
တစိုက်မတ်မတ် ကြိုးစားအားထုတ်မည်ဆိုပါက မည်သူမဆို ထူးချွှန်ထက်မြက်သည့် Hacker ကြီးများ
ဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။
18-12-2015
သတင်းစီစဉ် တင်ဆက်သူ : ကိုရီချင် (MEHN
Team)
ကမ္ဘာ့အလှဆုံး Hacker မယ်လေးများ
Reviewed by Myanmar Ethical Hacking News
on
12:36 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
12:36 PM
Rating:





No comments: