19 နှစ်အရွယ် လူငယ်လေးမှ Airline Website တခုကို ဖောက်ထွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ 150,000 ရယူခဲ့ခြင်း
အမေရိကန်ဒေါ်လာ 150,000 ကို အချိန်တိုအတွင်းရဖို့
ကျွှန်တော်တို့ဘယ်လိုလုပ်ဆောင်ကြမလဲ? လူတစ်ယောက်သည် Airline ကို Hack ခဲ့ပြီး လက်မှတ်အတုတွေကို
ရောင်းချပြီး အမေရိကန်ဒေါ်လာ 150,000 ရအောင်ဖန်တီးသွားတယ်ဆိုရင် ဖြစ်နိုင်ပါ့မလား? မယုံမရှိပါနဲ့
တကယ်ဖြစ်ပျက်ခဲ့တာပါ။ တရုတ်လေကြောင်းလိုင်းတစ်ခု၏ Website တစ်ခုကို အသက် ၁၉ နှစ်အရွယ်ရှိ
လူငယ်လေးမှ ဖောက်ထွင်းနိုင်ခဲ့ပါတယ်။
အဆိုပါဖောက်ထွင်းမှူ့တွင် ခရီသည်များ၏
အချက်အလက်ပေါင်းများစွာ ခိုးယူခံခဲ့ရပါတယ်။ ဖောက်ထွင်းခဲ့သည့် ဆယ်ကျော်သက်လူငယ်လေးရဲ့
အမည်ကတော့ Zhang လို့ခေါ်တွင်ပြီး အရှေ့မြောက်တရုတ် Heilongjiang ပြည်နယ် တရုတ်လေကြောင်း
Website ကိုတိုက်ခိုက်ခဲ့တာပါ။ 16 Million Passengers များ၏ မှတ်တမ်းတွေကို ခိုးယူခဲ့ပါတယ်။
ခိုးယူခဲ့သည့် Information များထဲတွင် ပါဝင်သည့် အချက်အလက်များမှာ - Flight Details
, Names , ID Card Numbers , Email Address , Mobile Phone Numbers စတာတွေ ပါဝင်ခဲ့ပါတယ်။
Zhang သည် ရရှိခဲ့သော အချက်အလက်များကို
အသုံးချပြီး Air tickets အတုများကို ရောင်းချခဲ့ပါတယ်။ Customer များသည် Air
tickets အတုများကို လေကြောင်းလိုင်းမှ တရားဝင်ပို့သည်အထင်နှင့် Online Banking
System မှ တဆင့် ငွေပေးချေမှူ့များ ပြုလုပ်ခဲ့ပါတယ်။
ထိုအဖြစ်အပျက်သည် 31 July မှ 20
August ထိ ကြာမြင့်ခဲ့ပြီး November မှာတော့ ရဲတွေက North China (Dalion) မှာ တရာခံကို
ဖမ်းဆီိမိခဲ့ပါတယ်။ ရဲအရာရှိများ၏ ဖော်ပြချက်ထဲတွင် Website တိုက်ခိုက်မှူ့ကို အဆင့်မြင့်
နည်းပညာများအသုံးပြုပြီး လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ Airline Website ၏ အားနည်းချက်အချို့မှ
ဖောက်ထွင်းဝင်ရောက်သွားခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
8-1-2016
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင် (MEHN
Team)
19 နှစ်အရွယ် လူငယ်လေးမှ Airline Website တခုကို ဖောက်ထွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ 150,000 ရယူခဲ့ခြင်း
Reviewed by Myanmar Ethical Hacking News
on
7:45 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:45 PM
Rating:

No comments: