Credit card ၂၂၀၀၀ ကျော်အား ရယူသွားခဲ့ သော FighterPOS



ဘရာဇီးနိုင်ငံ (Brazil) ၏ နိုင်ငံရေး စီးပွားရေး အဖွဲ့ အစည်းပေါင်း ၁၀၀ ကျော်အား ကူးစက်ခဲ့သော PoS (Point-of-Sale) အမည်ရှိ Malware အမျိုးအစားတစ်ခုကို Trend Micro လုပ်ငန်း၏ အကြီးတန်းလေ့လာသူများမှ တွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးအစားအား FighterPOS ဟု အမည်ပေးထားပြီး ထို Malware အား ရေးသားရန် အသုံးပြုခဲ့သော Tool ဖြစ်သည့် BRFighter အမည်ကို ဆင့်ပွားရယူပေးထားခြင်း ဖြစ်သည်။ ထို Malware ကို အသုံးပြုကာ Credit Card ၂၂၀၀၀ ကျော်၏ အချက်အလက် များကိုခိုးယူနိုင်ခဲ့သည်။

ထို Malware ကို ဖန်တီးခဲ့သူသည် Card ပြုလုပ်ခြင်း ငွေချေစနစ်၏ လုပ်ဆောင်ပုံအဆင့်ဆင့်နှင့် Malware ဖန်တီးမှုတို့တွင် အတွေ့အကြုံ ရင့်ကျက်သူဟု ယူဆရသည်။ အကြောင်းမှာ အခြားသူများ၏ အကူအညီ အထောက်အပံ့မပါဘဲ သီးခြားလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ FighterPOS သည် ကဈေးချိုလှသည် မဟုတ်ပါ။ ၁၈ ဘစ်ကွိုင် (Bitcoin) တန်ကြေးရှိပြီး အမေရိကန်ဒေါ်လာ ၅၂၅၀ ခန့်  ကျသင့်မည်ဖြစ်သည်။ သို့သော်လည်း ၄င်းအား ထိန်းချူပ်သည့် Interface အားကောင်းစွာဖန်တီးထားပြီး  Attacker များအတွက် အသုံးဝင်သော လုပ်ဆောင်ချက်ပေါင်း များစွာ ပါဝင်ပါသည်။

ဘစ်ကွိုင် ၁၈.၃၈၂၃ ကျသင့်မည်ဖြစ်ပြီး ဈေးကြီးသည်ဟု ထင်ရသည်။ သို့သော်လည်း ဝင်ငွေရမည့် အခွင့်အရေးမှာ အလွန်လွယ်ကူသည်။ ရရှိလာသော Credit Card များကို တဆင့်ပြန်လည်ရောင်းချ၍ သော်လည်းကကာင်း၊ နောင်အခါ သုံးစွဲလိုပါက ထုတ်သုံး၍ သော်လည်းကောင်း ဝင်ငွေရနိုင်သည်။ ဝယ်ယူသူအနေဖြင့် အပိုဆောင်းလုပ်ဆောင်မှုများ ဝယ်ယူလိုပါက အမေရိကန်ဒေါ်လာ ၈၀၀ ထပ်မံကျသင့်မည်ဖြစ်သည်။


Cardexpertdev အမည်ဖြင့် ရောင်းချသူက Malware အား လုံးဝမရိပ်မိနိုင်ကြောင်း သို့ သ်ာလည်း Anti-virus များမှ မမိနိုင်ရန်အတွက် Crypting Service တစ်မျိုးမျိုးကို အသုံးပြုရန် လိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ PoS Malware များအား ဖန်တီးသောအခါ လုံခြုံရေးစနစ်များကို ကျော်လွှားရန် ပုံမှန်အားဖြင့် Crypting Service တစ်ခုခုကို အသုံးပြုရလေ့ရှိသည်။ Cardexpertdev ရောင်းချသည်မှာ Credit Card ခိုးယူသည့် FighterPOS တစ်မျိုးတည်းမဟုတ်ပေ။ Credit card နံပါတ်များ၊ EVM chip မှတ်စက်များနှင့် အခြားသော ခိုးဝှက်ရာတွင် အသုံးပြုသော ထုတ်ကုန်များ၊ Cyber ပြစ်မှူ့များကျူးလွန်ရန် အသုံးပြုသော Tool များကိုလည်း ရောင်းချလျက် ရှိသည်။ C&C (Command & Control) Server များမှ သိရှိချက်အရ PoSသည် System ပေါင်း ၁၁၃ လုံးခန့်ကို ကူးစက်ခဲ့ပြီ ဖြစ်သည်။ ၄င်းအရေအတွက်၏ ၉၀% မှာ ဘရာဇီးနိုင်ငံမှ ဖြစ်သည်။ အခြားသောနိုင်ငံများဖြစ်သည့် အမေရိကန်၊ မက္ကဆီကို၊ အီတလီနှင့် အင်္ဂလန်တိုတွင်လည်း ပျံ့နှံ့နေကြောင်း တွေ့ရှိရပါသည်။

ဖေဖော်ဝါရီနှောင်းပိုင်းမှ ဧပရယ်လဆန်းအထိ တစ်လဝန်းကျင်ခန်အတွင်း ကူးစက်ခံရသောစက်များမှ Credit Card ၂၂၁၁၂ ခု၏ အချက်အလက်များကို Malware ထိန်းချုပ်သူထံ ပေးပိုခံခဲ့ရသည်။ အဓိက ပေးပိုသော Card များမှာ ဘရာဇီးနိုင်ငံတွင် အသုံးများနေသော Linx MicroVix နှင့် Linx POS စနစ်သုံး Card များ ဖြစ်သည်။ FighterPOS ၏ လုပ်ဆောင်ပုံများသည် အခြား PoS Malware များ၏ လုပ်ဆောင်မှုများအတိုင်းပင် ဖြစ်သည်။ Credit Card ၏ Track1, Track2 နှင့် CVV ရှိ Node များအား စုဆောင်းခြင်း၊ RAM (Random Access Memory) ပေါ်ရှိ အချက်အလက်များအား ရယူခြင်း (RAM Scraping)၊ ကူးစက်ခံရသောစက်တွင် နှိပ်လိုက်သော ခလုတ်များအား မှတ်သားခြင်း (key logging) တို့ပါရှိသည်။ Malware အား တွေ့ရှိခဲ့သော File များမှာ IE.exe နှင့် IEx.exe တို့  ဖြစ်ပြီး ၄င်းတိုသည် http://ctclubedeluta.org/ တွင် ရှိသော C&C Server သို့  ချိတ်ဆက်နိုင်သည်။

လူသုံးနည်းနေပြီဖြစ်သည့် Visual Basic 6 ဖြင့် ရေးသားထားပါတယ်။ ထိုသို့ လူသုံးနည်းပြီဖြစ်သော VB6 အား သုံးစွဲရခြင်းမှာ Botnet အဖြစ် အသုံးချရန် ရေးသားထားသော VnLoader Malware အား PoS malware အဖြစ် အသုံးပြုနိုင်ရန် ပြန်လည်ဖန်တီးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၄င်း Malware ၏ မူလ လုပ်ဆောင်နိုင်စွမ်းများဖြစ်သော အလိုအလျောက် အဆင့်မြှင့်ခြင်း File များရယူပြီး ၄င်းတို့အား Run စေခြင်း Credit Card အချက်အလက်များကို ပြန်ပို့နိုင်ခြင်း Key Logging ပြုလုပ်ထားသော အချက်အလက်များကို ပြန်ပို့နိုင်ခြင်း Layer 7 နှင့် Layer 4 DDoS တိုက်ခိုက်မှုများတွင် ပါဝင်နိုင်ခြင်းများ စသည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်သည်။ DDoS အတွက် အသုံးပြုနိုင်ခြင်းသည် အခြားရည်ရွယ်ချက်များရှိသော Malware ဝယ်ယူသူများကိုပါ ဆွဲဆောင် နိုင်ခဲ့သည်။

FighterPOS သည် လုပ်ဆောင်ချက်ပြည့်စုံသော Malware တစ်ခုဖြစ်ပြီး ကောင်းမွန်သော Encryption နည်းကို  အသုံးပြုကာ စနစ်တကျရေးသားထားသည်။ ၄င်း Malware သည် C&C server နှင့် ချိတ်ဆက်နိုင်ရန် နည်းလမ်းများစွာ ထောက်ပံ့ပေးထားပြီး ကူးစက်ခံရသောစက်များမှတဆင့် အသစ်အသစ်သော Credit Card များ ဆက်လက်ပေးပို့ခံနေရသည်ဟု သုံးသပ်မိသည်။ Trend Micro အဖွဲ့သားများအနေဖြင့် ၄င်း Malware အား လေ့လာခြင်းအပြင် C&C Server များကိုလည်း စောင့်ကြည့်လျက်ရှိပြီး ဖော်ထုတ်သိရှိထားသော C&C server များကို အောက်တွင်ဖော်ပြပေးထားသည်။

• 59.195.77.74
• ctclubedeluta.org
• msr2006.biz
• sitefmonitor.com
Trend Micro မှ တင်သွင်းခဲ့ကသာ အသေးစိတ်အစီရင်ခံစာအား အောက်ပါကနရာတွင် ဖတ်ရှု နိုင်သည်။

http://www.trendmicro .com/vinfo/us/ security/news/ cybercrime-and-digital-threats/fighterpos-oneman-
pos-malware-campaign

19-1-2016
သတင်းစီစဉ် တင်ဆက်သူ : Nub90d (MEHN Team)
Credit card ၂၂၀၀၀ ကျော်အား ရယူသွားခဲ့ သော FighterPOS Credit card ၂၂၀၀၀ ကျော်အား ရယူသွားခဲ့ သော FighterPOS Reviewed by Myanmar Ethical Hacking News on 9:17 PM Rating: 5

No comments:

MEHN Team. Powered by Blogger.