Backdoor ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ?
Backdoor ဆိုတာကို လွယ်လွယ်ကူကူရှင်းပြရရင် အနောက်တံခါးပါဘဲ။ အိမ်တိုင်းမှာ အိမ်ရှေ့တံခါး အိမ်နောက်တံခါး ဆိုတာရှိပါတယ်။ လူ့သဘော လူ့သဘာဝအရ အိမ်ရှေ့တံခါးကိုသာ ဂရုစိုက်တတ်ကြပြီး အိမ်နောက်တံခါးကို သေချာစွာ ဂရုမစိုက်တတ်သည့် အလေ့အကျင့် ရှိတတ်ပါတယ်။ အိမ်ရှေ့တံခါးကိုတော့ သံဗန်းသံတံခါးဖြင့် သော့ခတ်တတ်ကြသော်လည်း အိမ်အနောက်တံခါးကိုမူ ရိုးရိုးသာမန် သစ်သားတံခါးဖြင့် ပြုလုပ်ထားသည်သာ များပါတယ်။ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် အိမ်ရှေ့တံခါးထက် အိမ်နောက်တံခါသည် ပိုမို ဖောက်ထွင်းရလွယ်မည်ကို တွေ့ရမည် ဖြစ်သည်။
System တစ်ခုတွင်လည်း ထို့နည်းတူစွာပင် အရှေ့ဘက်တွင် Firewall များနှင့် အခြားသော အကာကွယ်ပစ္စည်များ ချထားသော်လည်း အနောက်ဘက်တွင် အားနည်းချက်များ ရှိတတ်ပါသည်။ Attacker or Hacker များသည် ထိုအားနည်းချက်ရှိသော နေရာများမှ ၀င်ပေါက်များဖန်တီးကာ ထိုအပေါက်များမှတဆင့် ၀င်ထွက်သွားလာကြပါတယ်။
Backdoor ဆိုသည်မှာ System တစ်ခုအတွင်းသို့ ၀င်ရောက်ကာ အားနည်းချက်များကို ဖန်တီးပြီး Attacker or Hacker များမှ ၀င်ထွက်သွားလာနိုင်စေရန်အတွက် တံခါးချပ်ကဲ့သို့သော အားနည်းချက်များကို ဖန်တီးပေးသည် Software or Program တစ်မျိုးဖြစ်သည်။ Backdoor သည် Security System များကို ဖြတ်ကျော်နိုင်ပါတယ်။ Security System များကို ဖြတ်ကျော်ပြီး Attacker or Hacker ၏ ကွန်ပြူတာနှင့် ချိတ်ဆက်နိုင်ပါတယ်။ ယခုနောက်ပိုင်းတွင် Antivirus များမှ ဖမ်း၍ မမိနိုင်သည့် Backdoors ပေါင်းများစွာ ပေါ်ထွက်နေပြီဖြစ်ပါတယ်။
Backdoor သည် System တစ်ခုအတွင်းသို့ ၀င်ရောက်သွားပါက ထို Backdoor သည် Attacker or Hacker ၏ ကွန်ပြူတာနှင့် ချိတ်ဆက်ကာ Attacker or Hacker သည် System တစ်ခုလုံးကို ထိန်းချူပ်၍ ရရှိသွားမည်ဖြစ်သည်။ Backdoors များကို Linux OS များဖြင့် ဖန်တီးနိုင်သကဲ့သို့ Window ဖြင့် ဖန်တီးနိုင်သော Software များလည်းရှိပါတယ်။ Backdoors များဖန်တီးရန်အတွက် Linux OS , Network သဘောတရားများကို ကျွှမ်းကျင်စွာ သိထားရန်လိုအပ်ပါတယ်။
ယနေ့ အင်တာနက်အပေါ်တွင် Attacker or Hacker များမှ ဖန်တီးထားသော Backdoors ပေါင်းများစွာရှိပါတယ်။ Backdoors များကို နေရာတိုင်းတွင် တွေ့နိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် - အင်တာနက်ပေါ်တွင် စာအုပ်တစ်အုပ်ရှာတယ် သို့မဟုတ် သီချင်းတပုဒ်ရှာတယ်ဆိုကြပါစို့။ လိုချင်သည့်စာအုပ်ကိုလည်းတွေ့တယ် ဒါပေမယ့် pdf file မဟုတ်ဘူး exe file နှင့် ဖြစ်နေတယ်။ သူပြောထားတာက လိုချင်သည့် စာအုပ်ကို Download ချချင်ပါက ပေးထားသော exe file ကို အရင်ဆုံး Installation လုပ်ပါ ထို exe file ကို Installation လုပ်ပါက လိုချင်သည့် pdf file သည် အလိုလို Download ကျလာလိမ့်မည်ဟု ဖော်ပြထားလိမ့်မည်။ စာချစ်သူက ထို exe file ကို Installation လုပ်လိုက်သည့်အခါ လိုချင်သည့် စာအုပ်သည် အမှန်တကယ် Download ကျလာလိမ့်မည်ဟု ထင်မှတ်ပြီး Installation လုပ်မိပါက စာချစ်သူ၏ ကွန်ပြူတာတွင် Attacker or Hacker မှ ဖန်တီးထားသော Backdoor ၀င်ရောက်သွားနိုင်ပါတယ်။
Backdoor များသည် exe file အနေဖြင့်သာမက ပုံစံအမျိုးမျိုးဖြင့် တည်ရှိပါတယ်။ အင်တာနက်အပေါ်တွင် Attacker or Hacker များမှ ဖန်တီးထားသော Backdoors ပေါင်း သန်းနှင့်ချီပြီး ရှိနိုင်ပါတယ်။ ထို့ကြောင့် အင်တာနက်အပေါ်တွင် တစ်ခုခုကို Download ချပြီး Installation လုပ်ရန်လိုအပ်ပါက သေချာစွာ သတိထားသင့်ပေသည်။ Attacker or Hacker များသည် Backdoors များကို အမှန်တကယ့် Software များနှင့် ဆင်တူအောင် ဖန်တီးတတ်ကြပါတယ်။ အင်တာနက်မှ Software ကို Download ချပြီး မဖြစ်မနေ Installation လုပ်ရန်လိုအပ်ပါက ထို Software သည် အမှန်တကယ်လား အတုလားဆိုတာကို သေချာစွာ ခွဲခြမ်းစိတ်ဖြာသင့်ပါတယ်။ အကယ်၍ မိမိကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မပြုနိုင်ပါက နီးစပ်ရာ နည်းပညာရှင်များဖြင့် တိုင်ပင်ပြီး အကြံဥာဏ်ရယူပါ။ ကောင်းမွန်သော Antivirus များကို အသုံးပြုပါ။
နည်းပညာဆိုင်ရာ တိုက်ခိုက်မှူ့များသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျှက်ရှိပါတယ်။ အထူးသဖြင့် အင်တာနက်သည် မယုံကြည်ရဆုံး အရာတစ်ခုဖြစ်ပါတယ်။ အရေးကြီးသောကိစ္စရပ်များကို အင်တာနက်မှ ပို့မည်ဆိုပါက သေချာစွာ သတိထားရန်လိုအပ်ပါတယ်။ တိုက်ခိုက်နည်းများလည်း နေ့စဉ်နှင့်အမျှ အသစ်များ ပေါ်ထွက်လာလျှက်ရှိရာ အင်တာနက်ကို နေ့စဉ်အသုံးပြုနေသူ ဖြစ်ပါက အင်တာနက်ဆိုင်ရာ လုံခြုံရေး ဗဟုသုတများကို ရှာမှီးထားသင့်ပေသည်။ သို့မှသာ တိုက်ခိုက်ခံရခြင်းမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ စာချစ်သူပရိသတ်များအားလုံး Backdoors များ၏ ရန်မှ ကင်းဝေးပါစေကြောင်း ဗဟုသုတအဖြစ် ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
18-1-2016
စီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
Backdoor ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ?
Reviewed by Myanmar Ethical Hacking News
on
6:43 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:43 PM
Rating:

No comments: