Facebook နှင့် Tor တို့ပူးပေါင်းသည့် Privacy ဆိုင်ရာ ပထမခြေလှမ်း



User တွေကို စောင့်ကြည့်ထောက်လှမ်းမှုကနေ ကာကွယ်ပေးနိုင်တဲ့ အပြင် Anonymity Network တစ်ခုအားဖြင့် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Tor အကြောင်းကို သိပြီးသားဖြစ်ကြမှာပါ။ Tor Network ကိုဆက်သွယ်ပြီးသွားရင် သင်၏ Privacy နှင့် လုံခြုံရေးကို အကာအကွယ်ပေးဖို့အတွက် သင့်လမ်းကြောင်းဟာ စေတနာ့ဝန်ထမ်းအဖြစ် အသုံးချခံနေရတဲ့ ကွန်ပျူတာများမှ တဆင့် ကမ္ဘာအနှံ့ကို ဖြန့်ကျက်သွားပါတယ်။ လမ်းကြောင်းစနစ်ကိုလည်း Encryption နည်းလမ်းဖြင့် အသုံးပြုထားသည့် အတွက်ကြောင့် လုံခြုံမှု စိတ်ချရပါတယ်။ သင့်ရဲ့ IP Address ကို ဖုံးအုပ်ပေးထားလို့ ဘယ်သူဘယ်ဝါမှန်းလည်း မသိနိုင်ပါဘူး ဒါကြောင့် ဟက်ကာတွေက Pentesting သို့မဟုတ် Hacking ပြုလုပ်နေချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိအောင် ဖုံးကွယ်ဖို့အတွက်လည်း Tor ကို အသုံးပြုကြပါတယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ Facebook သည် Tor နှင့် ပူးပေါင်းပြီး ဆက်သွယ်မှုစနစ်တစ်ခု တည်ဆောက်လိုက်ပါပြီ။ Special URL အနေဖြင့် https://facebookcorewwwi.onion ကိုဖန်တီးလိုက်ပါပြီအဆိုပါ URL ကို Tor Browser မှတဆင့်သာ ၀င်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၃ မှာကတည်းက Facebook သည် Tor အသုံးပြုသူတွေ အဆင်ပြေစေမည့် နည်းလမ်းများကို ရှာပေးပါ့မယ်လို့ အာမခံထားခြင်း ရှိခဲ့ပါတယ်။ ၂ နှစ်အတွင်း အခုလိုဆောင်ရွက်ပေးခြင်းသည် ကျေးဇူးတင်စရာကောင်းသော ကိစ္စတစ်ခုဖြစ်ပါတယ်။ သို့သော်  စတင်စမ်းသပ်နေဆဲကာလ ဖြစ်သည့်အတွက်ကြောင့် Website Security ပိုင်းမှာ စိုးရိမ်စရာလေးတွေတော့ ရှိနေနိင်ပြီး ပြုပြင်မှုတွေလုပ်ဖို့ အသင့်ပြင်ထားကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး Facebook Security  အဖွဲ့ဝင် Software Engineering တစ်ယောက် ဖြစ်တဲ့ #Alec Muffett က သူ့ Blog မှာအောက်ပါအတိုင်း ရေးသားထားပါတယ်

“Tor Special URL ကိုအသုံးပြုမယ်ဆိုရင် Tor Cloud မှာအသုံးပြုနေတဲ့ ကုဒ်ဝှက်နည်းပညာ (Cryptographic) အတိုင်းပဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါ့မယ်။ သင့်ရဲ့ Tor Browser မှ Facebook Datacenter ထိ (End to End Communication) စနစ်အားဖြင့် ချိတ်ဆက်နိုင်ပါ့မယ်”

ယခင်ကာလများတွင် Tor User များသည် Facebook ကို ခုလို ဝေဖန်မှုများ ရှိခဲ့ကြပါတယ်။ ကုမ္ပဏီတွေရဲ့ Security လုပ်ဆောင်ချက်တွေအရ Tor Browser မှတဆင့် Facebook သို့ ဝင်လိုက်တိုင်း  Botnet တစ်ခုအဖြစ် ထင်မှတ်ခြင်း ခံကြရပါတယ်။ သင်က အမေရိကန်ကနေ အကောင့်ကို သုံးနေတယ်လို့ထင်ရပေမယ်။ Tor ကြောင့် IP လိပ်စာ ပြောင်းလဲသွားကာ ခဏအကြာမှာတော့  ပြင်သစ်မှ အသုံးပြုနေတယ်လို့ ယူဆသည့်အတွက်ကြောင့်  Botnet များဖြင့် တိုက်ခိုက်ခံနေတယ်ဆိုပြီး Facebook မှ ထင်မြင်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် ယခင်တုန်းကတော့ Tor ဖြင့် Facebook သို့ ဝင်ရောက်လိုက်တိုင်း Font မမှန်ကန်ခြင်း တချို့သတင်းများတက်မလာခြင်း တခါတလေ သတင်းများ လုံးဝတက်မလာခြင်း စသည့်တို့ဖြစ်လေ့ရှိပါတယ်။ Account Lock ကျတာလည်းဖြစ်တတ်ပါတယ်

Facebook ကို Tor နှင့် တွဲဖက်ပြီး Android အတွက်လည်းအသုံးပြုနိုင်ပါပြီ။ အသုံးပြုချင်တယ်ဆိုရင်တော့
၁။ နောက်ဆုံးထွက်သည့် Tor Support ပေးသော  Facebook Version  ကိုအသုံးပြုရပါ့မယ်။
၂။ Orbot Software (https://play.google.com/store/apps/details?id=org.torproject.android) ကို Install လုပ်ပြီး Run ပေးရပါ့မယ်။
၃။ Facebook App ထဲက Setting ထဲမှာ “Use Tor Over Orbot” Menu ကိုရွေးချယ်ပြီးရင်တော့ Tor Facebook ကိုအသုံးပြုနိုင်ပါပြီ။

အခုလိုလုပ်ဆောင်လိုက်ခြင်းသည် Social Network တစ်ခု၏ သမိုင်းတွင်တဲ့ လုပ်ရပ်တစ်ခုဖြစ်လာပါတယ်။ သို့သော်  Tor Facebook ကို သုံးမယ်ဆိုရင်တော့ အကောင့်အစစ် (Real Name & Information) ဖြင့်သာ အသုံးပြုမှ ရပါမယ်လို့ Facebook မှ ဆိုထားပါသေးတယ်။ ဒီလိုဆိုရင် Tor ၏ မူရင်းရည်ရွယ်ချက်အတိုင်း အမည်ဝှက် (Anonymity) ဖြင့် အသုံးပြုနိုင်ရမည် ဆိုတာကို သွေဖီရာ မရောက်ပေဘူးလား? အဆိုပါမေးခွန်းအတွက် Facebook ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

26-1-2016
သတင်းစီစဉ် တင်ဆက်သူ : Friday (MEHN Team)
Facebook နှင့် Tor တို့ပူးပေါင်းသည့် Privacy ဆိုင်ရာ ပထမခြေလှမ်း Facebook နှင့် Tor တို့ပူးပေါင်းသည့် Privacy ဆိုင်ရာ ပထမခြေလှမ်း Reviewed by Myanmar Ethical Hacking News on 9:17 PM Rating: 5

No comments:

MEHN Team. Powered by Blogger.