သင့်ရဲ့ဖုန်းပျောက်သွားရင် ဒါမှမဟုတ် အခိုးခံခဲ့ရရင် IMEI Number ကိုအသုံးပြုပြီး ရှာဖွေခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်
ဆဲလ်ဖုန်းတိုင်းမှာ အမျိုးအစားလိုက်ရှိတဲ့ ID Number
ကို IMEI လိုခေါ်ပါတယ်။ သူရဲ့အရှည်ကောက်ကတော့ "International Mobile Station
Equipment Identity” ပါ။ အဲ့ဒီ Number တွေကတော့ Mobile ဖုန်းများ၏ အချက်အလက်တွေကို
သိမြင်နိုင်ပါတယ်။ ဥပမာအားဖြင့် Originality, Vendor, Model Number စတာတွေပဲဖြစ်ပါတယ်။
Administrators မှလည်း အလားတူစစ်ဆေးနိုင်ပါတယ်။
Status နှင့် Area တွေအတွက်ဒီ IMEI Number တွေကအသုံးဝင်ပါတယ်။
Mobile Phone ၏အစိတ်အပိုင်းတွေမှာလည်း IMEI Number ကိုတွေနိုင်သလို ပိုပြီးသေချာချင်ပါက
Dialer ကနေ *#06# ကိုခေါ်ပြီးတော့လည်း တွေ့နိုင်ပါတယ်။ Android Device တွေမှာလဲ
Device Setting -> About မှာ အလားတူ တွေ့နိုင်ပါတယ်။
တခြားဖြစ်စဉ်တစ်ခုကတော့ သင်ဖုန်းကိုအခိုးခံရပြီ
ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖုန်းကပိတ်နေမယ်ဆိုရင်တော့ ရဲ ဒါမှမဟုတ် သင့်ဖုန်းရဲ့
Telecom Administrator တွေကို ဆက်သွယ်ဖို့လိုအပ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက်ဆိုရင်
သူတို့က သင်ဆီက Moblie's IMEI number ကိုတောင်းမှာဖြစ်ပါတယ်။ IMEI Number နှင့်အတူ
Administrator သည် ပျောက်သွားသော ဖုန်းသည် ပိတ်ထားသည့်တိုင်အောင် ခြေရာခံနိုင်မှာဖြစ်ပါတယ်။
သင့်ဖုန်းကိုရှာဖွေဖို့ရန်အတွက် သေချာတာကတော့ သင့် Android Mobile's IMEI Number ကို Google Dashboard မှာရှာဖွေနိုင်ပါတယ်။ Google Dashboard သည် Spot အနေဖြင့် နေရာကိုပြပေးပါတယ်။ သင့်၏ Information များကို ပြသပေးခြင်းကတော့ Google Services ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ သင်ဝင်ထားတဲ့ Google Account ကနေ Android Device ကိုလှမ်းပိတ်နိုင်ပါတယ်။
Device သည် "Android Section of Google
Dashboard Page” မှာ မှတ်တမ်းတင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အချက်အလက်တွေက သင့်မှာရှိတယ်
ဒါမဟုတ် Internet ကနေ အကြာကြီး Disconnected ဖြစ်ခဲ့ရင်တောင် ဖုန်း၏ တည်နေရာ ပတ်ဝန်းကျင်ကို
သေချာဖော်ပြပေးမှာ ဖြစ်ပါတယ်။
Google Service မှ တဆင့် မြင်တွေ့နိုင်တဲ့ အချက်အလက်တွေကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။
- IMEI
- Model Name
- Manufacturer
- Carrier
- Time of last activity
- Registered date (sign in date of Google
account to the device)
- Backup data saved per app
ပျောက်ဆုံး သို့မဟုတ် အခိုးခံရသည့် ဖုန်းကို ရှာဖွေပုံ
အဆင့်ဆင့်
Google Dashboard မှာ google.com/settings/dashboard လို့ဝင်ပြီး Google account sign လုပ်ပါ (အဲ့ဒီ Account ကသင့် Android Phone's ဖုန်းမှာဝင်ထားတဲ့ Account ဖြစ်ပြီး ထို Account နှင့် Play Store, Gmail App တွေကို ထိုဖုန်းအပေါ်မှာ အသုံးပြုထားပြီးသား ဖြစ်နေရပါမယ်)၊
Login ၀င်လိုက်တာနှင့် ချိတ်ဆက်ထားခဲ့သော
Android ဖုန်းများကို ပြထားပါလိမ့်မယ်။
Device Details နှင့်
Application တွေရဲ့ Data တွေပါဖော်ပြမှာဖြစ်ပါတယ်။
ပြထားသော IMEI Numbers များကတော့ အကောင့်တစ်ခုတည်းမှာ
Devices ပေါင်းများစွာ ချိတ်ဆက်ခဲ့သည့်အတွက် ချိတ်ဆက်ထားခဲ့သော Devices များကို ဖော်ပြပေးထားခြင်း
ဖြစ်သည်။ ထို IMEI Number များထဲမှ မိမိ၏ IMEI Number ကို ယူပြီး ပျောက်ဆုံးသည့် သို့မဟုတ်
အခိုးခံရသည့် ဖုန်းကို ရှာဖွေနိုင်ပါတယ်။
စာချစ်သူပရိသတ်များအားလုံး ဖော်ပြပါနည်းလမ်းကို
အသုံးပြုပြီး ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော ဖုန်းကို ရှာဖွေနိုင်ပါတယ်။
ဖော်ပြပါနည်းကတော့ Android OS ဖုန်းများအတွက် ဖြစ်ပါတယ်။
11-1-2016
စီစဉ်တင်ဆက်သူ : Zarni (MEHN Team)
သင့်ရဲ့ဖုန်းပျောက်သွားရင် ဒါမှမဟုတ် အခိုးခံခဲ့ရရင် IMEI Number ကိုအသုံးပြုပြီး ရှာဖွေခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်
Reviewed by Myanmar Ethical Hacking News
on
7:15 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:15 PM
Rating:

ဖုန်းပျောက်သွားကတည်းက ဖုန်းကို လုံးဝမဖွင့်သေးသရွေ့ဆို location ကို ဖော်ပြပေးနိုင်လားဆိုတာ သိချငထပါတယ်
ReplyDelete