Samsung Android များ၏ သင်မသိသေးသော အချက်များ
Code 1: *#06# (Reveals IMEI Number)
ထို Code သည် IMEI Number ကိုဖော်ပြပေးမည်
ဖြစ်သည်။ IMEI Number သည် အတူမရှိသော စက်ရုံထုတ်နံပါတ် ဖြစ်သည်။ ထိုနံပါတ်ဖြင့် ပျောက်ဆုံးသွားသော
ဖုန်းများ ကိုရှာဖွေခြင်း ဖုန်းများကို Lock / Unlocked လုပ်နိုင်ခြင်း နှင့် အခြားသော
လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါတယ်။
Code 2 : #31# (Disables Outgoing
Caller ID)
Code #31# သည် အထွက် Call Phone
Number ကို ဖျောက်ပေးမည် ဖြစ်သည်။ အထူးသဖြင့် Hacker ကြီးများအသုံးများပါသည်။ အဘယ်ကြောင့်ဆိုသော
Caller ID ကို ဖျောက်လိုက်သည့်အတွက် တဖက်မှ မည်သည့်နိုင်ငံ မည်သည့်နေရမှ ခေါ်ဆိုသည်ကို
မသိရှိနိုင်တော့ပေ။ အသုံးပြုပုံမှာ ရှေ့ဆုံးမှာ ကုတ်ကို ခံပြီး ဖုန်းဆံပါတ်ဆက်တိုက်ရိုက်နှိပ်
ခေါ်ဆိုရတာ ဖြစ်ပါတယ်။ #31#0979xxxxxxxCall Button
Code 3 : *#21# (Checks Call
Forwarding Setting)
Code *#21# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့်
ခလုတ်ကို နှိပ်လိုက်ပါက Call Forwarding Setting ကို ဖော်ပြပေးမည် ဖြစ်သည်။
Code 4 : *#30# (Checks Incoming
Caller ID Settings)
Code *#30# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့်
ခလုတ်ကို နှိပ်လိုက်ပါက အ၀င်ဖုန်းများ၏ Caller ID Settings ကို ဖော်ပြနေမည် ဖြစ်သည်။
Code 5 : *#31# (Checks Outgoing
Caller ID Setting)
Code *#31# ကို နှိပ်ပြီး ဖုန်းခေါ်ဆိုသည့်
ခလုတ်ကို နှိပ်လိုက်ပါက အထွက် ဖုန်းခေါ်ဆိုမှူ့အတွက် Caller ID Setting ကို ဖော်ပြပေးမည်
ဖြစ်သည်။
Code 6 : *#0*# (Open A Service
Menu)
Code *#0*# ကို နှိပ်လိုက်သောအခါ
Phone ကို စစ်ဆေးပေးနိုင်မည့် Service Menu ကျလာမည် ဖြစ်သည်။ စစ်ဆေးချင်သည့်
Service ကို စစ်ဆေးပြီးပါက Back Key ကို နှစ်ကြိမ်နှိပ်ပြီး ပြန်ထွက်နိုင်ပါတယ်။
Code 7 : *#7353# (Open A Service
Menu List)
Code *#7353# သည်လည်း Service Menu ကို
ဖော်ပြပေးသည့် Code ဖြစ်သည် သို့သော် Service Menu ကို List ပုံစံဖြင့် ဖော်ပြပေးမည်
ဖြစ်သည်။
Code 8 : *#0782# (Show The Time)
Code *#0782# သည် အချိန်ကို ဖော်ပြပေးမသည့်
Code ဖြစ်သည်။
Code 9 : *#3282*727336*# (Overview
Menu)
Code *#3282*727336*# သည် Call Logs
, Phone Internal Space , SD card Space , Number of Contacts Messages စသည့် အချက်အလက်များကို
ဖော်ပြပေးမည် ဖြစ်သည်။
Code 10 : *#*#8255#*#* (Monitors
Google Talk)
Google App ၏ အချက်အလက်များကို ဖော်ပြပေးနိုင်မည့်
Code ဖြစ်သည်။
Code 11 : *#7465625# (Opens The SIM
Lock Menu)
Code *#7465625# ကို နှိပ်လိုက်သောအခါ
ဖုန်းသည် Lock ဖြစ်နေသည် မဖြစ်နေသည် စသည့်အချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။
Menu တွင် အကုန်လုံးသည် OFF ဖြစ်နေပါက Unlocked Phone ဖြစ်ပြီး ON ဖြစ်နေပါက
Locked Phone ဖြစ်သည်။
Code 12 : *#0589# (Tests The Light
Sensor)
Code ကို ရိုက်ထည့်လိုက်သောအခါ ဖုန်း၏
Light Sensor ကို စစ်ဆေးပေးမည် ဖြစ်ပြီး Light Sensor သည် ကောင်းစွာ အလုပ်လုပ်ပါက
Level 1 ဟုပြန်လည် ဖော်ပြပေးမည် ဖြစ်သည်။ (Level 1 နေရာတွင် အခြားတစ်ခုခုလည်း ဖော်ပြနိုင်ပါတယ်)
Code 13 : *#*#7594#*#* (Power Off
Your Phone Without Confirmation)
*#*#7594#*#* ဒီကုတ်ကတော့ Power
Button ကို ကြာမြှင့်စွာ နှိပ်ပြီး မပိတ်ချင်သူများအတွက် အဆိုပါကုတ်ကို ရိုက်ထည့်လိုက်တာနှင့်
အတည်ပြုချက် မတောင်းခံဘဲ ချက်ချင်း ဖုန်း ကို Poswr Off လုပ်သွားမည် ဖြစ်သည်။
Code 14 : *2767*3855# (Instanly
Wipes Out The Device Without Prompt)
*2767*3855# ဒီကုတ်ကို အသုံးပြုမယ်ဆိုရင်
အနည်းငယ် အန္တရာယ်ရှိပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကုတ်ကို ရိုက်ထည့်လိုက်တာနှင့် စက်ရုံမှ
စထုတ်သကဲ့သို့ Format ကျသွားမှာ ဖြစ်ပါတယ်။ Format ကျဖို့အတွက် သင့်ကို တစုံတရာ မေးမြန်းမှာ
မဟုတ်ပါဘူး ကုတ်ရိုက်ထည့်လိုက်တာနှင့် မည်သည့် ခွင့်ပြုချက်မှ တောင်းနေမှာမဟုတ်ဘဲ စက်ရုံမှ
စထုတ်သကဲ့သို့ Phone ကို Format ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အထက်တွင် ဖော်ပြခဲ့သာ Code များကို အသုံးပြုပြီး
စာချစ်သူများအနေဖြင့် မိမိတို့၏ ဖုန်းများကို အလွယ်တကူ စစ်ဆေးကြည့်ရူ့နိုင်ပါကြောင်း
ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
15-1-2016
စီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
Samsung Android များ၏ သင်မသိသေးသော အချက်များ
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:08 PM
Rating:














No comments: